Wednesday, March 28, 2012

Web Browser ဆိုတာဘာလဲ?



Web Browser ဆိုတာကတော့သင့် ကိုအင်တာနက်အသုံးပြုနိုင်ဖို့ အတွက် Web Site ကြည့်တဲ့အသုံးပြု software တစ်မျိုးကိုခေါ်ပါတယ်။(ဥပမာ- ကျွန်တော်တို့ ညဘက်မှာ ကြယ်တွေကိုအနီးကပ်ကြည့်ချင်ရင် ကြယ်ကြည့်မှန်ပြောင်းကိုအသုံးပြုကြရပါတယ်။ဒီဥပမာထဲကအတိုင်းဆိုရင် Internet က ကြယ်တွေပေါ့ဗျာ၊ကိုယ်ကြည့်ချင်တဲ့ကြယ်ကိုအနီးကပ်ကြည့်လို့ ရသလိုပေါ့…Web Browser ကတော့မှန်ပြောင်း၊ကြည့်တဲ့သူကတော့ကျွန်တော်တို့ ကိုယ်တိုင်ပေါ့)။Networking မှာတော့ OSI 7 layer က application layer မှာ web browser က အလုပ်လုပ်ပါတယ်။ ဒီ Web Browser ထဲမှာအလုပ်လုပ်တဲ့ tools တွေကအများကြီးပဲဗျ။


 network protocol( network ရဲ့ machine language or rules ) တွေ၊နောက် Add-on (ထပ်တိုးသုံးစွဲစရာတွေ)၊ flash player တွေ(flash movies တွေဖွင့်နိုင်ဖို့ )၊နောက် Certifiacate (ဒီ browers နဲ့ တရားဝင်သုံးစွဲခွင့်အသိအမှတ်ပြု digital certificate ပေါ့)၊ SSL လို့ ခေါ်တဲ့ connection ပေါ်မှာ secure socket layer တွေအဖြစ်စစ်ဆေးစေတဲ့ functions တွေ၊ကိုယ်ကြိုက်ရာစာတွေပုံတွေကိုကိုယ့်စက်ထဲသိမ်းနိုင်တဲ့ Download လုပ်ခွင့်နဲ့ button တွေ ၊နောက်စက်ထဲမှာကိုယ် installed လုပ်ထားတဲ့ကိုယ့်ရဲ့ mother language fonts (Zawgyi,Myanmar3,..)တွေနဲ့ ကြည့်ရှုခွင့် fonts option တွေ၊ ကိုယ်ကြည့်ခဲ့တဲ့ Website တွေ၊ ကိုယ်သုံးခဲ့တဲ့ history တွေကိုဖျက်ပစ်ချင်ရင်သုံးတဲ့ Clear Option တွေ၊Version ကိုစစ်ပြီး Connection ရရင်နောက်ဆုံးပေါ် version ထိမြှင့်မလား( Mozilla Firefox) လုပ်ဆောင်ချက်တွေ၊ ကြည့်နေတဲ့ cache တွေကို ဘယ်လောက်ထိပဲသိမ်းမယ်ဆိုတဲ့ လုပ်ပိုင်ခွင့်တွေ၊ကိုယ့်ရဲ့ web ပေါ်က mail တွေ၊ social site တွေကို web browser ထဲမှာမှတ်ထားမလား၊မမှတ်ထားဖူးလားဆိုတာတွေ…အများကြီးပဲဗျ။



