အရင်ဆုံး winver နဲ့ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ windows 10 က version 1903 ဖြစ်မ ဖြစ်အရင်စစ်ကြည့်ပါ( 170x တို့... 180x တို့ ဆိုတဲ့ version တွေဆိုရင် လုပ်လို့မရပါ)
ပြီးရင် ကျွန်တော်တို့ဟာ update လုပ်မယ့် cab file ( cabinent file) တွေကို 1,2,3,4 အတိုင်း C: အောက် ( windows တင်ထားတဲ့ partition မှာ) directory လေးဆောက်ထားပါမယ်...C:\cab ဆိုပြီးကျွန်တော်က folder လေးဆောက်ထားပါတယ်...folder ထဲမှာ 1,2,3,4 ဆိုတဲ့ cab file ၄ ဖိုင်ရှိပါမယ်...
ကဲ...ပြီးသွားပြီဆိုရင် command prompt ကို admin right နဲ့ run ပါ...ပြီးရင် DISM ဆိုတဲ့ Deployment Image Service Managment ဆိုတဲ့ tools လေးနဲ့ ခုနတုန်းက ကျွန်တော်တို့ ဆောက်ထားခဲ့တဲ့ C:\cab ထဲက file 1 ကို run လိုက်ပါတယ်...(နောက်တော့မှ DISM အသုံးပြုပုံလေးကိုထပ်ရေးပါမယ်)
ကျွန်တော်တို့က 1903 မှာလိုအပ်တဲ့ package တွေကို cab file က နေယူထည့်တာဖြစ်လို့ ဒီ command ကိုသုံးတာပါ....ကျွန်တော်တို့က cab file 1 ကို run ပေမယ့်သူက တစ်ခုပြီးတစ်ခု run သွားပါလိမ့်မယ်
ကဲ...cab file လေးခုလုံး run ပြီးသွားတဲ့အခါမှာ update file တွေကို install လုပ်ဖို့အတွက် restart လုပ်ဖို့လိုပါမယ်...Yes နှိပ်ပြီး restart ချပါမယ်.....windows update screen ကြီးတက်လာပြီး update တွေ လုပ်နေပါမယ်...
restart က နေစက်ပြန်တက်လာတဲ့အခါ ကျွန်တော်တို့ဟာ comand prompt ကနေ winver ပြန်စစ် ကြည့် ပါတယ်...
ကဲ..ကျွန်တော်တို့ဟာ အောင်မြင်စွာနဲ့ပဲ ၂၀၁၉ နို၀င်ဘာ update ဖြစ်တဲ့ windows 10 version 1909 ကို upgrade လုပ်နိုင်သွားပါပြီ...
windows 10 version 1909 ရဲ့ အားသာချက်တွေကိုအသေးစိတ်ကြည့်ချင်ရင်တော့ အောက်က link မှာ အသေးစိတ်ကြည့်နိုင်ပါတယ်
https://docs.microsoft.com/en-us/windows/whats-new/whats-new-windows-10-version-1909
အားလုံးပဲပညာဗဟုသုတကြွယ်၀တိုးတက်ကြပါစေ.. technical support နဲ့ပတ်သက်ပြီးအသေးစိတ်သိလိုပါ က phyosithu@itkophyo.tk (သို့) Facebook က TRC Technology Group ကိုတိုက်ရိုက် ဆက်သွယ်ပြီး အကူအညီရယူနိုင်ပါတယ်....
လေးစားစွာဖြင့်
Phyo Sithu 



No comments:
Post a Comment