Wednesday, July 22, 2020

Automation for DNS Cache Flushing

ပြီးခဲ့တဲ့အလုပ်မှာတုန်းက strong ဖြစ်တဲ့ CTO ရယ်..IT Architect  တွေရယ်...တွေကြောင့် Automation လုပ်တဲ့ နည်းပညာတွေကိုထိတွေ့ လေ့လာခွင့်လည်းရခဲ့သလိုလက်တွေ့ အသုံးချခွင့်လည်းရခဲ့တယ်....နောက်တစ်ခုက VMware နဲ့ ပတ်သက်တာတွေကိုလည်း တကယ် လက်တွေ့ လုပ်ခွင့်ရခဲ့တဲ့အတွက် တကယ့်ကို ကျေးဇူးတင်ပါတယ်ဗျာ..



Automation ဆိုတာဘာလဲ ? 
လူရဲ့ လုပ်ဆောင်မှုအနည်းဆုံးနဲ့စက်ကို လုပ်ဆောင်ချက်တွေစေခိုင်းနိုင်သောနည်းပညာ တစ်မျိုးပါပဲ...

ဥပမာ...ကျွန်တော်က လုပ်ငန်းခွင့်လိုအပ်ချက်အရ ည ၉ နာရီမှာ Backup လုပ်ရတယ်....သာမန်အားဖြင့်ဆိုရင် ကျွန်တော်က( လူက) အဲဒီအချိန်ရောက်တဲ့အထိစောင့် နေရမယ် ( တစ်ခြားလူတွေလုပ်နေတဲ့အလုပ်တွေမပြီးမချင်း)...ပြီးတော့  backup software ကိုဖွင့်ရမယ်....ဒါမှမဟုတ် backup လုပ်မယ့် script ကို run ရမယ်....backup process ပြီးသွားတော့မှာ backup success ဖြစ်သလား...fail ဖြစ်သလားပြန်စစ်နိုင်မယ် ( manual audit ကိုယ်တိုင် ပြန်လုပ်ရမယ် ) 

ဆိုတော့....အဲဒီ process ကိုတာ၀န်ပေးထားတဲ့လူတစ်ယောက်ကို အမြဲတမ်းအဲဒီအချိန်မှာအဲဒါပဲလုပ်နေရမယ် ဆိုတာ ကို Human resources ကိုလည်းနည်းအောင်လုပ်ရမယ် ( တစ်ချို့ လုပ်ငန်းခွင်တွေဆိုရင် ရုံးအလုပ်ချိန် ကျော်တဲ့အတွက် OT ပေးရတာမျိုး...နောက်လူတွေမှာရှိတတ်တဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ....ရုတ်တရက်ခွင့်မဲ ပျက်ကွက်တာမျိုးတွေဆိုရင် အဲဒီ backup ကမလုပ်ရတော့ဘူးလား ) .....ဒီလိုမျိုးကိစ္စ တွေအတွက် Automation  ကိုသုံးလာကြပါတယ်.....

အခု ကျွန်တော်က DNS Cache Flushing ဆိုတဲ့ မလိုအပ်တော့တဲ့ မသုံးတော့တဲ့ DNS Cache တွေကို အချိန်တစ်ခုရောက်ရင် automation နဲ့ ဖျက်ချခိုင်းပါမယ်....မလိုအပ်နဲ့ရှိမနေအောင် automation လုပ်ပါမယ် .....လုပ်ဖို့ အတွက် human resoures အနည်းဆုံး ( ပထမဆုံးတစ်ကြိမ်တော့ ကျွန်‌တော်တို့က command setup တွေလုပ်ပါမယ် )ကိုသုံးပါတယ် 


ကျွန်တော်က task schedule command ကို daily 11:35 AM တိုင်းမှာ renewdns.bat ဆိုတဲ့ task တစ်ခုကို schedule သတ်မှတ်ပေးလိုက်ပါတယ်....အဲဒီ task က successfully create ဖြစ်သွားပါပြီ 


ကဲ... ResetDNS ဆိုတဲ့ task လေးကို setup လုပ်ပြီးသွားပါပြီ...ဒါပေမဲ့ run မကြည့်ရသေးပါဘူး.....အစမ်းလည်း run ကြည့်လို့ရပါတယ် ...


ကဲ....အခု run ကြည့်လိုက်ပါပြီ...


task က successfully ဖြစ်သွားပါပြီ....ဒါဆိုရင် တော့ ကျွန်တော်တို့ Trigger ထောက်ထားတဲ့ ၁၁း၃၅ မှာ run တာကိုစောင့်ကြည့်ကြပါမယ်....

ဒါဆိုရင် ကျွန်တော်တို့ဟာ နေ့တိုင်း ၁၁:၃၅ ရောက်တိုင်း DNS Cache တွေကို ဖျက်မယ့် services ကို automation အောာင်မြင်စွာ configure လုပ်နိုင်သွားပါပြီ....ပထမဆုံးတစ်ကြိမ်တော့ setup တွေကို manual လုပ်ရမှာဖြစ်ပြီးနောက်ပိုင်း.. schedule time ရောက်တိုင်းစက်ကသူ့ဘာသာသူ automation run နေပါလိမ့်မယ်....ကျွန်တော်တို့အလုပ်က အဲဒီ schedule task ဟာ trigger ပေးထားတဲ့အချိန်မှာ မှန်မှန်ကန်ကန်အလုပ်လုပ်/မလုပ်ပဲစစ်ပေးဖို့ပဲ ရှိပါတယ် 


ဒါက Windows Server နဲ့ Windows PC တွေအတွက်  Automation Task တစ်ခုကို ဖန်တီးတာပါ...Linux အတွက်တော့ နောက်တစ် post ထပ်ရေးသားပါဦးမယ်....ကျွန်တော်က ဒီ post မှာ Flush DNS အတွက်ပဲလုပ်တာပါ.....သင့်လုပ်ငန်းခွင်လိုအပ်ချက်နဲ့ကိုက်ညီမယ့် Harddisk Tune-up တို့ ...System Tuning တို့ကိုလည်း automation နဲ့ tuning လုပ်နိုင်ပါတယ်....

အားလုံးပဲပညာဗဟုသုတကြွယ်၀တိုးတက် ကြပါစေ

လေးစားစွာဖြင့်
Phyo Sithu 


No comments:

ping script ေလးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...