အဲဒီခေတ်ကိုမှီတဲ့သူတိုင်းရဲ့ လက်ထဲမှာဒါလေးတွေရှိတတ်ကြပါတယ်....
အဲဒီစာရေးရမယ့်အကွက်လေးထဲမှာ စာသားလေးတွေရေးထည့်ပြီးတော့ Lotus တို့ ... windows 98 တို့ ..window 95 တို့ ရေးလေ့ရှိကြပါတယ်....floppy တွေ..CD တွေဟာ ကျွန်တော်တို့ ခေတ်ရဲ့ လက်နက်ကိရိယာတွေပါပဲ...
ခုချိန်ထိမှတ်မိပါသေးတယ်...floppy တွေကို storage အနေနဲ့ ကိုယ်လုပ်ခဲ့တဲ့အလုပ်တွေကိုသိမ်းတာ...သင်တန်းက floppy တစ်ချပ်ထုတ်ပေးပြီး အဲဒီ floppy လေးတစ်ကိုင်ကိုင်.မြောက်ကြွမြောက်ကြွ ( လူငယ်ဆိုတော့ ကွန်ပျူတာဆိုကလည်း နေရာတိုင်း...အိမ်တိုင်းမှာရှိတာမှမဟုတ်တာလေ)
KMD ကိုရော...Informatics ကိုရောကျေးဇူးတင်ပါတယ်...ကျွန်တော့်ကိုသိသင့်သိထိုက်တာတွေအကုန်လုံး ကိုစေ့စေ့ငှငှသင်ပေးခဲ့တဲ့အတွက် IT လောကမှာရပ်တည်နိုင်ခဲ့တာပါ...အဲဒီခေတ်တုန်းက CLI တွေမှမသိ ရင် ဘာမှမလုပ်လို့ ရမပါ....တစ်ချို့ သော software တွေက CLI နဲ့ လုပ်ရတာတွေ...Microsoft DOS နဲ့  လုပ်ရတာတွေဖြစ်တဲ့အတွက် CLI တွေကိုမှမသိရင်အလုပ်မဖြစ်ပါဘူးလေ...
ကံကောင်းတာက windows 98 ကနေစပြီးတော့ GUI နဲ့ လုပ်နိုင်တဲ့ software တွေ...games တွေရှိလာ တဲ့အတွက်ကြောင့်ပါပဲ..ဒါပေမယ့် CLI ကိုသုံးထားတာဖြစ်သေးတဲ့အတွက် both CLI & GUI သုံးနိုင်တဲ့ OS တစ်ခုပါပဲ...windows 95 မှာကတော့ CLI တွေချည်းပဲ 80% လောက်ထိသုံးရပါတယ်...
windows 98 ကို installation လုပ်တော့မယ်
windows 98 bootable CD သုံးပါမယ်... ( floppy သုံးချင်တယ်ဆိုလည်းရတယ်နော်...စိတ်မဆိုးဘူး)
ပြီးရင် CD နဲ့  boot တက်ပါလေ...
ကဲ...boot menu ကရွေးခိုင်းနေပြီ ( ကျွန်တော်တို့ ရဲ့ HDD မှာကဘာမှမတင်ရသေးလို့ ..ဘာမှမရှိဘူး..) ဒီတော့ Boot from CD-ROM ပဲပေါ့
ဒုတိယ menu ထပ်ရွေးပေးရပါဦးမယ်...ဒီမှာလည်း CD-ROM support ထဲထပ်ရွေးမယ်ဗျာ..
