Friday, March 11, 2022

Microsoft Outlook 2013 ရဲ့ Security Update

 မိတ်ဆွေ...သင်ဟာ Microsoft Outlook 2013 ကိုသုံးနေတဲ့သူတစ်ယောက်လား...ဒါဆိုရင် သင့်စက်ထဲက Microsoft Outlook 2013 က Version 15.0.4569.1503 ဖြစ်နေလား...ဒါဆိုရင် သင့် outlook ကိုဖွင့်တိုင်းဒီလိုမျိုး message ‌box လေးကျလာမှာပါ


အဲဒီလိုပေါ်နေပြီးတော့ Email တွေက Sent တွေလည်းမထွက် ...Inbox ထဲကိုလည်းအသစ်တွေမဝင် ဘူး ဖြစ်နေပါလိမ့်မယ်... အဲတာဆိုရင် KB-4011178 ကို update လုပ်ဖို့လိုအပ်လာပါပြီ....

KB-4011178 ဆိုတာက - Cybercriminal ကပြုပြင်ထားတဲ့ -crafted လုပ်ထားတဲ့ office တခုခု ( word တို့...excel တို့လို) ကို outlook ကနေပို့လိုက်တဲ့အခါ outlook ထဲကနေ double-click လုပ်ပြီးဖွင့်လိုက်မိတဲ့အခါ Remote Code Execution လို့‌ခေါ်တဲ့ အဝေး‌ကနေ ကိုယ့်စက်ကိုလှမ်းပြီး access လုပ်လို့ရတဲ့ security hole ကို fixed လုပ်ပေးတာဖြစ်ပါတယ်..(CVE-2017-11776 အရ အဲလို vulnerable ရှိနေတာပါ) ..

အန္တရာယ်လည်းများတဲ့အတွက်ကြောင့် Microsoft ကနေ ဒီလို security hole ရှိနေတဲ့ Microsoft Office 2013 version သုံးထားတဲ့စက်တိုင်းမှာ ခုနကလို message box ကျပြီး Inbox ထဲကို mail အသစ်လည်းပေးမဝင်တော့သလို sent တွေကိုလည်းယာယီပိတ်ထားရပါတယ်....

ဒါဆိုရင် အဲဒီ KB-4011178 ကိုဘယ်လိုရနိုင်မလဲ...Microsoft Website ကနေ တရားဝင် download လုပ်တာကတော့ အကောင်းဆုံးပါပဲ..ဘာလို့လဲဆိုတော့ တခြား site တွေကနေဆိုရင် security ပိုင်းအရစိတ်မချရတဲ့အတွက်ကြောင့်မို့လို့ Microsoft Site ကနေ down တာကတော့ အကောင်းဆုံးပါပဲ...ကိုယ်တိုင်လုပ်ဖို့အဆင်မပြေဘူးဆိုရင်တော့ IT နားလည်တဲ့သူတယောက်ယောက်နဲ့ တိုင်ပင်ပြီးလုပ်ဆောင်သင့်ပါတယ်..

အားလုံးလည်းဗဟုသုတပြည့်စုံကြွယ်ဝပြီး Cyber Criminal တွေရဲ့ဘေးရန်ကနေ ကာကွယ်နိုင်ကြပါစေဗျာ

လေးစားစွာဖြင့်

Phyo Sithu

No comments:

ping script ေလးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...