uter တွေဟာ စက်ပစ္စည်းတွေဖြစ်တဲ့အတွက် ချို့ယွင်းမှု ဖြစ်နိုင်တယ်ဆိုတာကိုလက်ခံနိုင်ရပါမယ်...လက်ခံနိုင်သလိုစက်ပစ္စည်းတွေ ချို့ယွင်းပျက်စီးမှုူဖြစ်ခဲ့သော် အလုပ်ကိုဘယ်လိုဆက်လုပ်ကြမလဲဆိုတဲ့ plan ရှိဖို့ လိုအပ်လှပါတယ်...ဆိုတော့ Backup ဆိုတာလိုလာပါပြီ..Backup ဆိုတာသင့် ရဲ့ computer data တွေကိုနည်းလမ်းတခုခုနဲ့ copy ရယူထားပြီး တကယ်လို့ သင့် computer system ကြီး down သွားရင် အခုနက Backup ကနေ မူလလည်ပတ်နေတဲ့အတိုင်းပြန်ရအောင်လုပ်နိုင်တဲ့ mechanism တခုပါပဲ
ကျွန်တော်တို့အသုံးပြုနေတဲ့ Computer တွေဟာ power-on လိုက်တာကနေစပြီး Mother Board ထဲက CMOS/BIOS ကနေ Computer System ထဲမှာတပ်ဆင်ထားတဲ့ core hardware peripherals ( CPU, Memory, Graphics Card, Hard Disk, DVD, Display Monitor,....) အစရှိတာတွေကိုအကုန်စစ်ပြီး Boot တက်ဖို့ Boot Device ကိုရှာပြီး ( များသောအားဖြင့် Hard Disk ထဲက Boot Partition နဲ့ System Partition ကိုရှာပြီး )Boot တက်ပါတယ်.....
ပြီးတော့ ကျွန်တော်တို့အလုပ်လုပ်သမျှအားလုံးကိုကိုလည်း Hard Disk ရဲ့ C partition( Documents တွေ...Desktop တွေ...Downloads တွေပေါ့) နဲ့ D Partition ( များသောအားဖြင့် windows ပျက်သွားရင်တော့ အဲဒီထဲမှာထည့်ထား ရင်မပျက်နိုင်တဲ့ Data Partition ပေါ့) ထဲမှာထည့်ထားလေ့ရှိပါတယ်....ဆိုတော့ ဒါတွေကအရေးအကြီးဆုံးသော (ဆိုလိုတာက အကောင်းအတိုင်းရမှဖြစ်တဲ့ ) data တွေပါ ...
ဒီလိုအရေးကြီးတဲ့ data တွေထဲမှာကိုယ်သုံးနေတဲ့အလုပ် တွေ...database backup file တွေလည်းရှိနေနိုင် ပါတယ်...ဆိုတော့ Disaster တခုခု ( မီးဘေး...ရေဘေး...ငလျင်ဘေး စတဲ့သဘာဝဘေးအန္တရယ်တခုခုကြောင့်....) ထိခိုက်ပျက်စီးဆုံးရှုံးနိုင်တယ်ဆိုတာကိုလည်းသိထားရပါတယ်....ဒီတော့ ဒီလိုမျိုးဘေးမျိုးအတွက်ကြိုတင်ပြင်ဆင်မှုအနေနဲ့ ကျွန်တော်တို့ဟာ Backup ကိုအသုံးပြုပါတယ်....
*** ပြီးခဲ့တဲ့အလုပ်မှာတုန်းက နိုင်ငံ ခြားသား အထက်လူကြီးက ဒီလို Disaster Recovery အတွက်မင်းဘာတွေပြင်ဆင်ထားလဲ ဆိုပြီးမေးဖူးတယ်....ကျွန်တော်က IT Sales & Services Technical Base ကနေလာတဲ့လူဆိုတော့ စိတ်မပူပါနဲ့လို့....တကယ်လို့ ၂ ရက်နေ့မှာ disaster တခုခု ဖြစ်လို့ရှိရင် ၁ ရက်နေ့က Backup နဲ့ ငါတို့ business ကို ပြန် operate လုပ်နိုင်တယ်လို့ ပြောတော့...သူကပြုံးတယ်... မင်းယူထားတဲ့ backup ကအလုပ် ဖြစ်ရောဖြစ်နိုင်လို့လားတဲ့...
