Thursday, August 26, 2021

Secure Web Browsing ဆိုတာ

 

အင်တာနက်ကိုကျယ်ကျယ်ပြန့်ပြန့်အသုံးတွင်ကျယ်လာတဲ့အခါမှာ Browsing Securely ဆိုတာတာအရေးကြီးလာပါတယ်...ဒီနေ့ခေတ်မှာဖုန်းတလုံးလမ်းမှာကျပျောက်ခဲ့တယ် ဆိုတာဖြစ်လေ့ရှိတဲ့ကိစ္စဆိုပေမယ့် မူလအသုံးပြုတဲ့သူရဲ့ security sense မှာမူတည်ပြီး မူလအသုံးပြုသူအတွက် နစ်နာဆုံးရှုံးမှုများ ( Facebook Account တွေ...Gmail Account တွေ....Bank Account Information တွေ...အလုပ်နဲ့သက်ဆိုင်တဲ့အချက်အလက်တွေကိုကောက်ရသူလက်ထဲရောက်သွားနိုင်တဲ့အန္တရယ်) ရှိနေနိုင်လို့ပါပဲ

 

ဆိုကြပါစို့....လူတယောက်က သူ့ဖုန်းရဲ့ Notepad ထဲမှာ သူ့ကိုယ်ပိုင် Gmail, Facebook Account ‌တွေရဲ့ username & password တွေ... Internet Banking & Mobile Banking တွေရဲ့ Information တွေကိုသိမ်းထားတယ် ....အဲဒီ Notepad ကို security မထား ထားဘူး....အဲဒီလူဖုန်းကျပျောက်သွားတယ်....ကောက်ရတဲ့သူက သူ့ ဖုန်းကိုသာမက သူ့ဖုန်းထဲကအချက်အလက်တွေရရှိပြီး မူလပိုင်ရှင် အတွက်ဆုံးရှုံးနစ်နာမှုတွေဖြစ်စေပြီပေါ့ဗျာ....

ဒုတိယတယောက်လည်း သူ့လိုပဲ ဖုန်းထဲမှာအကုန်မှတ်ထားတယ်....ဒါပေမယ့် ဒီလူကတော့ security sense ရှိတယ်...အသုံးပြုရလွယ်အောင်သာဖုန်းထဲမှာသူ့ရဲ့ အချက်အလက်တွေကိုထားပေမယ့် backup ကို cloud tier ထဲမှာထားတယ်....ဖုန်းမှာ Find my phone လိုမျိုး security app တွေထားထားတယ်.... ဖုန်းရဲ့ pattern lock ကိုသာဖျက်လို့ရချင်ရလိမ့်မယ်...အထဲက ‌apps တွေ...data တွေကို ဘယ်လိုမှ ထိလို့မရအောင် security ကန့်ထားတယ်....အဲဒီလူဖုန်းပျောက်တယ်....‌ရသွားတဲ့သူက ဘာမှလုပ်လို့မရဘူး...မကျေနပ်လို့ဖုန်းကို Firmware အသစ်ပဲပြန်ရေးရေး....IOS အသစ်ပဲပြန်တင်တင် အဲဒီဖုန်းက ဘာမှလုပ်လို့မရတော့ဘူး...

"ဖုန်းတလုံး...ကွန်ပျူတာတလုံးဆိုတာ အချက်အလက်ကို သိမ်းဆည်းထားတဲ့ device မျှသာမဟုတ်ဘူး...အခန့်မသင့်ရင် သင့်ရဲ့ ကိုယ်ရေး အချက်အလက်တွေကိုပါ လောင်းကြေးထပ်ရတဲ့ကိစ္စတွေ ပါဖြစ်လာတတ်ပါတယ်"

ကဲ...အခုဆိုရင် ကျွန်တော် က နည်းလမ်းတမျိုး ဖွင့်ထားတဲ့စက်တစ်လုံးမှာသုံးနေတဲ့ user ဘာတွေလုပ်နေလဲဆိုတာ ကြည့်ကြမယ်.

