Thursday, August 27, 2020

Microsoft Default Apps တွေကိုဖျက်ကြမယ်

 Windows 10 မှာကျွန်တော်တို့အတွက် အလွန်အသုံးတည့်တဲ့ features အသစ်တွေပါ၀င်နေသလို ကျွန်တော်တို့ အတွက်သိပ်အသုံးမ၀င်တဲ့ မလိုအပ်တဲ့ features တွေလည်းရှိနေပါတယ်...မလိုအပ်ပဲရှိနေတဲ့ features app တွေဟာ computer storage မှာနေရာယူသလို hidden background process တွေအနေနဲ့ run နေတဲ့အတွက် စိတ်ရှုပ်စရာကောင်းလှပါတယ်...ဒီ post မှာကျွန်တော်တို့ဟာ Microsoft ကမလိုအပ်တဲ့ features တွေကို script သုံးပြီး remove လုပ်ကြပါမယ်

 Scripts ဆိုတာ ကျွန်တော်တို့အတွက် အသုံး၀င်အသုံးတည့်လှတဲ့ အရာတစ်ခုဖြစ်ပါတယ်...script တွေကို အသုံးပြုမယ့် platform (သို့) IDE environment မှာအခြေခံပြီး ...ဘယ်လိုလုပ်ဆောင်ချက်တွေကိုစေခိုင်းမလဲ ဆိုတဲ့ script function တွေနဲ့တည်ဆောက်ရတာဖြစ်ပါတယ်....

java နဲ့ရေးထားတဲ့ script တွေဟာ java install လုပ်ထားတဲ့ စက် ( windows မှာပဲဖြစ် ဖြစ်...Linux မှာပဲဖြစ် ဖြစ်...Mac OS X မှာပဲဖြစ် ဖြစ်...java ရှိတဲ့စက်တိုင်း)...မှာ run နိုင်မှာပါ..... script မှာရေးထားတဲ့ function တွေဟာ လည်း java programming library ထဲကယူပြီး OS level မှာ process & run ပါလိမ့်မယ်..နောက်ပိုင်း တစ်ချို့ system တွေမှာ native OS ကို effect  မဖြစ်ရအောင် sandbox environment (သို့) IDE Environment မှာ process & run လေ့ရှိပါတယ်.... ထားပါတော့ ဒါက script ကို process & run လုပ်မယ့်ဆိုရင် လိုအပ်မယ့် platform နဲ့ function တွေအကြောင်းကိုအကြမ်းဖျင်းရှင်းပြတာပါ....

အခု ကျွန်တော်တို့ post မှာက Windows 10 တင်ထားတဲ့စက် ( windows platform) မှာ မသုံးဖြစ်တဲ့ မလိုအပ်တဲ့ photos တို့... 3D viewers တို့... Microsoft Music တို့... Microsoft Alarm & Clock တို့လို features တွေကို powershell ( windows စက်တွေမှာပါတဲ့ powershell ) ကိုသုံးပြီး remove လုပ်မှာပါ ...

windows powershell ဆိုတာကတော့ windows system administrator တွေအတွက်  microsoft ကထုတ်ထားတဲ့ task-based command line and shell-scripting language တစ်ခုဖြစ်ပြီး .Net Framework မှာအခြေခံထားပါတယ်...Windows OS တွေ ( Server တွေပါအပါအ၀င်) အတွက် Control and administration ပိုင်းတွေအတွက် automation လုပ်နိုင်အောင်ရည်ရွယ်ပြီး ပေးထားတဲ့ microsoft ရဲ့  scripting language လည်းဖြစ်ပါတယ် ....


စစဆုံးကျွန်‌တော်တို့ဟာ Administration Right နဲ့ powershell ကိုဖွင့်လိုက်ပါတယ်....ပြီးတော့ အောက်က command လေးရိုက်လိုက်ပါတယ် 

ဒါက Microsoft 3D bilder ကို remove လုပ်နေတာဖြစ်ပါတယ်..... ဒါဆိုရင် ဒီ command ဟာ power shell မှာသုံးနိုင်တဲ့ remove features ပေါ့....ဒီတော့ ကျွန်တော်တို့ဟာ remove လုပ်ချင်တဲ့ features တွေအများကြီး ( Microsoft Zune Video, Camera, Feed Back Hub, Microsoft People, Mail....) ဆိုတော့ကျွန်တော်လုပ်ချင်တာက 

1. windows 10 စက်တိုင်းမှာ run ချင်တယ်...

2.ဒါပေမယ့် စက်တိုင်းကို powershell ကြီးဖွင့်ပြီး features တစ်ခုကို remove လုပ်ဖို့ command တစ်ကြောင်းစီနဲ့  command များစွာမရိုက်ချင်ဘူး...

3.features တွေ တစ်ခုပြီးတစ်ခု remove လုပ်သွားစေချင်တယ်....

4. command တစ်ကြောင်းပဲ...(သို့) ...click တစ်ချက်ပဲရိုက်ချင်တယ်....

အဲဒီအချက်လေးချက်လုံးနဲ့ကိုက်ညီတဲ့ power shell script လေး ကိုဖန်တီးလိုက်ပြီး  windows 10 စက်တိုင်းမှာ အချိန်ကုန်သက်သာ..လွယ်ကူလျင်မြန်စွာနဲ့ လုပ်နိုင်ပြီပေါ့...

(** ကျွန်တော်အခုလုပ်ပြတာတွေဟာ script ဆိုတာဘာလဲ.....OS platform တွေမှာဘယ်လိုအသုံး၀င်လဲ... script တစ်ကြောင်းနဲ့ အချိန်ကုန်သက်သာပြီးအလုပ်တွင်စေမယ့် administration automation task အကြောင်းကိုသာရည်ရွယ်ပြီးရေးသားတာပါ...Programming ဆရာသမားများအတွက်မရည်ရွယ်ပါ ***)

ဒီတော့ ကျွန်တော်ကခုနက command တွေကိုစုပြီး script တစ်ခုအဖြစ်ဖွဲ့စည်းလိုက်တယ် ( command တွေဟာ တစ်ခုပြီးတစ်ခု line-by-line run ပါမယ်)...ပြီးရင် စက်တိုင်းရဲ့ power shell ကနေ script လေးကို run ဖို့ command လေးတစ်ကြောင်းပဲရိုက်ရပါမယ်.....( execution တစ်ကြောင်းသာ....)

သူ့ဘာသာသူ တစ်ခုပြီးတစ်ခု remove လုပ်သွားပါလိမ့်မယ်...

ဒီ script ကို ကျွန်တော်တို့က Microsoft Features တွေ remove လုပ်တဲ့ function အတွက်ပဲသုံးတာပါ...... တခြား ‌administration function တွေကိုလည်း ကိုယ့်လိုအပ်ချက်နဲ့ကိုက်ညီအောင်လုပ်ပြီးအသုံးပြုနိုင်ပါတယ်

နောက် post တွေကျရင် power shell script နဲ့ ပတ်သက်ပြီး automation task နဲ့ပတ်သက်တာလေးတွေကို ထပ်တင်ပါမယ်...အားလုံးပဲပညာဗဟုသုတကြွယ်၀တိုးတက်ကြပါစေ...


လေးစားစွာဖြင့်

 Phyo Sithu

No comments:

ping script ေလးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...