Saturday, December 22, 2018

web application တွေဘယ်လိုအလုပ်လုပ်သလဲ

ကျွန်တော်တို့ ကိုယ်တိုင်လည်း web application လေးတစ်ခုတည်ဆောက်ကြမယ်...ရိုးရိုးလေးပါပဲ...web site ကနေထည့်သမျှ data တွေဟာ backend မှာရှိတဲ့ database ထဲမှာသွားသိမ်းမယ်....user အနေနဲ့ က data entry ပဲလုပ်ရုံပါပဲ...သူထည့်သမျှ data အားလုံးကိုကျွန်တော်တို့ ကကျွန်တော်တို့ ရဲ့ database မှာသိမ်းမယ်..


ကျွန်တော်တို့ရဲ့ process flow ကဒီလိုလေးဖြစ်သွားလိမ့်မယ်ဗျ....


ကျွန်တော့်ရဲ့ database ထဲမှာ tutorial databse > person ဆိုတဲ့ table ထဲမှာ record သုံးခုရှိတယ်....kokophyo ဆိုတာရယ်...naing win ရယ်...chit win ရယ်...သုံးခုစာရှိပါမယ်...

ကျွန်တော့်ရဲ့ web application လေးကိုကြည့်ပါမယ်..

ကဲ...အဲဒီ form ထဲမှာ Name ရယ်... Email ရယ်..ထည့်ပြီး Insert လုပ်လိုက်ရင် record တွေဝင်ပါပြီ...

ပြီးတော့ Insert နှိပ်လိုက်ပါမယ်...


ကဲ...နောက်တစ်ခုထပ်ထည့်ပါမယ်...


ကဲ...အဲဒီ record နှစ်ခုထည့်ပြီးတဲ့အခါကျွန်တော်တို့ ရဲ့ database ထဲမှာခုနကကျွန်တော်တို့ အသစ်ထည့် လိုက်တဲ့ data တွေရှိမရှိစစ်ကြည့်ပါမယ်...


ကဲ...ဒါဆိုရင် ကျွန်တော်တို့အသစ်ထည့်လိုက်တဲ့ record နှစ်ခုဟာ database ထဲကိုရောက်သွားပါပြီ....


web application တော်တော်များမာျးဟာဒီလိုမျိုး front end နဲ့ back end ပေါင်းပြီးအလုပ်လုပ်ကြပါတယ်...front end ကတော့ user ကိုပေးသုံးမယ့်အပိုင်းပေါ့....ကျွန်တော်က web ပေါ်ကနေ data entry လုပ်ဖို့ user ကို right ပေးထားပါတယ်...ဒါက front end ပေါ့....user input လုပ်သမျှ data တွေအကုန်လုံးက database ထဲရောက်ရင် ကျွန်တော်တို့ က database ကို manage လုပ်ရပါမယ်...ဒါက back end ပေါ့


ဒီလိုပုံစံမျိုးတော်တော်များကို time-card attendance software တို့....finger print access တို့ ...မှာသုံး ကြပါတယ်....ကျွန်တော်က sample လုပ်ထားတာမို့ လို့ name နဲ့ email နှစ်ခုထဲပဲထားတာပါ...တကယ်လို့ ဒီနေရာမှာ login username, login time, logout time တို့ အတွက် record တွေထားထားပြီး finger print device နဲ့ တွဲလိုက်ရင် အဲဒီ database က data တွေကို ကျွန်တော်တို့ က employee attendance record အနေနဲ့ သိမ်းထားနိုင်ပါပြီ...လအလိုက်...နှစ်အလိုက်....ကိုယ့်ဘာသာ backup ထုတ်ပြီးယူထားပေတော့....


အားလုံးပဲပညာဗဟုသုတကြွယ်ဝတိုးတက်ကြပါစေဗျာ....

Best Regards,
Phyo Sithu




No comments:

ping script ေလးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...