Saturday, January 2, 2021

Apple M1's Mac မှာပါတဲ့ Rosetta 2 ဆိုတာ.....

 Apple က နောက်ဆုံးထုတ် new MacBook Air, MacBook Pro, and Mac Mini တွေမှာ M1 Chip နဲ့ ထွက်လာခဲ့တာဟာ တကယ့်ကို ထူးခြားဆန်းပြားလှသလို user တွေအတွက်လည်း မျက်စိလည်စရာတွေဖြစ်ကုန်ပါတယ်...ဘာလို့လဲဆိုတော့  M1 Chip ကအရင်ထွက်ခဲ့ဖူးတဲ့ Mac တွေမှာသုံးခဲ့တဲ့ Intel Base Chip မျိုးမဟုတ်ပဲ တမူထူးခြားတဲ့ architecture နဲ့ထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့် M1 Chip နဲ့ Mac တွေဟာ Intel Base App တွေကိုသုံးလို့မရတော့ပါဘူး


Apple က စံသတ်မှတ်ချက် တခုအ နေနဲ့ M1 Chip ကို ပွဲထုတ်လာပေမယ့် အရင့်အရင်က သုံးခဲ့ဖူးတဲ့ Intel based App တွေကိုလည်း ဒီ Mac အသစ်မှာဆက်သုံးလို့ရဖို့အတွက် Apple က Rosetta ကိုဖန်တီးခဲ့ပါတယ်....Rosetta 2 ဆိုတာ background ကနေ Intel-based Apps တွေကို run နိုင်အောင်ဖန်တီးထားတဲ့ App ပါပဲ ...Rosetta 2 မရှိဘူးဆိုရင် အရင် Intel -based Mac Version တွေမှာသင်သုံးခဲ့တဲ့ Intel-based App တွေကို သင့် M1 Mac ကြီးက interpret လည်းမလုပ်နိုင်သလို run လို့လည်းမရပါဘူး....

Intel -based App ( x-86- 32-bits နဲ့ x-64 64-bits) တွေဟာ ARM Architecture ကိုအသုံးပြုထားတဲ့ M1 Mac တွေမှာတော့ Rosetta 2 ပါမှကောင်းကောင်းအလုပ်လုပ်နိုင်တာဆိုတော့ Rosetta 2 ကို install လုပ်ဖို့ က.....

softwareupdate --install-rosetta

ဒီ command တခုကိုပဲ ရိုက် ပြီး install လုပ်နိုင်ပါတယ်....

Apple ကတော့ Rosetta 2 ကို ၂၀၂၂ အထိသုံးဖို့ plan ထားပါတယ်..အဲဒီနောက်ပိုင်းဆိုရင်တော့ ARM-Architecture နဲ့ပဲလာတဲ့ Mac တွေပဲများလာနိုင်ဖွယ်ရှိနေတဲ့သဘောပါ...ဒီတော့ Apple ရဲ့ rosetta 2 နဲ့ ARM based App တွေဟာ တွင်တွင်ကျယ်ကျယ်နေရာယူလာမယ့်သဘောဖြစ်ပါတယ်....

အထက်ကပုံကတော့ မိတ်ဆွေတယောက်ရဲ့ M1 Mac မှာ Rosetta 2 ထည့်ပေးတာပါ..

ကဲ...မိတ်ဆွေတို့ဆီမှာ M1 Chip နဲ့ Mac တွေရှိမယ်ဆိုရင် Rosetta 2  ရှိမှဖြစ်မယ်ဆိုတာကို အသိပေးရေးသားလိုက်ရပါတယ်....

 

လေးစားစွာဖြင့်

Phyo Sithu

 

No comments:

ping script ေလးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...