BIOS ကို CMOS ဆိုတဲ့ Complementary MetalOxide Semiconductor ဆိုတဲ့ ROM လေးကထိန်းချုပ်ထားပါတယ်...BIOS ကိုသုံးလာတာကြာတဲ့အချိန်...hardware devices တွေကအဆင့်မြင့်လာ ( fast bus speed တွေဖြစ်လာ...I/O read/write လုပ်ရတာအဆင်မပြေဖြစ်လာ....) တဲ့အချိန်မှာ အသုံးပြုရတာအဆင်မပြေတွေဖြစ်လာပါတယ်
ဥပမာ...keyboard detect မသိတာတို့ .....network NIC နဲ့ ပတ်သက်ပြီး features update လုပ်တာတို့ ...နောက် Intel Chipset တွေသုံးတဲ့ motherboard တွေမှာ Manage Engine လို့ ခေါ်တဲ့ I/O manage Engine ကို version update လုပ်တာတို့ ...အဲဒီလိုမျိုး hardware နဲ့ ပတ်သက်ပြီး vendors တွေ( dell, asus, MSI, gigabytes,....) က support လုပ်ပေးတဲ့ service တွေဖြစ်ပါတယ်..
![]()  | 
| တစ်ချိန်တုန်းက Floppy နဲ့ လုပ်ရတဲ့ BIOS update | 
!!!မှတ်ချက်!!!
BIOS update လုပ်ခြင်းသည် ကိုယ့် computer system တွင် active power & backup power လုံလောက်စွာရှိနေရပါမယ်....BIOS update လုပ်နေတုန်း မီးပျက်သွားလို့ UPS က backup power မရှိခြင်းများဖြစ်ပါ BIOS crash ဖြစ်တတ်ပါတယ်...
BIOS update လုပ်သင့်ပြီဆိုတာကို vendors တွေကထုတ်ပြန်ပေးပါတယ်...vendors တွေမှာလည်း Researcher တွေရှိပါတယ်...( အဲဒီ researcher တွေက ဘယ် hardware နဲ့ ဘယ် OS မှာဘယ်လို error တွေအတွက် ဘာတွေလုပ်သင့်ဖြစ်သင့်တယ်ဆိုတာတွေကို ထုတ်ပြန်ပေးပါတယ်...)
ဥပမာ...ကျွန်တော်တို့ WannaCry ransomeware အတွက်တုန်းက microsoft က security patches တွေထုတ်ပေးတယ်...Linux ကလည်း kernel patches တွေထုတ်ပေးတယ်....သက်ဆိုင်ရာ Hardware Company တွေက ( Dell, ASUS, MSI, Gigabytes,...) တွေကလည်း BIOS update အသစ်တွေထုတ်ပေးတယ်လေ
ခုနောက်ပိုင်းတော့ ကျွန်တော်တို့ အတွက်ကို သိပ်ကိုအဆင်ပြေတဲ့ solution ကို hardware vendor တွေထုတ်ပေးတယ်...ကျွန်တော်က Dell ကိုသုံးတော့ dell က support assistant ဆိုတဲ့ဟာလေးရှိတယ်..တခြား vendor တွေမှာလည်းအဲဒီလိုဟာမျိုးလေးတွေရှိတယ်ဗျ....
ကျွန်တော့် motherboard အတွက် System BIOs က A15 version ကနေ A16 Version ကိုမြှင်ပါ့မယ်...version A16 မှာဘာတွေပိုပြီး enhance ဖြစ်လာမလဲဆိုတော့ ပုံမှာပြထားတဲ့အတိုင်းပဲပေါ့...
ကဲ...ကျွန်တော်က support assistant က bios update file ကိုဆွဲတယ်...install လုပ်ဖို့ အတွက် warning message လေးကိုမြင်တယ်နော်....BIOS update လုပ်နေတုန်း power interrupt ဖြစ်သွားရင် system unstable ဖြစ်သွားမယ်တဲ့....နောက် system က restart ကျမယ်တဲ့......လုပ်မယ်ဆိုရင် OK နှိပ်လိုက်ပါမယ်....installation လုပ်သွားပါမယ်....reboot ကျသွားပါမယ်... ( power ကိုလုံးဝလုံးဝ ပြတ်တောက်လို့ မရပါ)
ပြီးသွားရင် system ပြန်တက်လာပီးတော့ သင့် PC ဟာ BIOS version အသစ်နဲ့ အသုံးပြုလို့ ရသွားပါပြီ.
ကျွန်တော်တို့ ခေတ်တုန်းက motherboard ကို floppy နဲ့ တက်ပြီး command တွေရိုက်ပြီး update လုပ်ရပါတယ်...ခုခေတ်ကျတော့ OS ပေါ်ကနေတစ်ခါတည်း bios update file ဆွဲပြီးလုပ်လိုက်ရုံပါပဲလေ....ခက်ရာခက်ဆစ် command တွေရိုက်စရာမလိုတော့ပါဘူး....
အားလုံး ပညာဗဟုသုတကြွယ်ဝတိုးတက်ကြပါစေ...
လေးစားစွာဖြင့်
PhyoSithu 



No comments:
Post a Comment