Tuesday, August 25, 2020

ကိုယ့်ကိုယ်ပိုင် Cloud VPN Server နဲ့ကိုယ်သုံးပါတယ် .... :)

 သူများတွေလုပ်ထားတဲ့ VPN တွေက အလွယ်တကူချိတ်ဆက်သုံးလို့ရတယ်ဆိုပေမယ့် security ပိုင်းဆိုင်ရာ အန္တ ရယ်များပါတယ်....ကိုယ်က သူတို့ VPN ကိုယူပြီးသုံးနေတာဖြစ်တဲ့အတွက် ကိုယ်သုံးသမျှသည်သူတို့ VPN Server ကိုဖြတ်သွားရတဲ့အတွက်ကိုယ်ဘာတွေသုံးနေလဲ...ကိုယ့်ရဲ့ privacy ( Facebook password တို့...Gmail password တို့ကို) သူတို့ intercept (ကြားဖြတ်ဖမ်းယူတာမျိုး)မလုပ်ဘူးဆိုတာဘယ်သူမှ အာမခံနိုင်ပါဘူး...... အကောင်းဆုံးကတော့ ကိုယ့် vpn server နဲ့ကိုယ်သုံးနိုင်ရင်အကောင်းဆုံးပါပဲ

 VPN ဆိုတာဘာလဲ....

VPN ဆိုတာ Virtual Private Network လို့နည်းပညာအရသိကြပြီး privately အသုံးပြုနိုင်တဲ့ virtual network တစ်ခုပါပဲ...ဆိုလိုတာက ကျွန်တော်ကမြန်မာနိုင်ငံက computer တစ်လုံးကိုသုံးနေပါတယ်.... ကျွန်တော်သုံးသမျှ Network Traffic အားလုံးဟာ မြန်မာ IP နဲ့ပဲသွားနေပါတယ်...တကယ်လို့ ကျွန်တော့်တို့ မြန်မာ ISP က gmail ကိုပိတ်ထားတယ်ဆိုတဲ့အချိန်မှာ ကျွန်တော်ဟာ Gmail သုံးဖို့လိုနေတယ်.... ကျွန်တော်ဟာ VPN network တစ်ခုနဲ့ချိတ်ဆက်နိုင်မယ်ဆိုရင် Gmail ကိုကျွန်‌တော် အေးဆေးသုံးနိုင်ပြီပေါ့...( ဆိုလိုတာက physical IP အရ မြန်မာ IP ဖြစ်နေပေမယ့် Virtual Network နဲ့ Virtual IP ကြောင့်ကျွန်တော်ဟာ VPN Network ထဲကစက်တစ်လုံး အဖြစ်အတားအဆီးမရှိအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်)

ဒါက VPN ကိုအသုံးပြုပုံကို လူတိုင်းနားလည်အောင်ရှင်းပြတာပါ....VPN ကိုကျွန်တော်တို့တွေဟာ ဘဏ်ကြီး တွေရဲ့ Private Network ကြီးတွေ.... Payment Switch System တွေ...MPU တွေ...Core Banking ကြီးတွေ... Satellite Private Network ကြီးတွေ....Co-Operation Company ကြီးတွေ.... Telecom Company ကြီးတွေ.. Shipping & Airline Company ကြီးတွေ...အစရှိတဲ့လုပ်ငန်းကြီးတွေမှာသုံးကြပါတယ် ( ကျွန်တော်ရှင်းပြခဲ့တဲ့ အတိုင်း Private Channel အတွက်သုံးကြတဲ့ Virtual Network ဆိုတာလေ)....

 VPN နဲ့ပတ်သက်ပြီးကျွန်တော်အရင်ကလည်း post တွေရေးသားခဲ့ပြီးဖြစ်လို့ အရင်ပို့စ် တွေကိုပြန်ဖတ်ကြည့်ပါ နော်...ဒါဆိုရင် VPN နဲ့ ပတ်သက်ပြီးပိုပြီးဗဟုသုတတွေရနိုင်မှာပါ 



ပုံထဲမှာ User-PC နှစ်လုံးဟာ Internet သုံးနေပါတယ်...User PC-1 ကတော့ VPN နဲ့ ချိတ်ပြီးသုံးနေတာဖြစ် တဲ့အတွက် သူသုံးနေတဲ့ Network Traffic တွေဟာ VPN Tunnel ကနေသွားနေတဲ့အတွက် Cyber Criminal တွေရန်ကကာကွယ်ပြီးသားဖြစ်နေပါတယ်....( ** ကျွန်တော်တို့သုံးတဲ့ VPN က User PC-1 အတိုင်းသုံးတာပါ )

User-PC 2 ကတော့ VPN သုံးတာမဟုတ်လို့ သူ့ရဲ့  Network Traffic တွေကို သူ Internet ကိုလှမ်းချိတ်တဲ့ Wireless AP တို့...Switch တို့ .. Routerတို့ ...Serve rတို့ ကနေတဆင့်သူသုံးနေတဲ့ traffic တွေ intercept လုပ်နိုင်ပါတယ်....ဒါကြောင့် VPN ဆိုတာ လိုအပ်တဲ့အခြေအနေမှာသုံးသင့်ပါတယ်....