( ** ဒါက security browsing အတွက် Education Purpose အနေနဲ့ မိမိကိုယ်ပိုင် lab ထဲမှာစမ်းထားတာပါ -လူတဦးတယောက်ရဲ့ကိုယ်ပိုင် လွတ်လပ်ခွင့်ကိုလေးစားပါ - အခွင့်မရှိပဲ...ခွင့်ပြုချက်မရှိပဲ user privacy ကိုချိုးဖောက်သောလုပ်ရပ်များအားလုံးကို TRC Technology Group ကဆန့် ကျင်ပါတယ် ...ဒီ post ကိုလည်း security sense ဗဟုသုတအ ဖြစ်- educational purpose အ ဖြစ်ရေးထားတာဖြစ်လို့ ပညာရေးဗဟုသုတအဖြစ်သာဖတ်ရှုပေးပါ )

 

user က Dell Website က နေ Dell Laptop တစ်မျိုးရဲ့ Service tag ( အတိအကျရပါတယ်...ဖျက်ထားပါတယ်)နဲ့ Windows Driver Download လုပ်ဖို့ရှာနေတာကိုတွေ့ရပါတယ်... ( ** Dell Laptop သာမက Dell Product တွေဟာ Service tag တွေနဲ့ အလုပ် လုပ်ပါတယ်...service tag ဆိုတာ Dell Product တွေရဲ့ ကိုယ်ပိုင်မှတ်ပုံတင်ပါပဲ...) ...အဲဒီတော့ သူက IT နဲ့ပတ်သက်တဲ့ သူဖြစ်မယ်...ပြီးတော့ လောလောဆယ်သူ windows အသစ်တင်တာတို့ဘာတို့လုပ်ထားပြီးလို့ driver ကို သူ့ရဲ့ official site က နေ product ရဲ့ service tag နဲ့လာရှာနေတာ.....

အဲဒါလုပ်နေရင်းနဲ့ပဲ www.myanmarjournaldownload.com မှာနောက်ဆုံး update journal တွေကိုရှာထားပါတယ်....နောက်ပြီး IT နဲ့ပတ်သက် ပြီး packetracer တို့ tecmint တို့က IT post တွေကိုဖတ်နေ ပါတယ်...‌နောက်ပြီးသူက

Myanmar NET access တွေရော.... online test exam တွေပါဖြေနေသေးတယ်

ကဲ...နောက်ထပ် user က ဘာတွေသုံးနေသေးလဲဆိုတာ ဆက်လေ့လာကြမယ်

user က စစဆုံး facebook login ၀င်ပါတယ် ...နောက်တော့ MyanmarHarpMedia ဆိုတဲ့ page (သို့) group ထဲက ပုံ (သို့) စာတွေရှာပါတယ်...နောက်တော့ facebook login ၀င်ထားတဲ့ facebook account name ရလာပါတယ်...facebook မှာသူဘာတွေသုံးနေလဲဆိုတာတွေကတော့ မြင်တဲ့အတိုင်းပါပဲလေ ....

ကဲ...သူက facebook သာမက twitter မှာလည်းရှိနေပြီး twitter လည်းသုံးနေပါတယ်....ကဲ...တော််လောက်ပါပြီ...ဒီလောက်ဆိုရင် user ကဘာတွေရှာနေတယ်...ဘာတွေသုံးနေတယ်ဆိုတာကို security sense အားနည်းတဲ့အတွက် သူသုံးနေတဲ့အချက်အလက်တွေပေါက်ကြားနေပါတယ်....

အခု post မှာတော့ web browsing security sense အားနည်းချက်ကြောင့် ကိုယ့်ရဲ့ personal အချက်အလက် တွေဟာ ပြင်ပကို ပေါက် ကြားနိုင်တယ်ဆိုတာ ကို ဗဟုသုတအလို့ငှာရေးသားလိုက်ရပါတယ်...နောက်တခါ post မှာတော့ ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို ဆက်လက်ရေးသားပါဦးမယ်...အားလုံးပဲပညာဗဟုသုတကြွယ်၀တိုးတက်ကြပါစေ

လေးစားစွာဖြင့်

Phyo Sithu

No comments:

ping script ေလးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...