Aww Snap ! Error
ဒီ Error ဟာ Google Chrome ကို security Improvement တစ်မျိုးဖြစ်တဲ့ chromium sandboxing ေကြာင့်ဖြစ်ရတာပါ...Chrome ဟာ ဖွင့်ထားတဲ့ Main Tab ရယ်... ထပ်ဖွင့်ထားတဲ့ Tab တွေရယ်နဲ့ chrome extension တွေကို locked down ( sandboxing ) လုပ်ပြီး run ပါတယ်
( Sandbox ဆိုတာကတော့ တကယ့် code တွေ run တဲ့အခါ လက်ရှိသုံးနေတဲ့ native system ကြီးတစ်ခုလုံး ကိုမထိခိုက်ရအောင် Simulated လုပ်ထားတဲ့ Environment ဖြစ်ပါတယ်...sandbox ထဲမှာ စမ်းသမျှဟာ တကယ် run နေတဲ့ PC ကို impact မဖြစ်အောင်ကာကွယ်ပေးပါတယ် )

chrome 78 နဲ့ နောက်ပိုင်းတွေမှာ security ပိုင်းအရ run နေတဲ့ sandbox process ( ဖွင့်ထားတဲ့ Tab တွေရယ်...extension) တွေမှာ 3rd party code injection ကိုပိတ်ထားတဲ့အတွက် ဒီ Aw Snap !! Error တက်ရတာဖြစ်ပါတယ် ....
ဒီတော့ ဒီ error ကိုဖြေရှင်းဖို့အတွက်ကျွန်တော်တို့ဟာ အရင်ဆုံး ဖွင့်ထားတဲ့ Google Chrome ကိုပိတ်ပါမယ်...ပြီးရင် Chrome icon လေးကို right-click ခေါက်ပြီး properties ဖွင့်လိုက်ပါတယ်
အပြာရောင်ပြထားတဲ့ Target ရဲ့ နောက်ဆုံး ( xxxx\xxx\chrome.exe") ရဲ့ နောက်ဆုံးမှာ အောက်က code လေးကိုထပ်ထည့်လိုက်ပါ
--disable-features=RendererCodeIntegrity
ထည့်လိုက်တဲ့အခါ ဒီလိုလေးတော့ဖြစ်နေရပါမယ်...
အိုကေ. Apply & OK လုပ်ပါ ..ပြီးရင် Chrome ကိုပြန်ဖွင့် ကြည့်ပါ ...
ကဲ...ဒါဆိုရင် Chrome ကိုသုံးလို့ရပါပြီ...အားလုံးပဲပညာဗဟုသုတကြွယ်၀တိုးတက်ကြပါစေ
လေးစားစွာဖြင့်
Phyo Sithu




No comments:
Post a Comment