wifi signal strength ကိုစစ်ဆေးတဲ့နည်းလမ်းများစွာရှိပါတယ်...ကျွန် တော် က wireless transmitter နဲ့ receiver ကြားထဲသွားနေတဲ့ wireless radio signal strength ကို detect လုပ်ပြီး signal ကောင်းမကောင်းစမ်းမှာဖြစ်ပါတယ်... ဒီလိုစမ်းဖို့အတွက်ကို radio wave interference ဖြစ်စေတဲ့အရာတွေ ( motor, refrigerator, electrical signal devices...)ဟာကျွန်တော်တို့စမ်းနေတဲ့ environment မှာမရှိဖို့လိုအပ်ပါတယ်....ဒါမှာသာ ကျွန် တော်တို့ဟာ signal strength အမှန်ကိုသိ နိုင်မှာပါ
အခုကျွန်တော်က wireless Transmitter ( WiFi AP) ကိုလှမ်းချိတ်နေတဲ့ ကျွန်တော်ရဲ့ wireless receiver - Laptop ကနေ wireless radio signal strength ဘယ်လောက်နဲ့ connected ဖြစ်နေသလဲ....ကြည့်ပါမယ်
Wireless Transmitter & Receiver ကြားထဲက သွားတဲ့နှုန်းကို dbm နဲ့တိုင်းပါတယ်.... dbm ဆိုတာ electrical devices တွေမှာသုံးနေတဲ့ wireless radio နဲ့ audio frequenceis တွေ ရဲ့ power နဲ့ voltage strength တွေကို logarithmic scales up လုပ်ပြီး တိုင်းတာတွက်ချက်တဲ့ unit ဖြစ်ပါတယ်.... ကဲ...ဒီအောက်ကပုံလေးကိုကြည့်ပါ
ကဲ..ဒါဆိုရင် 0 to -50 dbm ဆိုရင် လိုင်းအကောင်းဆုံးပေါ့....ဘာဖြစ်လို့လည်းဆိုတော့ Signal Transmitter ( တာ၀ါတိုင်, Wireless CPE, ....) နဲ့ Signal Receiver ( ပုံထဲမှာဆိုရင် ဖုန်း) တို့ဟာ သင့်လျော်တဲ့ distance အတွင်းမှာ အကောင်းဆုံးသော signal strength ကိုအသုံးပြုနိုင်ပါတယ် ( တိုင်အပြည့်မိတာတို့... signal block အပြည့်မိတာတို့ပေါ့)
-50 dbm ကနေ -70 dbm ဆိုရင်တော့ အကောင်းဆုံးမဟုတ်ပေမယ့် ကောင်းကောင်းအသုံးပြုနိုင်တယ်ဆိုတဲ့အဆင့်ရှိနေပါသေးတယ်... Signal Transmitter နဲ့ devices ဟာ distance နည်းနည်းတော့ ရှိနေပေမယ့် ကောင်းကောင်းသုံးနိုင်နေပါသေးတယ်...
-70 dbm ကနေ -90 dbm ဆိုရင် signal transmitter နဲ့ devices ဟာ distance တော်တော် ကွာသွားပါတယ်..ဒီအခြေအနေမှာတော့ လိုင်းမကောင်းတော့ပါဘူး...မိတချက်..မ.မိတချက်ဇာတ်လမ်းတွေစလာနေပါပြီ....signal ဟာ horizontal & vertical perpendicular ဖြစ်အောင်ကြိုးစားပြီး detect လုပ်နေရပါပြီ....signal block တစ်ခုနဲ့အသက်ဆက်နေရတဲ့အခြေအနေပါ ....
-90 dbm to -110 dbm ဆိုရင် signal transmitter နဲ့ တော်တော့်ကိုကွာသွားတဲ့အတွက် ဘာ signal မှမရတော့ပါ....signal block တွေပျောက်တဲ့အဆင့်ပါ....ဒီအချိန်မှာဘာမှဆက်လုပ်လို့မရတော့ပါဘူး....
ဒီတော့ ကိုယ်သုံးမယ့် wireless devices ( mobile phone or laptop ) ဟာ Transmitter ( Wireless AP, Cell Tower) ကနေ signal strength ဘယ်လောက်ရရင် အဆင်ပြေနိုင်မလဲဆိုတာ အောက်က table မှာကြည့်ပါ
| Signal Strength | TL;DR | Required for | |
|---|---|---|---|
| -30 dBm | Amazing | Max achievable signal strength. The client can only be a few feet from the AP to achieve this. Not typical or desirable in the real world. | N/A | 
| -67 dBm | Very Good | Minimum signal strength for applications that require very reliable, timely delivery of data packets. | VoIP/VoWiFi, streaming video | 
| -70 dBm | Okay | Minimum signal strength for reliable packet delivery. | Email, web | 
| -80 dBm | Not Good | Minimum signal strength for basic connectivity. Packet delivery may be unreliable. | N/A | 
| -90 dBm | Unusable | Approaching or drowning in the noise floor. Any functionality is highly unlikely. | N/A | 
-90 dbm နောက်ပိုင်းဟာ ဘယ်လိုမှအသုံးပြုရန်အဆင်မပြေဖြစ်လို့ အဲဒီနောက်ပိုင်းကိုမရေးတော့ပါ...ဒီ table ကိုကြည့်မယ်ဆိုရင် ကိုယ်သုံးမယ့် Apps ( VoIP -- Microsoft Team တို့...Zoom တို့လိုမျိုးဟာတွေဆိုရင် ....Email တို့...Web တို့လိုဟာမျိုးဆိုရင်) signal transmitter ကနေ dbm ဘယ်လောက်ရသင့်တယ်ဆိုတာကို ကိုယ့်ဘာသာအကြမ်းဖျင်းသိနိုင်ပါပြီ
ဒါက ကျွန်တော်တို့သုံးတဲ့ end-user devices နဲ့ transmitter ကြားက signal strength ပျမ်းမျှဘယ်လောက်ရရင်အဆင်ပြေနိုင်လဲဆို တာကိုသိစေချင်တာပါ...ဒါကြောင့် Cell Tower တိုင်တွေစိုက်မယ်...wireless Network တွေတည်ဆောက်တဲ့အခါမှာလည်း end devices တွေဟာ signal strength block အကောင်းဆုံးနဲ့ အသုံးပြုနိုင်ဖို့အတွက်ကို dbm estimate လုပ်ပြီး deployment တွေလုပ်ကြတာဖြစ်ပါကြောင်း ဗဟုသုတအလို့ငှာရေးသားလိုက်ရပါတယ်....
အားလုံးပညာဗဟုသုတကြွယ်၀တိုးတက်ကြပါစေ
လေးစားစွာဖြင့်
Phyo Sithu
No comments:
Post a Comment