File & Folder Sharing နဲ့ Network Mapped Drive တွေဟာလုပ်ငန်းခွင်အတွက်လည်းအသုံး ၀င်သလို တ ခြားဆိုးကျိုးတခုလည်းရှိပါတယ်...အဲဒါကတော့ Storage တနေရာရှိတယ်ဆိုပြီး Large File တွေ ( HD MP4 တွေ...Channel Myanmar က download လုပ် ထားတဲ့ Blu-Ray DVD file တွေနဲ့... အ ခြားသော file size ကြီးကြီး multimedia files ) ကိုလာလာထားတတ် ကြတာပါပဲ...အဲဒီလို မလိုအပ်ပဲနဲ့လာထားထားတဲ့ file တွေကြောင့် Storage space တွေနည်းနည်းလာပြီး တကယ်အလုပ်အတွက်သုံးနေတဲ့သူတွေ အနှောင့်အယှက်မဖြစ်အောင် Storage Admin ကျွန်တော်က ဒီလိုလုပ်လိုက်ပါတယ်
ကျွန်တော်က ကျွန်တော့်ရဲ့ File Server မှာဒီလို configure လုပ်ထားပါတယ်....
အနီရောင်နဲ့ အဲ ဒီ user / group အတွက် storage ပမာဏတစ်ခု သတ်မှတ်ထားပေးလိုက်ပါတယ်.... ကျွန်တော့် File Server က Linux Server ဆိုတော့ command line တွေနဲ့ပဲ ကိုယ်သုံးချင်တာကိုသတ်မှတ်ရပါတယ်....ဒါက Linux သမားတွေရဲ့ mood တစ်ပါပဲ... Linux သမားတွေက Screen မည်းမည်းကြီးမှာ command တွေနဲ့ manage လုပ်နေရရင် ပျော်မွေ့နေသူများပေါ့....အိုကေ....
ဒါဆိုရင် trcuser ဆိုတဲ့ user ကသူ access ရတဲ့ TRC Shared ထဲမှာ သူဒေါင်းထားတဲ့ large file တွေကိုလာထည့်တဲ့ အခါမှာတော့...
ကဲ...ပြီးပြီ...အလုပ်နဲ့မပတ်သက်တဲ့ large multimedia file တွေထည့်လို့မရ တော့ပါဘူး.... ကဲမဆိုင်တာတွေကို သုံးလို့မရတော့ဘူး ဆိုတော့ အလုပ်ကိုမထိခိုက်တော့ဘူးပေါ့....
ဒါက ကျွန်တော်တို့ကLinux File Server မှာ Quota Management (per user/group ကိုသုံးခွင့်ပမာဏ) သတ်မှတ်ပြီးလုပ်ငန်းလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ကြောင်း tutorial ရေးသားတာဖြစ်ပါတယ်...အားလုံးပဲပညာဗဟုသုတကြွယ်၀တိုးတက်ကြပါစေ...
လေးစားစွာဖြင့်
Phyo Sithu
B.Sc ( Physics)
Red Hat Certified System Administrator ( RHCSA)
Diploma in IT ( KMD)
No comments:
Post a Comment