Monday, March 30, 2020

Remotely Manage your Windows Server

အခုတလော Covid-19 ပျံ့ နှံ့ နေတာတွေကြောင့်များသောအားဖြင့် Work From Home အလုပ်လုပ်နေ ကြရတာတွေလည်းများပါတယ်...ဒီအချိန်ကတော့ Network သမားတွေမျက်နှာပွင့်တဲ့အချိန်ပေါ့ဗျာ..... သင်တန်းတွေကလည်း online ကနေသင်ကြတယ်.... Network ပိုင်းမဟုတ်တဲ့ Hardware ပိုင်း Technical Issue တွေကိုလည်း အလှမ်း‌ကွာတဲ့တစ်နေရာနေပြီးတော့ Remote Support လုပ်ပေးနိုင်ပြီပဲဖြစ်ပါတယ်

TRC Technology က အခုလက်ရှိဖြစ်‌နေတဲ့ အခြေအနေနဲ့ကိုက်ညီတဲ့ post လေးတစ်ခုကို share ချင်ပါတယ်..အဲဒါကတော့ Windows Server တွေကို အလှမ်း‌ကွာတဲ့တစ်နေရာကနေပြီးတော့ Remote Manage လုပ်နိုင်တဲ့နည်းပညာလေးပဲဖြစ်ပါတယ်....

ဒီနည်းပညာကအထူးအဆန်းတော့မဟုတ်တော့ပါဘူး....windows 7 ‌ေလာက်ကတည်းကရှိပြီးသားနည်း ပညာ တစ်ခုပါပဲ.....ကျွန်တော်တို့ IT တွေဟာ Domain Server ကြီးကို administration လုပ်မယ်ဆိုရင် Domain Server ကြီးထဲကို Remote Desktop လှမ်း၀င်ပြီး administration လုပ်ရလေ့ရှိပါတယ်.....



Remote Desktop ဆိုတာ server တစ်လုံးကို တရား၀င် user နှစ်ယောက်ကိုသာ remote desktop ၀င်ခွင့်ပြုပါတယ်...တစ်ခါတလေ..ကျွန်တော်တို့က မတူညီတဲ့အလုပ်သုံးမျိုးကိုတစ်ပြိုင်နက်တည်း လုပ်ကြမယ် ( backup admin ရယ်....Active Directory Admin ရယ်....storage admin ရယ်) ဆိုရင် အခုနည်းလေးကိုသိတဲ့ Active Directory Admin ကတစ်ခြားနှစ်ယောက်ကိုအခက်အခဲမဖြစ်စေပဲကိုယ့် စက်နဲ့ကိုယ်အလုပ်လုပ်နိုင်မှာပါ ...

Remote Server Administration Tool ဆိုတာ...
Domain Admin တွေရဲ့ လုပ်ငန်းဆောင်တာတွေကိုပိုမိုထိရောက်လွယ်ကူစွာအလုပ်လုပ်နိုင်အောင် Microsoft ကထုတ်ပေးထားတဲ့ tools တစ်ခုဖြစ်ပါတယ်....Domain Admin တွေဟာ Domain Server ကို Remote Desktop Access လုပ်စရာမလိုပဲ ကိုယ်သုံးနေတဲ့စက်ထဲမှာ ဒီ RSAT Tools လေးနဲ့ပဲ Active Directory Manage လုပ်နိုင်ပါတယ်....( Server ‌မှာလုပ်သလိုပါပဲ...ကိုယ်သုံးနေတဲ့ domain PC ကနေ manage လုပ်ပေးနိုင်ပါတယ်)

user manage ( user add, user delete, user modify, ...) ...Group Manage ( Group add, Group delete, ..) စတာတွေအပြင် Group Policy တွေကိုပါ ‌administration လုပ်နိုင်တဲ့အတွက် ကိုယ်သုံးနေတဲ့ domain client PC က server တစ်လုံးလိုအလုပ်လုပ်နိုင်ပါတယ်....ဒီ tools လေးရဲ့ကျေးဇူးနဲ့ ကျွန်တော်တို့ဟာ server ကြီးကို access လုပ်စရာမလိုပဲ ( ဒါ‌‌ပေမယ့်...သင်သုံးနေတဲ့ domain account ကတော့ domain admin user  တော့ဖြစ်ရပါမယ်)

Remote Server Administration Tool သုံးဖို့ဘာတွေလိုအပ်မလဲ

 (၁) သင့် စက်က Windows 8.1 တို့...Windows 10 တို့ဆိုရင် windows update လုပ်လို့ရတဲ့စက်ဖြစ်ရပါမယ်...

(၂)  သင့်စက်ကို microsoft website က ဒီ file လေးကို download လုပ်ပြီး install လုပ်ရပါမယ် 

 Restart ချခိုင်းတဲ့အခါ restart ချပါ...ပြန်တက်လာရင်တော့ သင့်စက်ဟာ RSAT သုံးဖို့အသင့်ဖြစ်နေပါပြီ...
(၃) RSAT သုံးဖို့အတွက် သင့် PC ဟာ Domain Server ကို Domain ချိတ်ထားဖို့လိုအပ်ပါတယ်
(၄) နောက်သင်ဟာ Domain Admin User ဖြစ်ရပါမယ်....

*** အဲဒီအချက် ( ၃) နဲ့ (၄) မရှိရင်သင်ဟာသင့်စက်ထဲမှာ RSAT ကိုထည့်ထားပေမယ့်လည်း သုံးလို့မရနိုင်ပါဘူး

(၅) အ‌‌ထက်ကအချက်(၄)ခုလုံးနဲ့ပြည့်စုံတဲ့အခါ သင်ရဲ့ Domain Admin Account နဲ့သင်စက်ကို login ၀င်ပြီး RSAT ကိုသုံးနိုင်ပါပြီ



Remote ဆိုတော့ ဘယ်လောက်‌ကနေသုံးနိုင်သလဲ

တကယ်လို့သင်ဟာ Work From Home ကနေသင့် ရုံးက domain server ကို manage လုပ်ချင်တယ်ဆိုရင် တော့သင်ဟာ သင့်ရုံးVPN လိုပါမယ်...သင့်ရုံး VPN ကနေတစ်ဆင့်သင်ဟာရုံး domain network  ထဲက server ကို manage လုပ်နိုင်ပါမယ်

ကဲ..ကျွန်တော်ကတော့အသုံးပြုနိုင်တဲ့အခြေအနေနဲ့ အသုံးပြုနည်းကို sharing လုပ်သွားတာပါ....အသေးစိတ်သိချင်ရင်တော့ Microsoft Website မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်...အားလုံးပဲပညာဗဟုသုကြွယ်၀တိုးတက်ကြပါစေ


လေးစားစွာဖြင့်
 Phyo Sithu
B.Sc (Physics)
Diploma in IT 
Cicso Certified Network Associate (CCNA)
Red Hat Certified System Administrator ( RHCSA)


No comments:

ping script ေလးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...