Internet ကမရှိမဖြစ်သုံးလာရတဲ့ဒီနေ့ ခေတ်မှာ Laptop တွေ...Desktop computer တွေအတွက်ကို cyber criminal တွေကနည်းလမ်းအမျိုးမျိုးနဲ့ နှောင့်ယှက်ဖျက်ဆီးဖို့ ကြိုးစားလာနေကြပါတယ်...ဒီ KRAB ဆိုတဲ့ကောင်ကတော်တော်ဆိုးပါတယ်...သင့်စက်ထဲမှာသင်အနှစ်နှစ်အလလကသိမ်းဆည်းထားတဲ့ data တွေကိုညှာတာမှုကင်းမဲ့စွာနဲ့ ဖျက်ဆီးပါလိမ့်မယ်....
Virus Infection --- ကူးစက်ပျံ့ ပွားပုံ
အဓိက၀င်ရောက်တဲ့နည်းလမ်းကတော့အင်တာနက်ဖြစ်ပါတယ်...ကြော်ငြာ Pop-up တွေ...မက်လုံးပေးထားတဲ့ email တွေကနေတစ်ဆင့်ဝင်ရောက်တတ်ပါတယ်..နောက်တစ်ခုက vpn တွေနဲ့ သုံးတယ်ဆိုရင် ကိုယ်သုံးနေတဲ့ vpn တွေက trust party မဟုတ်တဲ့ဟာတွေဆိုရင် ၀င်တတ်ပါတယ်....
ဝင်သွားပြီဆိုရင်အဲဒီကောင်က windows system registry ထဲမှာခိုကပ်နေပြီးတော့ windows files တွေ ဖွဲ့ စည်းပုံအတိုင်း KRAB-Encrypt.txt ဆိုတဲ့ file တစ်ခုဆောက်ပါတယ်...အဲဒီ file ထဲမှာ tor browser ထဲကိုသွားပါ...ပြီးရင်ဘယ် Link ကိုဝင်ပါဆိုပြီးလုပ်ပါလိမ့်မယ်...
ပြီးရင်သူ encrypt လုပ်ထားတဲ့ key - cipher key ကိုပြထားပါလိမ့်မယ်...
အဲဒီ file ကအမှန်တော့ သင့် file တွေကို *.KRAB အဖြစ် encrypt လုပ်ထားလိုက်ပြီ...ပြန်ဖြည်ချင်ရင်ငွေ ပေးပါဆိုပြီးတောင်းတဲ့ဟာပါ... antivirus တွေက မျက်စေ့လည်ပြီး *.KRAB file တွေအဖြစ်နဲ့  directory တွေထဲမှာလိုက်ပွားသွားတာပါ....နောက်ကြာလာရင် original file တွေပျက်ပြီး *.KRAB တွေချည်းပဲကျန်ကုန်တော့မှာမို့ လို ...အမြန်ဆုံးသိပြီး တားဆီးနိုင်ဖို့ အရေးကြီးပါတယ်...
အနီရောင်လေးတွေနဲ့ ဝိုင်းပြထားပါတယ်....အဲဒီကောင်တွေကိုအချိန်မီမြန်မြန်နဲ့ တားဆီးနိုင်ဖို့ လိုတယ်..မဟုတ်ရင် data တွေကုန်သွားနိုင်ပါတယ်....
အထိရောက်ဆုံးကာကွယ်နည်းကတော့
1. ကိုယ့် စက်က Antivirus ကို Virus Definition update အမြဲတမ်းလုပ်ပါ...
2. Crack လုပ်ရတဲ့ Apps တွေ...software တွေကိုဖြစ်နိုင်ရင်မသုံးပါနဲ့ ...
3. ကြော်ငြာ click တွေစွတ်မနှိပ်မိပါနဲ့ ...
4. ကိုယ်လုံးဝမသိတဲ့သူဆီက email တွေ...link တွေကိုမဖွင့်မိပါစေနဲ့ ...
5. ပုံမှန်မဟုတ်တဲ့ file တွေရှိနေပြီဆိုရင် အဲဒီစက်ကို network ဖြုတ်ပါ
6. တကယ်လို့ အများနဲ့ shared သုံးထားတဲ့ Network drive တွေကိုဖြုတ်ပစ်ပါ...
7. ကိုယ့်စက်နဲ့ shared တွေကိုပုံမှန် backup လုပ်ထားပါ
ဒီအချက် ၇ ခု အပြင်သင်ကသင့်စက်တွေ...သင့် network တွေထဲမှာမလိုအပ်ပဲ run နေတဲ့ စက်တွေ...မလိုအပ်ပဲဖွင့်ထားတဲ့ share တွေကိုပိတ်ပစ်ပါ....ဒါဆိုရင်တော့သင့်အတွက်ကို အတော့်ကိုလုံခြုံစိတ်ချရပါပြီ
အားလုံးပဲပညာဗဟုသုတကြွယ်ဝတိုးတက်ကြပါစေ
လေးစားစွာဖြင့်
PhyoSithu
EC-Council CEH 
Cloud Security Administrator ( Symantec)  
Network Security Associate ( Fortinet) 


No comments:
Post a Comment