 

ပထမဆုံးကျွန်‌တော်က ကျွန်တော့်ရဲ့ cloud VPN Server ကနေ status တွေကိုစစ်ပါတယ်

ဒါကကျွန်‌တော့် Cloud VPN server ရဲ့  Dashboard ပါ....လာချိတ်နေတဲ့ Active Device ကတစ်ခုရှိသလို active user က ၂ ယောက်ပါ...

 ဒါက VPN user account မှာ user 2 account ရှိပါတယ်....user portal URL ဆိုတာကတော့ ကျွန်‌တော့် Cloud VPN Server URL ပါ......VPN client အဖြစ်သုံးတဲ့ device တွေမှာ ( computer ပဲ ဖြစ် ဖြစ်...mobile phone သို့ tablet ပဲ ဖြစ် ဖြစ်...) အဲဒီ server URL နဲ့ user credentials ( username /password)  ထည့်ရမှာ ပါ...

VPN Network နဲ့ပတ်သက်ပြီး ကိုယ်အဆင်ပြေသလို Subnet တွေခွဲထားလို့ရသလို VPN region ကိုလည်း  ကိုယ်ကြိုက်သလိုသတ်မှတ်လို့ရတယ်...ကျွန်တော်ကတော့ Ashburn, USA region ကိုသတ်မှတ်ထားပါတယ်

VPN Region နဲ့ VPN Subnets တွေပါ....VPN subnet IPv4 ကို 100.96.0.0/11  ဖြစ်ပြီး IPv6 ကိုတော့ fd:0:0:0:8000::/49 ဖြစ်ပါတယ်...



ဒါကတော့ Cloud VPN Server မှာလာချိတ်နေတဲ့ device လေးပါ...iphone ဆိုပဲ....IOS 13.6.1 သုံးထားတဲ့ device လေး...VPN IP က 100.96.1.2 (IPv4)...နောက် IPv6 က fd:0:0:8100::2 ဆိုပဲ....cool 


ကဲ...user device ဖြစ်တဲ့ iphone မှာ သွားကြည့်ကြမယ်...အရင်ဆုံး vpn profile လေးထည့်ပါမယ် 

 

ပြီးတော့ ....

 

ကဲ...vpn device လေးကချိတ်နေပါပြီ....server ကချပေးတဲ့ vpn profile ကိုသုံးနေပါတယ်


 

 

ဒီပုံကတော့ VPN traffic တွေနဲ့ ချိတ်ဆက်ထားတဲ့ configuration parameter တွေဖြစ်တဲ့ IP တို့ ...server URL တို့ ...Server ရဲ့  Public IP တို့...VPN protocol တို့ VPN port တို့ information တွေဖြစ်ပါတယ် ....

နောက်..အရေးအကြီးဆုံးတစ်ခုက log file ....ကျွန်‌တော်တို့ဟာ ဒီပုံစံနဲ့ log ကိုကြည့်လို့ရပါတယ်...

 ကဲ...... ဒါဆိုရင် device ကနေ VPN လာချိတ်တဲ့ VPN encryption cipher တွေ...encryption algorithm တွေ..handshake session ID တွေ...token session ID တွေအကုန်လုံးကို log ကြည့်နိုင်ပါပြီ...


ကိုယ့် server နဲ့ကိုယ်သုံးတာဆိုတော့ device တွေကဘာတွေသုံးတာလဲဆိုတာကို ကိုယ်တိုင် control & manage လုပ်နိုင်ပြီဆိုတော့ ကိုယ့် security နဲ့ ကိုယ်ပေါ့ဗျာ....


ဒါဆိုရင်တော့ ကျွန်တော်တို့ဟာ ကိုယ့် ကိုယ်ပိုင် Cloud VPN Server ကိုသုံးပြီး online မှာ secure traffic တွေနဲ့ယုံကြည်စိတ်ချစွာသုံးလို့ရပြီပဲဖြစ်ပါတယ်...အားလုံးပဲပညာဗဟုသုတကြွယ်၀တိုးတက်ကြပါစေ...


လေးစားစွာဖြင့်

Phyo Sithu 

 



 

 

No comments:

ping script ေလးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...