ကျွန်တော်တို့ဟာ စစဆုံး windows 10 ရဲ့ command prompt ကို administrator right နဲ့ run ပါ..ပြီးရင် winver ဆိုပြီးအောက်ကပုံအတိုင်းရိုက်ထည့်လိုက်ပါ
အဲဒီမှာ ကျွန်တော်တို့ဟာ windows 10 Version 1903 ( OS Build xxxxx.xxxx) ဆိုပြီးတွေ့ရပါလိမ့်မယ်..အဲဒါဆိုရင် ကျွန်တောတို့ရဲ့ windows 10 က 3rd month (march)-2019 လက ထုတ်ပေးထားတဲ့ windows 10 version ကိုအသုံးပြုနေတာပါ....
Microsoft ကနေ နောက်ဆုံးတရား၀င် ထုတ်ပြန်ထားတဲ့ version က Windows 10 Version 1909 ( 2019-9th month (November) update) ဖြစ်ပါတယ်...Windows 10 1909 ကို ISO အနေနဲ့ကော ..update patch အနေနဲ့ကောရယူနိုင်ပါတယ်....
တကယ်လို့ကျွန်တော်တို့က winver ရိုက်လိုက်လို့ မြင်ရမယ့် version က windows 10 version 170x (OS Build xxxx.xxx) တို့..... windows 10 version 180x (OS Build xxxx.xxxx) တို့ ဖြစ်နေခဲ့မယ်ဆိုရင် ...သင်ဟာ 2017 တို့...2018 တို့က ထုတ်ထားတဲ့ update version ကိုသုံးနေတာပါ.....အဲဒီ version တွေက 2020 ဖြစ်လာတဲ့ဒီနေ့အတွက်တော့ security ပိုင်းအရ out-of-date ဖြစ်နေပါပြီ..
ဒီတော့သင်ဟာ windows 10 version 1903 ဖြစ်ဖြစ် 1909 ကိုဖြစ်ဖြစ်ပြောင်းလဲအသုံးပြုသင့်နေပါပြီ...... ကိုယ်သုံးနေတဲ့ windows version ကိုကိုယ်တိုင်သိနိုင်ကြပါစေ
လေးစားစွာဖြင့် 
Phyo Sithu 

No comments:
Post a Comment