Windows ရဲ့ System Partition (Windows တင်ထားတဲ့ partition - များသောအားဖြင့် Drive C) ဟာ အသုံးပြုတာကြာလာတဲနဲ့အမျှ software အသစ်အသစ် တွေထည့်မယ်... user directories တွေဖြစ်တဲ့ Desktop တို့ My Documents တို့ .... Downloads တို့...အဲဒါတွေထဲမှာ ရှိတဲ့ data တွေကို နေရာမရွေ့ဖြစ်ပဲ ဒီအတိုင်းဆက်သုံးဖြစ်နေတယ်ဆိုရင် သင့်ရဲ့ Drive-C ဟာ သေချာပေါက် free space နည်းပြီး(အနီရောင်ပြပြီး)သုံးရတာနှေးကွေးလေးလံလာပါလိမ့်မယ်(Virusတို့ Trojanတို့ မရှိဘူးဆိုရင်)
ဒီတော့ ဒီကိစ္စကို ဖြေ ရှင်းဖို့အတွက်က Disk Cleanup တို့ ... Disk Defragment တို့လုပ်လို့ရပေ မယ့် အတိုင်းအတာ တခုလောက်အထိပဲ...ဒီတော့ System Partition ကို တိုးကိုတိုးမှရတော့မယ်... အားလုံးသိကြတဲ့အတိုင်း System Partition ဆိုတာ သိပ် sensitive ဖြစ်တဲ့အရာ..အမှားလည်းခံလို့မရဘူး...နောက်ပြီးတစ်ခုခုလွဲသွားလို့ကတော့ Windows ကော.. install လုပ်ထားတဲ့ software တွေ...Games တွေ..App တွေကော....data တွေပါ တိုင်ပတ်သွားနိုင်ပါတယ်....ဒီတော့....
ကဲ...အခုကျွန်တော် သုံးနေတဲ့ စက်မှာ 14 GB Partiton Space ပဲရှိတော့တယ်...14 GB ယူထားတဲ့ partition မှာ 8 GB ပဲ free space ရှိတော့့ာတဆိုတော့ အဆင် မပြေ ဘူးဗျ...ဒီတော့ Drive E ရဲ့ 17.2 GB ထဲကနေ 6 GB or 7 GB လောက်ယူလို့ရရင် အဆင်ပြေတယ်....ဆိုတော့ကာ.......
ဆိုတော့ ကျွန်တော် က
လိုချင်သလောက် 6.9 GB ယူလိုက်ပါမယ်......ပြီးရင်
အခုပုံထဲကလို System-C (A) နဲ့ ခုနက ယူထားတဲ့ (B) နှစ်ခုကိုပေါင်းလိုက်ပါတယ်....
အဲတာဆိုရင် C က နောက်ဆုံး 21.59 GB ဖြစ်ရမယ်..... D က 10.31 GB လောက်ပဲကျန်ရမယ်
ကဲ...စိတ်ရှည်လက်ရှည်အချိန်နည်းနည်းပေးပြီး ပြီးတဲ့အထိ စောင့်လိုက်ပါ.... ကဲ..နောက်ဆုံးမှာတော့
ကဲ...C ဘက်က data တွေရော.. E ဘက်က data တွေရော ဘာတခုမှမထိခိုက်ပဲနဲ့ C ကို total partition size - 21.5 GB အထိအောင်မြင်စွာနဲ့ partition migrate လုပ်ပြီးသွားပါပြီ... ဒါက windows client တွေမို့လို့ပါ ...Winodws Server 2008 နဲ့ နောက်ပိုင်း Server Versions များနဲ့ Windows 10 တို့ကိုတော့ Restart and CLI work တွေနဲ့ process လုပ်သွားပါလိမ့်မယ်...
အားလုံးပဲပညာဗဟုသုတကြွယ်၀တိုးတက်ကြပါစေ
လေးစားစွာဖြင့်
Phyo Sithu Maung
No comments:
Post a Comment