OS (Operating System )ဆိုတာကတော့စက်ကိုအသုံးပြုဖို
့ရဖို့ အတွက် system ပိုင်းကိုမောင်းနှင်ပေးတဲ့ software တစ်မျိုးဖြစ်ပါတယ်။(ဥပမာ-Computer
system တွေကိုအသုံးပြုနိုင်ဖို့   ဖို့ windows
,Linux ,Mac တို့ လိုအပ်သလို Mobile Phone တွေအသက်ဝင်ဖို့ symbian OS, IOS,Andriod
တို့ ရှိမှ mobile phone တွေကိုအသုံးပြုလို့ ရမှာဖြစ်ပါတယ်)
Microsoft ကထုတ်တဲ့windows os products တွေဟာနာမည်ကြီးသလိုထပ်မံထွက်ပေါ်လာတဲ့features
တွေကလည်းစိတ်လှုပ်ရှားဖွယ်တွေနဲ့ ပြည့်နှက်ပြီး windows product တစ်ခုထွက်တိုင်းထွက်တိုင်းမှာအသံတွေကြားရသလိုပွဲလည်းဆူခဲ့ပါတယ်(windows
vista ထွက်ပြီးသိပ်မကြာခင်မှာ OS loading လေးတယ်၊နောက်တစ်ချို့ သော software တွေနဲ
့compatible မဖြစ်ဖူး၊ network sharing center ကြီးကလည်းလက်ရှိ network engineer တွေကိုမျက်စိလည်စေခဲ့ပါတယ်…စတဲ့အသံတွေကြားနေခဲ့ရသလို
windows 7 ကောင်းတယ်…သုံးရတာပေါ့တယ်ဆိုတာကိုလည်းကြားရပြန်ကော…….)
သူရဲ့ evolution ကလည်းစိတ်ဝင်စားစ၇ာကောင်းလှပါတယ်…သမိုင်းကြောင်းအရ
OS တွေစထုတ်ပြီးပြိုင်ဆိုင်လာခဲ့ရတဲ့ ကွန်ပျူတာခေတ်ဦးကာလတုန်းကတော့ windows ဆိုတာခုလိုပုံစံမျိုးမဟုတ်သေးပါဖူး၊ခုခေတ်နဲ
့ယှဉ်ရင်တော့အဖိုးအိုကြီးပုံစံပေါက်နေပါပြီ၊windows ဆိုတာcommand တွေနဲ့ ဖွဲ့ စည်းထားပြီး
command တွေမရရင်သုံးရတာအဓိပ္ပာယ်မရှိပါဖူး……
…အဲဒီခေတ်တွေတုန်းကwidows
ဟာ novell ရဲ့ netware , unix ,apple ရဲ့ mac OS တို့ နဲ့ အပြိုင် တိုးခဲ့ရပါတယ်…
![]()  | 
| windows 95 | 
command တွေနဲ
့သုံးရတဲ့အဲဒီခေတ်က windows က user friendly မဖြစ်ခဲ့တာကတော့အသေအချာပါပဲ……..အဲဒီခေတ်တုန်းကတော့
Mac ကဆရာကြီးပေါ့ဗျာ….တကယ်လည်းကောင်းခဲ့တာကိုး Mac ရဲ့ graphic ကလည်း ဒီဇိုင်နာတွေနဲ
့အသုံးပြုသူတွေကိုဖမ်းစားထားနိုင်ခဲ့တာကိုး….ဒါပေမဲ့နောက်ပိုင်းမှာတော့ windows က တဖြည်းဖြည်းနဲ
့ သူ့ windows products တွေကို စိတ်ဝင်စားစရာဖြစ်အောင်၊အသုံးပြုရမှုလွယ်ကူအောင်၊Graphic
User Interface (GUI) လို့ ခေါ်တဲ့ desktop environment ကို keyboard,mouse တို့ နဲ
့အလွယ်တကူထိန်းချုပ်အသုံးပြုလို့ ရလာအောင်( command တွေနဲ့ ချည်းမဟုတ်ပဲ)၊software
တွေကိုအလွယ်တကူအသုံးပြုလို့ ရနိုင်အောင် ပြုပြင်ပြောင်းလဲမှုတွေနဲ့ ဖြစ်လာတဲ့အခါမှာတော့
အခြား OS တွေက နောက်ကျကျန်ခဲ့ပါတယ်…သူအောင်မြင်ရတဲ့ နောက်တစ်ချက်ကတော့ သူက ဆင်းရဲတဲ့နိုင်ငံတွေကိုသူ
့ရဲ့ software တွေကိုကူးပြီးသုံးတာကိုခွင့်ပြုပေးပါတယ်…Pirate Copy တွေကိုအသုံးပြုခွင့်ပေးတယ်(Pirate
copy ဆိုတာကတော့ကျွန်တော်တို့ VCD ခွေရောင်းဆိုင်ကကူးခွေတွေလိုပေါ့ဗျာ။အခြား OS တွေကတော့အဲလိုသုံးလို
့မရတာ ခုလက်ရှိ ipad IOS 4 ကိုကျွန်တော်တို့  Jailbreak(crack)လုပ်ပြီးသုံးနေရတာကိုကြည့်ပါတော့ဗျာ)အဲဒါကြောင့်
windows xp ခေတ်ကာလမှာmicrosoft ဟာထိပ်ဆုံးကိုရောက်ရှိလာခဲ့ပါတယ်။
Windows
Vista ခေတ်မှာကတော့ windowsရဲ့ တစ်ချို့ သောအားနည်းချက်တွေ၊security hole တွေကြောင့်ပွက်လောညံခဲ့သလိုXP
ကနေသူက network ပိုင်းဆိုင်ရာအပြောင်းအလဲတွေပြုလုပ်လာခဲ့ပါတယ်။
![]()  | 
| windows vista | 
microsoft
