Thursday, January 7, 2021

Linux ESXi shell update to ESXi Hypervisor

 ESXi Hypervisor တွေဟာလည်း update လုပ်ဖို့လိုအပ်ပါတယ်...ဘာဖြစ်လို့လည်းဆိုတော့ update security fixed တွေနဲ့ hardware performance accelerated ဖြစ်ဖို့ဆိုရင် update လုပ်ဖို့လိုအပ်ပါတယ်...ကျွန်တော်က ESXi 5.5 version ကို update လုပ်လိုက်တဲ့အခါ default သုံးလို့ရတဲ့ Vsphere Access အပြင် web URL နဲ့ပါ access လုပ်လို့ရသွားပါတယ်...

ဆိုတော့ update လုပ်တာကောင်းကျိုးအများကြီးရှိပါတယ်...ကျွန်တော် က V-Center မပါပဲသုံးတာဆိုတော့ တစ်ခုချင်းစီကို access လုပ်ပြီး update လုပ်ပါမယ်...update နည်းလမ်းများစွာ ထဲကနေ ကျွန်တော်က CLI  နဲ့လုပ်ပါမယ်...မလုပ်ခင်မှာ...Access တွေကိုအရင်စစ်ပါတယ်

ကျွန်တော်တို့လုပ်မယ့် ESXi က version 6.5 Build Number 59xxxxx ဖြစ်ပါတယ်...ဒါက Web GUI နဲ့ access လုပ်တာပါ....ဒီတော့ CLI Access လုပ်ပြီးစစ်ကြည့်ပါမယ်

ကဲ...ESXi ထဲကိုရောက်ပါပြီ...ဆိုတော့လောလောဆယ် run နေတဲ့ ESXi Version ကိုထပ်စစ်ပါတယ် ( GUI မှာသာ ညာလို့ရရင်ရမယ်... CLI command တွေကတော့ ဘယ်တော့မှညာလို့မရဘူးလေ)

ကဲ...ဟုတ်ပြီ...ဒီတော့ အရင်ဆုံး ကျွန်‌တော်တို့ ESXi ထဲက run နေတဲ့ VM တွေကို shutdown ချရပါမယ်...တကယ်လို့ သင့်အလုပ်က Enterprise Business တွေဆိုရင်တော့ downtime ယူလို့ရမယ် 00:00 hour မှာလုပ်ပါလေ...မလုပ်ခင်မှာ လိုလိုမယ်မယ်...VM backup တွေ...snapshot တွေတော့ယူထားပါ...

ကျွန်တော်တို့က update file ကို ESXi shell ထဲက ‌ run ပါမယ်..

ကဲ..လုပ်သွားတာတွေတော့ အများကြီးပဲ ...Reboot ချမှ effect ဖြစ်မှာဆိုတော့ ESXi ကို reboot လုပ်ရမယ်လေ....ပြန်တက်လာတဲ့အခါ CLI က အရင်စစ်ပါမယ် 

update ဖြစ်သွားပြီ..ဆိုတော့ Web URL က access လုပ်ရတဲ့ GUI ESXi မှာတချက် ထပ်စစ်ပါမယ်

ကဲ...ဒါဆိုရင် V-Center မချိတ်ထားတဲ့ ESXi တွေကို update လုပ်ပြီး secure & safe environment အဖြစ်အသုံးပြုနိုင်ပြီဖြစ်ပါကြောင်း ဗဟုသုတအလို့ငှာရေးသားလိုက်ရပါတယ်...

 

လေးစားစွာဖြင့်

Phyo Sithu

 

No comments:

ping script ေလးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...