Wednesday, August 26, 2020

Domain Mail ဆိုတာ....

ဒီနေ့ခေတ်မှာ business တွေဟာ online ကနေတစ်ဆင့်ကျယ်ကျယ်ပြန့်ပြန့်ဆက်သွယ်အသုံးပြုလာနိုင်ပြီဖြစ်ပါ တယ်...အဲဒီထဲမှာ Email ဆိုတာက personal သာမက business တွေအထိပါအသုံး၀င်အသုံးတည့်လာပြီဖြစ်ပါ တယ်....free email နဲ့ business email တို့ ဘယ်လိုကွာခြားလဲ....အကြမ်းဖျင်းဖွဲ့စည်း တည်ဆောက် ပုံဘယ်လိုရှိလဲ ဆိုတာကိုသိချင်ရင် ဒီ post လေးကို ဆက်ဖတ်ကြည့်လိုက်ပါ....
free email ဆိုတာ
free email ဆိုတာကတော့ အဖွဲ့အစည်းတွေကနေထုတ်ပေးထားတဲ့ free email ဖြစ်ပါတယ်...Google Serch ကနေ free ထုတ်ပေးတဲ့ email ဟာ gmail ဖြစ်သလို...Yahoo Search Engine က free ထုတ်ပေးတဲ့ email ဟာ yahoo mail ဖြစ်ပါတယ်....Microsoft ကနေ free ပေးတဲ့ mail တွေဟာ hotmail တို့ outlook mail ( free ) တို့ ဖြစ်ပါတယ်....

free email  တွေမှာ အကန့်အသတ်ရှိပါတယ်...Gmail ဆိုရင် 30 GB အထိပဲ storage ကိုသိမ်းခွင့်ပေးပါတယ်...အဲဒီထက်ပိုပြီး space လိုချင်ရင် ငွေပေး၀ယ်ရပါတယ်....နောက်ပြီးတော့ Advertising policy ကိုထိခွင့်မပေးပါဘူး....Microsoft Hotmail တို့... American AOL Mail တို့ဆိုရင် Web version သုံးရင် ကြော်ငြာတွေကို ပိတ်လို့မရပါဘူး...အဲဒီလိုမျိုးထိန်းချုပ်ထားပါတယ် ...

နောက်တစ်ခုကတော့ security ပေါ့....user သုံးနေတဲ့ backend ကကိစ္စ တွေကိုအဖွဲ့အစည်းကသာ  control & manage လုပ်ပါတယ်.....ဒါတွေက free email တွေရဲ့  အားသာချက်နဲ့ အားနည်ချက်ပေါ့

Business Email (သို့) Domain Email ဆိုတာ
Business Email (သို့) Domain Email ဆိုတာ business လုပ်ငန်းတစ်ခုခုအတွက်ရည်ရွယ်ပြီးတည်ဆောက်ထား တဲ့ Email မျိုးကိုဆိုလိုပါတယ်....Example.... မောင်မောင်ဆိုတဲ့လူက construction လုပ်ငန်းလုပ်တယ်ဆိုပါစို့
သူ့ email ပုံစံသည်
                                        mgmg@shineconstruction.com

ဆိုပြီးဖြစ်သင့်ပါတယ်....ရှေ့ကလူနာမည် mgmg ရယ်.... သူရဲ့ company shineconstruction.com ဆိုတာနှစ်ခု လုံးပါတဲ့အတွက် shine construction ကမောင်မောင်ဆီကို email ပို့လိုရမယ်...ဆက်သွယ်လို့ရမယ်ပေါ့....... official way နဲ့တရား၀င်ဆက်သွယ်တာဖြစ်တဲ့အတွက်လုပ်ငန်းကိစ္စ...ငွေရေးကြေးရေးကိစ္စ တွေအားလုံးကို integrity ရှိရှိ ဆက်သွယ်နိုင်မှာပါ....

