ကျွန်တော်တို့ ကိုယ်တိုင်လည်းအရင်တုန်းကခဏခဏကြုံခဲ့ဖူးပါတယ်...web administration ပိုင်းတွေမှာ security သည် ongoing process ပါပဲ.....ဘာဖြစ်လို့ လဲဆိုတော့ security ပိုင်းဆိုင်ရာ patches အသစ် တွေကိုခဏခဏထုတ်ထုတ်ပေးနေရတာကိုပဲကြည့်တော့ဗျာ...
ပြီးခဲ့တဲ့ 2018 တုန်းကဆိုရင် WannaCry တို့ လိုမျိုး security vulnerable တွေအတွက်ကြောင့် Microsoft က OS ပိုင်းဆိုင်ရာ security patches အသစ်တွေထုတ်ပေးခဲ့ကြရပါတယ်...ဒီလိုပဲ web ပိုင်းအတွက် ကိုလည်း patch အသစ်တွေ...web platform upgrades တွေလည်းထုတ်ပေးနေကြရတာ အားလုံး အသိပါပဲ...web admin တစ်ယောက်ကဒါတွေအကုန်လုံးကိုအမြဲတမ်းလေ့လာပြီး ကိုယ် တာဝန်ယူ ထားရတဲ့ production web platform အတွက်အမြဲတမ်းလုပ်ပေးနေရပါမယ်...
ဆိုကြပါစို့ ...ကျွန်တော့် network ထဲမှာ 192.168.58.165 ဆိုတဲ့ web server တစ်လုံးရှိပါမယ်...အဲဒီ server မှာ
username နဲ့ password ရိုက်ထည့်မှ web ထဲကို access ပေးပါမယ်.....ဒီနေရာတွေမှာ web admin တွေကပေးထားတဲ့ တရားဝင် credentials ( username & password) တွေမဟုတ်ပဲနဲ့ ....မဟုတ်က ဟုတ်ကအချက်အလက်တွေ malicious data တွေထည့်ပြီး cyber criminal တွေက web server တွေကို attack လုပ်တတ်ကြပါတယ်.....
တစ်ခါတစ်လေ...ဒီ login ကနေ security leak ဖြစ်ပြီး website ကြီးတစ်ခုလုံးပွင့်သွားတာမျိုး....နောက် cyber criminal တွေတင်ထားတဲ့ malicious webpage ( deface လုပ်သွားကြတာ)...မျိုးတွေ...နောက် web directory ထဲမှာရှိသမျှ data တွေအကုန်သမသွားတာတွေလုပ်တတ်ကြတာကြောင့်ဒီလိုမျိုး...input လုပ်ပြီး authenticate လုပ်ရတဲ့အပိုင်းမှာ security သည်အရေးကြီးပါတယ်...
မှတ်ချက်....login page များသာမက...comment box များ......ကုန်ကုန်ပြောရရင် user input လုပ်ရတဲ့ input area on website သည် security ပိုင်းအရ danger ဖြစ်နိုင်သောအပိုင်းများပါ...
ကျွန်တော်က security မြှင့်ထားလိုက်တဲ့အခါကျတော့....username မှာပေါက်ကရလာထည့်ပြီး attack လာလုပ်တဲ့အခါမှာတော့...
ကဲ...backup ဆိုတဲ့အခြား server ကနေ ပေါက်ကရ data တွေနဲ့ ထပ်လုပ်ကြည့်ဦးမယ်....
ကဲ...ဒီတော့ swerver ဘက်ကနေ..error code 403 နဲ့ forbidden လုပ်ထည့်လိုက်ပါတယ်...နေဦး...web server ဘက်အခြမ်းမှာ သွားစစ်ကြည့်မယ်ဗျာ
ကဲ...ဟိုဘက်က ပေါက်ကရ data တွေထည့်ပြီး attack လုပ်တဲ့ user ရဲ့ IP, Port တွေ...user သုံးတဲ့ broswer တွေ...attack လုပ်သွားတဲ့ data တွေအကုန်လုံးကျလာရော....Message ကတော့တွေ့ တယ် နော်...Server ကနေ Access Denied လုပ်လိုက်တာ....
နောက်ထပ်လည်းအသေးစိတ်ထပ်ရေးပါဦးမယ်...အားလုံးပဲပညာဗဟုသုတကြွယ်ဝတိုးတက်ကြပါစေ...ဗျာ...
လေးစားစွာဖြင့်
PhyoSithu
B.Sc ( Physics)
EC-Council CEH
Red Hat - RHCSA
Cisco- CCNA 
Symantec Cloud Administrator 
Fortigate NSE Security Associate 




No comments:
Post a Comment