Monday, March 16, 2020

Domain Mail ဆိုတာရယ်...ဘာကြောင့် domain mail ရှိဖို့လိုသလဲ

online မှာ business လုပ်တဲ့အခါ ကိုယ့်ရဲ့လုပ်ငန်းနာမည်ကိုအတိအကျရှိဖို့လိုအပ်ပါတယ်.....ကိုယ့်ရဲ့လုပ်ငန်း နာမည်ဆိုတာ domain ပါပဲ...ကိုယ်လုပ်မယ့်လုပ်ငန်းကိုရည်ရွယ်တဲ့ domain နာမည်မျိုးကို တိုတိုလိုရင်းနဲ့ ထိမိအောင်ရယူပြီးအသုံးပြုရပါတယ် (  ဥပမာ....www.kbzbank.com တို့လိုမျိုး....www.cbbank.com တို့လိုမျိုး....လုပ်ငန်းနာမည်နဲ့အမျိုးအစားကိုတွဲဖက်ပြီးပေးလေ့ရှိပါတယ်)
တကယ်တော့ domain ဆိုတာ business နာမည်ပဲရှိပါသေးတယ်...ကျွန်တော်တို့က အဲဒီနာမည်နဲ့ website သုံးမယ်ဆိုရင် အဲဒီ domain နဲ့ website ကြည့်လို့ရပါမယ်...အဲဒီ domain name နဲ့ email သုံးမယ်ဆိုရင် domain mail သုံးလို့ရပါမယ်....email service, website service တို့နဲ့ တွဲဖက်ထားမှသာ domain ကအလုပ် လုပ်ပါတယ်....


ဥပမာ...ကျွန်တော်မှာ itkophyo.tk ဆိုတဲ့ domain တစ်ခုရှိတယ်....ကျွန်‌တော်က website သုံးချင်တယ်ဆိုရင် Web Hosting Service တစ်ခုရှိရပါမယ်....အဲဒီ hosting မှာ WebSite Service run ထားပါမယ်...ဒါမှသာ www.itkophyo.tk ဆိုပြီး world wide ကနေ website ကို access လုပ်နိုင်မှာဖြစ်ပါတယ်....

တကယ်လို့ Email Service သုံးချင်တယ်ဆိုရင် Email နဲ့ပတ်သက်တဲ့ Service ကို Web Hosting မှာ configure လုပ်ထားရပါမယ်...ဒါမှသာ...ကျွန်တော်တို့က  domain email ကိုသုံးလို့ရမှာဖြစ်ပါမယ်...email ပုံစံ ကတော့ aa@itkophyo.tk ဆိုပြီးရှိပါမယ်..... itkophyo.tk domain mail ထဲက aa ဆိုတဲ့ user ဆီကိုပို့မယ်ပေါ့ ..(user aa သာမက...user bb တို့...user cc တို့လည်း itkophyo.tk domain mail system ထဲ မှာရှိနိုင်ပါမယ်)

အဲဒီတော့ အပြင်ကလူတစ်ယောက်က aa@itkophyo.tk ဆီကို mail ပို့ရင် itkophyo.tk domain ရဲ့ mail system ကိုအရင်ရှာပါမယ်...ရှာလို့တွေ့ရင် aa ဆိုတဲ့ user ဆီကိုသာဆက်ပို့ပါတယ် ( ဒီနေရာမှာ user bb တို့..cc တို့ဆီကိုရည်ညွန်းတာမဟုတ်လို့ aa ဆီကိုပဲသွားပါမယ်) ...ဒါကတော့ domain mail အလုပ်လုပ်ပုံအကြမ်းဖျင်းပုံစံပါ...... ကဲ..ကျွန်တော့် domain mail ရဲ့ setting တစ်ချို့ကိုလေ့လာကြည့်ပါမယ်



ကျွန်တော့်ရဲ့ domain mail setting ပါ....user name ရှိပါမယ်....mail ကို web mail ပုံစံ( gmail လိုမျိုး)လည်းသုံးလို့ရပါမယ်...Microsoft Outlook တို့ Thunderbird တို့လို Email Program နဲ့သုံးမယ်ဆိုရင် POP3 ( Post Office Protocol 3) ..Email Received ( Email လက်ခံတဲ့ protocol ) ဖွင့်ထားပါတယ်...

နောက်တစ်ခါ... SMTP (Simple Mail Transfer Protocol) - Email Send ရာမှာသုံးတဲ့ protocol ပါ.....POP3 နဲ့ SMTP မရှိရင် သင့် email program ဟာ mail send & received လုပ်လို့မရပါဘူး...ဒါကြောင့် POP3 နဲ့ SMTP ကိုဖွင့်ထားဖို့လိုအပ်ပါတယ်.....secure port နဲ့ authentication ကိုဖွင့်ထားပေးရပါမယ်...ဒါမှသာ သင့် email ကိုစိတ်ချလက်ချသုံးနိုင်မှာပါ.....