ဒီနေရာမှာတစ်ခုရှိတာက free mail တွေဆိုရင်
                                                        mgmg@gmail.com
                                                        mgmg@yahoo.com
                                                        mgmg@hotmail.com

အဲဒီလိုပဲပေးခွင့်ရှိပါမယ်.....ဆိုတော့ ကိုယ့်လုပ်ငန်း business ကို reflect မလုပ်နိုင်ပါဘူး...ဒါက free mail ရဲ့  အားနည်းချက်ပါ....နောက်ပြီး free email ကနေပို့တာဆိုတော့ business integrity မရှိပါဘူး...ဒါကြောင့် business integrity လည်းရှိရမယ်...ကိုယ့်လုပ်ငန်းကို official ဖြစ်စေချင်ရင်ဆိုတဲ့အတွက် domain mail ကိုသုံး လာကြပါတယ်...နောက်ပြီးတော့ storage ကိုလည်း ကိုယ့် company က IT infra ကပဲ manage & control လုပ်တဲ့ အတွက် လိုအပ်သလို additional space တွေထပ်တိုးလို့ရသလို security ပိုင်းအရလည်းကိုယ့် compnay IT ကပဲ manage & control လုပ်တဲ့အတွက် safety ဖြစ်ပါတယ်....

ကျွန်‌တော်လည်းကျွန်‌တော့်ရဲ့  ကိုယ်ပိုင် domain mail လေးဖြစ်တဲ့ it@phyosithu.tk ကိုဒီလိုတည်ဆောက် ထားပါတယ်....


ပထမဆုံး ပြီးရင် web hosting ထဲမှာ Domain ကို DNS mapping လုပ်ပေးပါတယ်....ဒီလို DNS mapping  လုပ်တာဟာ ၁ နာရီကနေ ၂၄ နာရီအထိကြာတတ်ပါတယ်....



၂၄ နာရီကျော်လို့  DNS mapping and point ကအလုပ်လုပ်သွား ပြီး Host Record တွေ ...Zone Record တွေအလုပ်လုပ်သွားပြီဆိုရင် ကျွန်တော်တို့ဟာ Domain Admin panel မှာ Web hosting Server ကို point လုပ်ပေးပါတယ်...



ပြီးရင်ကျွန်တော်တို့ဟာ အနည်းဆုံး တစ်နာရီလောက်တော့ စောင့်ပြီးမှကျွန်တော်တို့သုံးမယ့် domain mail ကို Web Interface ကနေ access  လုပ်ကြည့်ပါတယ် ....
ကဲ...၀င်ကြည့်တဲ့အခါ

ကဲ...ဒါဆိုရင် ကျွန်‌တော်တို့ဟာ Domain Email ကိုတစ်ခါတည်းသုံးလို့ရပြီဖြစ်ပါတယ်


Email ပို့ကြည့်ပါတယ်...

သူကနေ Gmail ကိုပို့တာဆိုတော့...Gmail ဘက်ကနေ received ရမရ...စစ်ကြည့်ပါမယ်

ကဲ...ဒါဆိုရင် ကျွန်‌တော်တို့ဟာ Domain Mail ဟာ sent/ received အလုပ်လုပ်ပါပြီ...ကျွန်တော်တို့ဟာ Email ချင်းအပြန်အလှန် ပို့နိုင်ပါပြီ....အခု post လေးကတော့ Domain Mail အလုပ်လုပ်ပုံလေးအကြောင်းကို အကြမ်းဖျင်းရေးသားထားတာဖြစ်လို့ အသေးစိတ် configuration တွေကို ချန်ထားခဲ့ပါတယ်...

အခု post မှာ ကျွန်‌တော်က phyosithu.tk ဆိုတဲ့ကျွန်တော့်ရဲ့  domain လေးကိုသာသုံးထားတာပါ...တကယ် လို့ သင်ကအခြား domain တွေ ( godaddy, NameCheap, Bluehost....) တို့ကနေ၀ယ်ထားတယ်ဆိုရင်လည်း လုပ်ပုံလုပ်နည်းကတော့အခုလိုပါပဲ....

အားလုံးပဲပညာဗဟုသုတ ကြွယ်၀တိုးတက်ကြပါစေ

လေးစားစွာဖြင့်
Phyo Sithu



No comments:

ping script ေလးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...