Friday, February 14, 2020

အလွယ်တကူ Windows Update လုပ်ကြမယ်...

ပြီးခဲ့တဲ့နှစ်အပိုင်းအ ခြားတစ်ခုတုန်းက (2017) ကျွန်တော်တို့ဟာ Wanna Cry ဆိုတဲ့ Ransomeware ကြောင့်ခါးသီးတဲ့အတွေ့ အကြုံ တွေခံစားခဲ့ရဖူးပါတယ်...အဲဒီ Ransomeware  ဟာ Microsoft OS ရဲ့  MS17-10 vulnerability တစ် ခု ဖြစ်ပြီး အဲ ဒီ security hole ကို patch လုပ်ဖို့ Microsoft က MS17-10 security update patch ကိုအလျင်အ မြန်ထုတ်ပေးခဲ့ရ ပါတယ်....

အဲဒီအချိန်ကတည်းကစလို့ windows update ဆိုတာ မလုပ်လို့မဖြစ်တဲ့အ ရေးကြီးတဲ့လုပ်ငန်း process တစ်ခု ဖြစ်လာခဲ့ပါပြီ...ကျွန်တော်ဆိုရင် အဲဒီ security patch အတွက် Windows Clients တွေကိုရော...windows servers တွေ...linux server တွေ.....storage devices တွေ...VMware Infrastructure platforms တွေအကုန်လုံးကိုပါ update patch တွေလုပ်ခဲ့ရပါတယ်....

အဲဒီတော့ကျွန်တော်တို့ဟာ windows update ကိုပုံမှန်လုပ်ထားတယ်ဆိုရင် ကျွန်တော်တို့ဟာ WannaCry  လိုမျိုး attack မျိုးကိုအချိန်နဲ့တစ်ပြေးညီကာကွယ်နိုင်ပါတယ်....နောက်တစ်ခုက Microsoft ရဲ့ Windows update တွေတင်ပေးတဲ့ site ကိုအမြဲတမ်းသွားဖတ်ကြည့်ပါ....

အပတ်စဉ် အဂ်ါနေ့တိုင်းမှာ Microsoft ဟာ update တွေ ထုတ်ပေးလေ့ရှိပါတယ်...အဲ ဒီ update တွေကို ကျွန်တော်တို့က ဒီ site မှာသွားကြည့်နိုင်ပါတယ်...
ကဲ...ကျွန်တော်တို့ဟာ search box မှာ ကျွန်တော်သုံးနေတဲ့ windows 10 1909 version အတွက် Feb-2020 အတွက်ထုတ်ပေးထားတဲ့ security update ကိုရှာပါတယ်... ဒီနေရာမှာတစ်ခုရှိတာက ကျွန်တော်တို့သုံးနေ တဲ့ windows version က x86(32-bits) (or) 64-bits architecture လားဆိုတာကိုသိရပါမယ်...

32-bits OS အတွက် 32-bits update တွေကိုရှာပါမယ်....64 အတွက် 64 ကိုရှာရပါမယ်...ကျွန်တော်ရှာလိုက် တဲ့အခါ windows 10 1909 အတွက် update တွေကို 32-ရော...64-ရောထွက်လာပါတယ်....ကျွန်တော့်စက် က 64-ဆိုတော့ 64 နဲ့ပတ်သက်တာတွေကိုပဲကြည့်ပါမယ်.....အဲဒီတော့ Feb-10-2020 မှာထွက်ထားတဲ့ security update ကို download လုပ်ပါတယ်....

အဲဒီ update file တွေက kbxxxxxxxx ဆိုတဲ့ပုံစံနဲ့ပါ...ကျွန်တော်တို့က အဲဒီ kb file တွေကိုကိုယ့်စက်ထဲကို download လုပ်ပါတယ်...ပြီးတော့မှ run တာပါ...တကယ်လို့သင်က windows update က နေ run မယ်ဆို လည်းရပါတယ်....အခုတော့ကျွန်တော်တိုက windows 10 service stack update file ကို download လုပ်ပြီး update run လိုက်ပါတယ်...

ကျွန်တော်ကအရင်ဆုံး KB4532693 ဆိုတဲ့ update file ကိုအရင် run ပါတယ်....အဲဒါကတော့ file explorer, microsoft office နဲ့ input devices (keyboard,mouse,...) နဲ့ပတ်သက်တဲ့ bugs တွေကို fixed လုပ်ထားတဲ့ update patch ပါ....အဲဒါလေးကိုအရင် install လုပ်ပါတယ်..


ကဲ....run နေပါပြီ...

နောက်တစ်ခုဆက်လုပ်ပါပြီ...

နောက်တစ်ခုလည်းပြီးပြီ


ကဲ...restart ချရတော့မယ်....restart ချလိုက်တဲ့အခါ သူ့ဟာသူ update ကိုဆက်လုပ်သွားပါမယ်....စက်ပြန် တက်လာတဲ့အခါကျွန်တော်တို့ install လုပ်ခဲ့တဲ့ kb တွေကို ဒီလိုစစ်ဆေးကြည့်နိုင်ပါတယ်..
ကဲ... hotfix အောက်ဆုံးက kb 14 & 15 ကကျွန်တော်တို့နောက်ဆုံး install လုပ်ခဲ့တဲ့ update တွေ ဖြစ်ပါတယ်....အားလုံးပဲပညာဗဟုသုတကြွယ်၀တိုးတက်ကြပါစေ

လေးစားစွာဖြင့်
Phyo Sithu

No comments:

ping script ေလးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...