အဲတာနဲ့သူကို စမ်းပြလိုက်တယ်...ရလဒ်ကို သူကျေနပ်သွားတယ်....တခုတော့ပြော သေးတယ်....အဲဒီ Backup တွေထားဖို့ Storage လိုမှာပေါ့တဲ့........လိုမှာပေါ့...ဘာ backup မှလည်းမရှိပဲနဲ့ ငါတို့ business လည်း run လို့မရဘူးဆိုတာထက် ငါတို့ မှာ backup တွေရှိထားတာကပိုကောင်းတာပေါ့လို့...ဒါက ငါတို့ IT တွေရဲ့ Responsibilities ပဲလေ ့ဖြေလိုက်တာ သူကျေနပ်သွားတယ်...ဘာမှဆက်မပြောတော့ဘူး....နိုင်ငံခြားသားတွေဟာ အလုပ်ကိုစေ့စေ့စပ်စပ်နဲ့ သေသေချာချာလုပ်မှကြိုက်ပါတယ်....အထူးသဖြင့် technical နဲ့ပတ်သက်ရင် အတွေ့အကြုံရယ် ...ကျွမ်းကျင်မှုတွေနဲ့လည်းပေါင်းစပ်ပြီးပြောနိုင်ရပါမယ်...****
အဲဒီတုန်းကကျွန်တော်တာဝန်ယူထားရတဲ့ Server Farm က Company ရဲ့ Finance Server တွေဆိုတော့ ပိုပြီးလည်းတာဝန် ကြီးပါတယ်...ဒါပေမယ့် ကျွန်တော့်အတွေ့အကြုံတွေနဲ့အတူ ဒီ backup နည်းလမ်းကိုလည်းသုံးတယ်....ကျွန်တော့်ရဲ့ data center ကနေယူလို့ရတဲ့ backup mechanism တွေရယ်ကြောင့် Backup Tier ၄ - ၅ ခုလောက်နဲ့ ဆိုတော့ အေးဆေးပေါ့...
ကျွန်တော်က ကျွန်တော့် ပညာနဲ့အတွေ့အကြုံနဲ့ ဆိုတော့ ( ဘာလုပ်ရင်ဘာဖြစ်မယ်ဆိုတာလည်း သိထားတော့) အေးဆေးပေါ့...ခုနကအထက်လူကြီးဆိုရင်လည်း အဲဒီလိုမျိုးသူ့ကို simulation စမ်းပြပြီးကတည်းသဘောပေါက်သွားတာ...နောက်ဆိုရင် backup နဲ့ပတ်သက်တဲ့ကိစ္စဆိုရင် ကိုယ့်ဆီကိုပဲရောက်ရောက်လာတော့တာ.... :)
ဆိုတော့ Backup နဲ့ပတ်သက်ပြီးသုံးလို့ရတဲ့ Solutions တွေကတော့အများကြီးပါပဲ... OS တွေမှာရှိပြီးသား Backup တွေရယ်....အခြားသော third-party vendors တွေက ထုတ်တဲ့ Solutions ပေါင်းများစွာရှိကြပါတယ်..ဒါပေမယ့် တကယ့်တမ်းမှာတော့ အမြန်ဆုံးနဲ့ မူလအတိုင်းကို အမြန်ဆုံး Recovery လုပ်နိုင်ရမယ့်..Core Backup ကြီးရှိကိုရှိပါမယ်.... နောက်မှ partial backup ပြန် run နိုင်ရပါမယ်.....
Core Backup ကြီးကနေ Recovery Time အမြန်ဆုံးလည်းဖြစ်နိုင်ရမယ်....Partial Backup ပြန် run လိုက်တာနဲ့ disaster မဖြစ်ခင်ကအခြေအနေထိပြန်ရောက်နိုင်ရပါမယ်...ဒါမှသာ.. သင်လုပ်ထားတဲ့ Backup ရဲ့အကျိုးကျေးဇူးကိုခံစားရမှာပါ....
ဆိုတော့ Backup နဲ့ပတ်သက်ရင်ဆွေးနွေးစရာတွေကတော့အများကြီးပါပဲ...ဒါပေမယ့်အခု post မှာတော့ ကျွန်တော်တို့အ နေနဲ့ Disaster လို့ခေါ်တဲ့ သဘာဝဘေးအန္တရယ်တခုခုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေ နဲ့ Business Continual Plan အရ ...Recovery Time ဘယ်လောက်အထိလိုမလဲ...ကိုယ့် backup က Disaster မဖြစ်ခင်ကအခြေအနေ အထိပြန်ရယူနိုင်သလား...ဒါတွေကို အကြမ်းဖျင်းဗဟုသုတအနေနဲ့ရေးသားလိုက်ရပါတယ်...နောက်များမှာ Backup mechanism တွေအကြောင်းရယ်...Core Backup တွေအကြောင်း....Partial Backup အကြောင်းတွေကိုပါထပ်မံရေးသားသွားပါအုံးမယ်.....
*** တကယ်လို့ သင့်လုပ်ငန်းလိုအပ်ချက်အတွက် Backup Solution အကြောင်း စုံစမ်းမေးမြန်းချင်တယ်ဆိုရင် TRC Technology Group နဲ့ဆွေးနွေးတိုင်ပင်နိုင်ပါတယ် ***
အားလုံးပဲပညာဗဟုသုတကြွယ်ဝတိုးတက်ကြပါစေ...
လေးစားစွာဖြင့်
Phyo Sithu


No comments:
Post a Comment