လိုအပ်တဲ့ device driver တွေကို detect လုပ်နေပါပြီ....ပြီးရင်သင့်ကို A-prompt ထဲကိုခေါ်သွားပါပြီ
အဲဒီမှာ fdisk ဆိုပြီးရိုက်လိုက်ပါတယ်...partition setup လုပ်ဖို့ အတွက် ကျွန်တော်တို့ က fdisk ကိုသုံးပါတယ်
ကျွန်တော်ထည့်ထားတဲ့ harddisk က 512 Mb ထက်ကိုကျော်နေတဲ့အတွက် large disk support enable လုပ်/မလုပ်မေးတာပါ...လုပ်မယ့်ပေါ့...[Y]
ကဲ...လာပါပြီလေ... fdisk နဲ့ partition ပိုင်းဖို့ အတွက် option တွေပါ....microsoft က support ပေးထားတဲ့ ခုနှစ်တွေရယ်.... Fixed Disk Setup Program ဆိုတာရယ်... အောက်ဆုံးက Warning မှာ partition ကို active မလုပ်ထားဘူးဆိုရင် disk 1 က startable မဖြစ်နိုင်ဘူးဆိုတာကိုတွေ့ ရမှာပါ
ဒီတော့ partition ကိုဖျက်မယ်..ပြီးတော့ active လုပ်မယ်...လောလောဆယ်...ဘာရှိလဲအရင်ကြည့်မယ်
ကြည့်လိုက်တော့...ကျွန်တော်က 8GB HDD တပ်ထားတယ်....Partition ပိုင်းဖို့ အတွက်အရင်ဆုံး detect သိတဲ့ main partition ကို active လုပ်ပါမယ်...[1] လုပ်လိုက်တယ်...
ကဲ...ရှိနေတာက 8189 MB ဆိုတော့ 8 GB HDD ပေါ့ဗျာ..... create a Primary DOS partition မှာ default က[8189] ဖြစ်နေမယ်..ကျွန်တော်တို့က 8 GB လုံးသုံးမှာမဟုတ်တဲ့အတွက်အဲဒီ value ကိုဖျက်ပြီး ကိုယ်လိုသလောက် partition ပိုင်းမယ်ဗျာ.
ကဲ...4048 MB ဆိုတော့ 4GB partition ပိုင်းယူလိုက်ပြီ....
ပိုင်းယူလိုက်တဲ့ 4GB partition ကို partition active ဖြစ်အောင်လုပ်လိုက်ပါတယ်...
D-prompt ထဲကိုသွားပါ...ပြီးတော့ setup.exe လုပ်လိုက်ပါတယ်..... Enter နှိပ်လိုက်ရင် restart ကျမယ်
reboot ကပြန်တက်လာရင် boot with CD-ROM နဲ့ ပဲသွားပါ ....အဲဒါဆိုရင်ဒီလိုလေးပေါ်လာပါလိမ့်မယ်
Enter ပဲနှိပ်လိုက်ပါတယ်...
ကဲ...windows တင်မယ့် C drive ကို format မရိုက်ရသေးဘူးတဲ့...Enter နှိပ်ရင် format ရိုက်မှာနော် Enter ပဲပေါ့
ကဲ...format ရိုက်နေပါပြီလေ...ပြီးရင် windows တင်တော့မလားမေးပါပြီ....
တင်မယ်ပေါ့ဗျာ... Enter ပဲလေ...
ကဲ...လုပ်နေပြီနော်...media descriptor လို့ ခေါ်တဲ့ boot တက်တဲ့ media တွေကိုစစ်...File Allocation Table လို့ ခေါ်တဲ့ ( FAT) file system နဲ့  windows ကိုသုံးမယ်...Directory structure တွေ..file system တွေ...free space တွေ...surface scan တွေစစ်ပြီး restart တစ်ခေါက်ကျပါလိမ့်မယ်...
Restart ကပြန်တက်လာရင် ဒီလိုလေးမြင်နေရပါပြီ
ကဲ....နောက်ပိုင်း တွေကတော့ GUI နဲ့ ပဲဆက်လုပ်ကြရတော့မယ်....
ကဲ...next ပေါ့
ကဲ...next ...next နဲ့ ဆက်သွားလိုက်တာ.....serial key တောင်ထည့်ရပြီ
နောက်ပြီးတော့ time zone ချိန်းပေးပေါ့....
ကဲ...ဆက်သွားလိုက်ပါဦးမယ်....
ကဲ...အဲဒါတွေပြီးသွားရင်တော့ windows 98 တက်လာပါပြီ...
ကဲ..ဒါဆိုရင်တော့ windows 98 installation လုပ်တာအဆင့်ဆင့်လေးပါပဲ...နောက်တခေါက်ကျတော့မှပဲ windows 98 administration and operation ကိုဆက်ရေးပါဦးမယ်...အားလုံးပဲ..ပညာဗဟုသုတကြွယ်ဝတိုးတက်ကြပါစေ...
လေးစားစွာဖြင့်
Phyo Sithu
Red Hat Certified System Administrator (RHCSA) 







































No comments:
Post a Comment