Wednesday, February 5, 2020

Windows installation with GPT

နည်းပညာတွေတိုးတက်ပြောင်းလဲလာတဲ့ခေတ်မှာ ကျွန်တော်တို့ဟာ GPT Partition Style ကိုမေ့ထားလို့မရ တော့ပါဘူး...ကျွန်တော်တို့ဟာ MBR ဆိုတဲ့ Partition Style အဟောင်းကနေ GPT ကို ပြောင်းလဲအသုံးပြု သင့်နေပါပြီ..ဘာကြောင့်ပြောင်းသုံးသင့်လဲဆိုတာသိချင်ရင်အောက်မှာဆက်လက်ဖတ်ရှုပါလေ



What is MBR?

MBR ဆိုတဲ့ Master Boot Recorder ဆိုတဲ့ Partition Style ဟာ 1980 ၀န်းကျင်က IBM DOS Computer တွေအတွက်စတင်ထုတ်ခဲ့တဲ့ Partition Style ဖြစ်ပါတယ်...DOS နဲ့သုံးရတဲ့ computer တွေအတွက်ရည်ရွယ် ပြီးထုတ်ခဲ့တာ(32-bit - i386 architecture တွေကိုရည်ရွယ်တာ..) ဆိုတော့ Partition Style ဟာ Primary Partition 4 ခုပဲပိုင်းလို့ရတယ်....

၄ ခုထက်ကိုပိုလိုချင်တယ်ဆိုရင် Primary 3 ပိုင်း...ကျန်တဲ့ primary ၁ ပိုင်းကိုမှ logical partitions တွေ အနေနဲ့ထပ်ပိုင်းနိုင်မယ်.... single Hard Disk တစ်လုံးဟာ MBR သုံးမယ်ဆိုရင် 2 TB HDD ပဲသုံးနိုင်မယ်

MBR ရဲ့ partition ပိုင်းဟာရှုပ်ထွေးပါတယ်...အများဆုံးမှ ၁၆ ပိုင်းထိပဲပိုင်းလို့ရပါတယ်.( logical တွေပါပါမှ)
UEFI -enable BIOS နဲ့ MBR partition style ဟာအလုပ်မလုပ်ပါ.....MBR ဟာ boot loader လည်းရွေးပါတယ်...နောက်ဆုံးတစ်ချက်ကတော့ MBR မှာ Boot Security မပါတာပါပဲ....

What is GPT?

GPT ဆိုတဲ့ Globally Unique Identifier ဆိုတဲ့ Partition Style ဟာခေတ်လိုအပ်ချက်နဲ့အညီ ဖြစ်လာခဲ့တဲ့ Partition Table Style တစ်ခုဖြစ်ပါတယ်...UEFI -enable BIOS တွေနဲ့တွဲဖက်အလုပ်လုပ်နိုင်သလို bootloader လည်းမရွေးပဲသုံးနိုင်ပါတယ်...Harddisk တစ်လုံးကို Partition တွေကို ၁၂၈ ပိုင်းအထိပိုင်းနိုင်သလို 2TB နဲ့အထက် Hard Disk တွေကိုသုံးလို့သင့်တော်ပါတယ်....

အကောင်းဆုံးအပိုင်းကတော့ Boot Security ပါတာပါပဲ...CRC 32 Checksum mechanism ( Partitions table header, disk beginning, backup GUID table....တွေအကုန်လုံးကိုစစ်ပါတယ်)....Partition table တွေ corrupt ဖြစ်နေတာတို့ကိုလည်းစစ်ပြီးပြုပြင်ပေးပါတယ်....secure ဖြစ်အောင် protective MBR ဆိုတဲ့အပိုင်းတစ်ပိုင်းပါပြီးတော့ MBR သုံးထားတဲ့ disk တွေ..device တွေနဲ့ backward compatible ဖြစ်စွာအသုံးပြုနိုင်ပါတယ်

GPT သုံးဖို့ဘာလိုမလဲ?

GPT သုံးဖို့အတွက် UEFI enable BIOS ပါတဲ့စက်ဖြစ်ရပါမယ်... ဒီနေ့ခေတ်မှာတော့ UEFI BIOS တွေကိုအများအပြားသုံးလာတာ ဖြစ်တဲ့အတွက်စက်တော်တော်များများမှာသုံးနိုင်ပါပြီ...

UEFI enable Bootable Device တစ်ခုခု ( CD ROM (or) USB Device) လိုပါမယ်....OS က တော့ကိုယ်ကြိုက်ရာ linux  ဖြစ်ဖြစ်....Mac OSX  ဖြစ်ဖြစ်...windows ဖြစ်ဖြစ်...သုံးလို့ရပါတယ်....

Boot တက်ပြီး windows install လုပ်တဲ့အချိန်ကျရင်
အဲလို GPT ဖြစ်ရပါမယ်...windows installation ကတော့ပုံမှန်အတိုင်းဆက်သွားပါမယ်

ကဲ...windows တက်သွားပါပြီ....ဒါဆိုရင် GPT ဖြစ်မဖြစ်စစ်ပါမယ်...

command line နဲ့ထပ်စစ်ပါမယ်...

ကဲ...ကျွန်တော့်စက်က Windows 10 ကို GPT partition နဲ့တင်ပြီးသွားပါပြီ....အားလုံးပဲပညာဗဟုသုတ ကြွယ်၀တိုးတက် ကြပါစေ


လေးစားစွာဖြင့်
Phyo Sithu

No comments:

ping script ေလးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...