အသိအမှတ်ပြုစာမေးပွဲတွေမှာလည်း windows vista စာမေးပွဲတွေကိုထည့်သွင်းလာပြီးအရင်ခေတ်ကရှိခဲ့တဲ့MCSE
သမားတွေကထပ်တိုးဘာသာအနေနဲ့ ထပ်ဖြေခဲ့ရပါတယ်…windows vista နဲ့ တွဲဖက်အသုံးပြုတဲ့
windows server 2008 ကိုထပ်တိုးပြင်ဆင်လာခဲ့ပြီး MCITP (Microsoft Certified IT
Professional)အဖြစ်ထပ်မံပြင်ဆင်လာခဲ့ပါတယ်
![]()  | 
| windows server 2008 | 
၊နောက်တော့
windows 7 ကိုပြင်ဆင်လာခဲ့ပြီး တရားဝင် launch မလုပ်ခင်ကတည်းကလူတွေစိတ်ဝင်စားမှုကိုရယူလာခဲ့သလို
တရားဝင်ထွက်လာတဲ့အခါမှာလည်းလူကြိုက်အများဆုံး OS အဖြစ်ရပ်တည်လာခဲ့တာယနေ့ ထိပဲဆိုပါတော့...သူ
့ရဲ့ စွဲမက်ဖွယ်ရာ Windows Aero Features , နောက်သူ့ ၇ဲ့ loading တက်တာမြန်ဆန်ခြင်း၊
networking security ပိုင်းဆိုင်ရာလုံခြုံမှုတွေ (Home Group Sharing,Public
sharing)တွေကလည်း user တွေကိုစိတ်ကျေနပ်စရာအပြည့်အ၀ပေးစွမ်းသလို လုံခြုံမှုတွေလည်းရှိခဲ့ပါတယ်….
![]()  | 
| windows 7 Aero Feature | 
![]()  | 
| windows 7 home group | 
နောက်ပြီးတော့
အရင် windows xp ထက်စာရင် boot manger နဲ့ windows တက်တာကိုထိန်းချုပ်ထားတာမို့ လို
့အရင် windows တွေလိုမျိုး တွေလို built-in administrator account ကိုဖွင့်ထားတာမျိုးမဟုတ်တောပဲပိုပြီးလုံခြုံမှုရှိလာစေခဲ့ပါတယ်…
![]()  | 
| UAC control | 
(သူ့ ရဲ့ User
Access Control (UAC) ကလည်း Parental Control ကို support လုပ်ခဲ့တာကြောင့်
computer တစ်လုံးတည်းကို အဖေ၊အမေ၊သားသမီး user account တွေခွဲသုံးထားတာကိုထိန်းချုပ်တာမှာအဆင်ပြေခဲ့ပါတယ်)၊အင်တာနက်အသုံးပြုဖို
့အတွက် Internet Explorer 8 ပါဝင်ပြီး smart screen filter ဆိုတာထည့်သွင်းပေးထားတဲ့အတွက်
phishing(hacking လုပ်ခြင်းတစ်မျိုး) လုပ်တဲ့ website တွေကိုကာကွယ်ပြီးသားဖြစ်သလို
security hole တွေကိုလည်းပြုပြင်ထားခဲ့ပါတယ်…..နောက်ပြီးတော့ windows ကို voice
control နဲ့ ထိန်းချုပ်နိုင်တဲ့ features တွေထည့်ထားတာမို့ သုံးတဲ့သူတွေအတွက်လူကြိုက်များစေခဲ့တာလည်းဖြစ်တာပေါ့
ခုနောက်ပိုင်း
tablet PC share တော်တော်များများကိုရယူပြီးနေရာတစ်ခုကိုယူထားနိုင်ပေမယ့်လည်းအရှိန်အဟုန်နဲ
့နာမည်အကြီးဆုံးကိုတော့မကျော်လွှားနိုင်သေးပါ။
![]()  | |
| Mac OS X | 
 Microsoft အနေနဲ့ ကလည်းအောင်မြင်မှုသရဖူကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို
့အတွက် windows 8 မှာအရင် windows 7 တုန်းကအားနည်းချက်တွေကိုဖြေရှင်းပြီးပိုပြီးကောင်းမွန်တဲ့
့နေရပါပြီ။( windows 8 beta version မှာ တော်တော်များများပြုပြင်ပြောင်းလဲထားတာကိုတွေ
့ရပါတယ်)
![]()  | |
| window 8 interface | 
![]()  | 
| windows 8 | 
 Desktop Interface ကိုလည်းလုံးဝအံ့သြစရာကောင်းလောက်အောင်ကိုပြင်ဆင်ထားပြီ
picture password protect & lock တွေနဲ့ စိတ်လှုပ်ရှားစရာကောင်းလောက်အောင်ကိုပြင်ဆင်နေပါပြီ……microsoft
phone တွေမှာပါ run နိုင်အောင်လုပ်ထားတဲ့အတွက် ခု technology revolution က
microsoft အတွက် OS မျက်နှာပြင်တစ်ဖက်တည်းအသာစီးရဖို့ ထက်ကို table pc , mobile
platform တွေအထိကိုပါ ချဲ့ ထွင်တိုက်ပွဲဝင်လာပြီလားဆိုတာကတော့စောင့်ကြည့်ရမယ့်အနေအထားတစ်ခုပဲဖြစ်ပါတော့တယ်…ခင်ဗျား
No comments:
Post a Comment