Database ဆိုတဲ့ framework ထဲမှာ records တစ်ခုချင်းစီရှိပါတယ်....records တွေအများကြီးကို tables တွေနဲ့စုဖွဲ့ထားပါတယ်...tables အများကြီးကိုစုဖွဲ့ထားတဲ့ဟာကိုမှ database ဆိုပြီးသတ်မှတ်ပါတယ်....
ကဲ...မြင်လွယ်အောင်အောက်မှာကြည့်ပါ
ဒီပုံထဲမှာကျွန်တော်တို့ဟာ အရင်ဆုံးchinook.db ဆိုတဲ့ database ထဲကို၀င်ပါတယ်...အဲဒီ database ထဲမှာ tables တွေအများကြီးရှိပါတယ်....အဲဒီအထဲကမှ employees ဆိုတဲ့ tables ကို၀င်ကြည့်တဲ့အခါမှာတော့ employees data တွေကို records fields တွေအနေနဲ့ မြင်ရပါတယ်...
အခုကကျွန်တော်တို့က employees ဆိုတဲ့ tables အောက်က records တွေကိုဖတ်ကြည့်တာပါ...တကယ်လို့ ကျွန်တော်တို့က အ ခြား albums တို့...invoices တို့.. playlists တို့ဆိုတဲ့ tables တွေကိုသာ ၀င်ကြည့်မယ်ဆို ရင် ...( albums table အောက်မှာ albums နဲ့ဆိုင်တဲ့ records တွေပဲရှိပါမယ်....employee records တွေကို ကြည့်လို့ရမှာမဟုတ်ပါဘူး)
အဲဒီလိုပါပဲ...invoices ဆိုတဲ့ table ထဲမှာ invoices နဲ့သက်ဆိုင်တာတွေပဲရှိပါမယ်...employee records တွေ...album records တွေကိုကြည့်နိုင်မှာမဟုတ်ပါဘူး....စနစ်တကျစုစည်းဖွဲ့စည်းထားတာဖြစ်တဲ့အတွက် သူ့ဟာနဲ့သူသပ်သပ်ရပ်ရပ်စနစ်တကျရှိပါတယ်....
database structure တွေကိုကျွန်တော်တို့ဟာ backend ( System တစ်ခုခုရဲ့နောက်ကွယ်ကနေ run နေတဲ့ process) အဖြစ်သုံးကြပါတယ်....website တွေမှာဆိုရင်နောက်ကွယ်က databases တွေ run နေပါတယ်..CRM တို့လို...ERP တို့လို software တွေမှာလည်း database တွေကို backend အနေနဲ့သုံးကြပါ တယ်....door access card system တို့... CCTV တို့... Digital Exchange (IPO) တွေမှာလည်း backend အနေနဲ့ database တွေကိုသုံးတာဖြစ်တဲ့အတွက် သိထားသင့်တဲ့အ ကြောင်းအရာတစ်ခုပါ....
အခု post က database ဆိုတာဘာလဲဆိုတာကိုမိတ်ဆက်တာဖြစ်လို့ဒီလောက်ပါပဲ..နောက် post တွေမှာ database နဲ့ပတ်သက်တဲ့အ ကြောင်းအရာတွေကိုထပ်မံရေးသားပါမယ်...
အားလုံးပဲပညာဗဟုသုတ ကြွယ်၀တိုးတက်ကြပါစေ...
လေးစားစွာဖြင့်
Phyo Sithu

No comments:
Post a Comment