ကဲ..ကျွန်တော်တို့ဟာ Gmail လိုမျိုး Web Browser ကနေကျွန်တ်ောတို့ရဲ့ email ကို access  လုပ်ပါမယ်

mail box ကတော့ ဒီလိုပုံမျိုးဖြစ်ပါမယ်
ဒါက ကျွန်တော်တို့ဟာ gmail လိုမျိုး web browser တစ်ခုခုကနေ access လုပ်တာဖြစ်ပါတယ်.....

ဒါကတော့ outlook ထဲမှာကျွန်တော့် domain mail ကိုထည့်သုံးထားတာဖြစ်ပါတယ်... outlook ထဲမှာ domain mail ကိုထည့်သုံးဖို့ POP3 နဲ့ SMTP protocol configure လုပ်ထားမှ..အသုံးပြုလို့ရမှာပါ



Domain Mail ကိုဘာကြောင့်သုံးသင့်သလဲ....

တစ်ချို့သော Website တွေမှာ free mail တွေဖြစ်တဲ့ gmail တို့...yahoo mail တို့နဲ့ register လုပ်လို့မရပါဘူး..သုံးလို့မရပါဘူး...အောက်ကပုံမှာကျွန်တော်က website တစ်ခုကို ကျွန်တော့်ရဲ့ gmail နဲ့ register လုပ်ပါတယ်.....
ကဲ...မရပါဘူးဗျာ....  company mail ( domain mail )နဲ့သာ register လုပ်ပါတဲ့...

နောက်တစ်ခုက free mail services ( gmail, yahoo mail,....) တို့က ကျွန်တော်တို့ကို free သာပေးသုံးထားတာ..တစ်ချို့သော အစိတ်အပိုင်းတွေကို Google  တို့ Yahoo တို့ကပဲ control လုပ်ထားပါတယ်....ဥပမာ...သင်ကသင့် gmail ထဲကနေ email တစ်စောင်ကိုဖျက်လိုက်တယ်...ဒါပေမယ့် တကယ်ပျက်သွားတာတော့မဟုတ်ပါဘူး...Google အနေနဲ့ လိုအပ်ရင် recovery ပြန်လုပ်နိုင်အောင်သိမ်း ထားပါတယ်...သင်ကဖျက်လိုက်ပေမယ့် တကယ်ပျက်သွားတာမျိုးမဟုတ်ပါဘူး.....

domain mail သုံးမယ်ဆိုရင် ကိုယ့် email ကို ကိုယ်တိုင် control လုပ်နိုင်ပါတယ်....mail backup တို့ ...mail recovery တို့ကိုလည်း ကိုယ်တိုင် control လုပ်နိုင်ပါတယ်....( free web mail တွေမှာတော့မသေချာပါဘူး)

တကယ်လို့သင့် mail system ဟာ မတော်တဆမှုတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ( mail system crush ဖြစ်တာမျိုး....)domain mail မှာဆိုရင် ကိုယ်တိုင် mail server ကို shutdown & restart လုပ်ခွင့်ရှိပါတယ်....free web mail တွေမှာအဲဒီလိုလုပ်ခွင့်မရှိပါ...

Spam Mail Control ကို domain mail မှာကိုယ်တိုင် control လုပ်နိုင်ပါတယ်....free web mail မှာတော့ report ကလွဲလို့ဘာမှလုပ်ခွင့်မရှိပါဘူး.....

‌နောက်တစ်ခု storage ....gmail မှာ 30 GB သာသုံးခွင့်ရှိတယ်...အဲဒီထက်ပိုသုံးချင်ရင် ၀ယ်သုံးပါ....ကျွန်တော်တို့ domain mail မှာ ကိုယ့်လိုအပ်ချက်အတိုင်း adjust လုပ်ခွင့်ရှိတယ် ( ကိုယ်၀ယ်ထားတဲ့ web hosting package အလိုက်) 

ဒါတွေဟာ domain mail ရဲ့အားသာချက် တစ်ချို့တစ်လေပဲဖြစ်ပါတယ်...domain mail ရဲ့ အဓိကအားအသာဆုံးအချက်က centralized management for your mail system ပါပဲ....ကိုယ့် domain ထဲက mail ကိုကိုယ်တိုင် manage  လုပ်ခွင့်ရှိတာပါပဲ.....နောက်တစ်ခုက business integrity ရှိတာပါပဲ...

Business Email မှာ free web mail သုံးတဲ့သူနဲ့ domain mail သုံးတဲ့သူ ...နှစ်မျိုးကိုယှဥ်ကြည့်မယ်ဆိုရင် customer က domain mail သုံးတဲ့ business ကိုပဲ ပိုပြီး trust ဖြစ်ပါတယ်.....free web mail သုံးတဲ့သူကို ဒီလောက် impression မကောင်းလှပါဘူး....

ဒီတော့ဖြစ်နိုင်လို့ business နဲ့ပတ်သက်လို့ရှိရင် domain email တွေကိုပဲသုံးသင့်ပါ‌ကြောင်း ဗဟုသုတရစေဖို့ရေးသားလိုက်ရပါတယ်....


လေးစားစွာဖြင့်
Phyo Sithu

No comments:

ping script ေလးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...