ကျွန်တော်ပြောသလိုဆိုရင် Web Browser တွေကလုပ်ဆောင်ချက်တွေစုံလှချည်လားလို့ ကြည့်တဲ့သူတွေမေးပါလိမ့်မယ်။ဒီထက့်ကိုအများကြီးကျွန်တော်မသိသေးတာတွေလည်းရှိပါ သေးတယ်၊ (Web Browser တစ်မျိုးကို ရေးတဲ့ Programmer တွေကအများကြီးပဲဆိုတော့ သူ့ ရဲ့ function တွေပြည့်ပြည့်စုံစုံကိုတော့ကျွန်တော်လည်းခုထိလေ့လာနေတုန်း၊သင်ယူနေဆဲပါ၊အထူးသဖြင့်တော့ Networking ပိုင်းလုပ်နေကြတဲ့သူတွေကို Application layer မှာအလုပ်လုပ်တဲ့ Web Browser ဆိုတာကို..သြော်..စာထဲမှာတော့ application layer မှာ web browser အလုပ်လုပ်တယ်၊ဒီလောက်လေးနဲ့ သိတာလေးကိုမရပ်စေချင်ပါဖူး....web browser တွေကနေအလုပ်လုပ်တဲ့လုပ်ဆောင်ချက် applicaton ပိုင်းတွေကိုတော်တော်များများစူးစမ်းလေ့လာစေချင်ပါတယ်။ရိုးရိုးအသုံးပြုသူများကိုလည်းလက်ရှိသိနေတာထက်ကို တစ်ခုခုပိုသိစေချင်လို့ ဒါလေးကိုရေးလိုက်ရတာပါ။ ကဲ…ပြောတာတွေလည်းများပြီ၊ဒါလောက်ဆိုရင်တော့web browser အကြောင်းနည်းနည်းရုပ်လုံးပေါ်လာပြီထင်တယ်။


 Web Browser တွေကို Internet Web Sites တွေကြည့်ရာမှာသုံးကြသလို၊ online ကနေ FTP(File Transfer Protocol) နဲ့ အသုံးပြုတဲ့ FTP server/client တွေ၊နောက်ကိုယ်တိုင်ရေးထားတဲ့ Static Web site တွေကိုစမ်းပြီး run ကြည့်တဲ့နေရာမှသုံးသလို၊ router တွေ၊ Wireless Router တွေ၊ Access Point တွေ ကို configure လုပ်တဲ့နေရာတွေမှာအသုံးပြုကြပါတယ်။ Web Mail တွေ(bagan mail,Yatanarpon Mail,MPT Mailတွေ)ကို outlook express ကနေသုံးနိုင်ရုံမက Web Browser ပေါ်ကနေလည်းအသုံးပြုနိုင်ပါသေးတယ်။တစ်ချို့ နေရာတွေမှာ Web Site တစ်ခုကိုဖွင့်တာနဲ့ အသုံးပြုခွင့်ကို user name နဲ့ password box ဖြည့်မှအင်တာနက် သုံးလို့ ရတဲ့အထိ Web Browser တွေကိုသုံးလို့ ရသလိုကျွန်တော်မသိနိုင်သေးတဲ့အသုံးပြုနိုင်မှုတွေလည်းရှိအုံးမှာပါ။ ဒါဆိုရင်ဒီ web browser တွေကိုထုတ်လုပ်တဲ့သူတွေကိုလည်းသိချင်နေမှာပေါ့။ ကျွန်တော်တို့ က windows Operating Sytem ကိုအသုံးပြုတာဆိုရင် Microsoft က Internet Explorer ကိုတစ်ခါတည်း Windows OS ထဲမှာတစ်ခါတည်းထည့်ထားပေးပြီးသားဗျ။ Linux သုံးမယ်ဆိုရင်တော့ Mozilla Firefox ကို default ထည့်ထားပေးပါတယ်( Linux OS ကတော့ Open Source(without license needs) ဆိုတော့Firefox ကိုထည့်ပေးတာပေါ့ဗျာ-Firefox ကလည်း Open Source Software လေ)။Apple ရဲ့ Mac/IOS တို့ ဆိုရင်တော့ Safari ပေါ့ဗျာ။အခုပြောနေတာက OS မှာတစ်ခါတည်းပါတဲ့ Web Browser တွေပါ…သူတို့ ထုတ်တဲ့ OS တွေထဲမှာအဲဒါတွေက default ကိုပါပြီးသား။


ဒီလိုဆိုတော့အခြားထုတ်လုပ်တဲ့သူတွေကောမရှိဖူးလား..ရှိတာပေါ့ဗျာ….Netscape ကနေ Netscape Navigator, Opera Org ကနေ Opera browser တို့ ၊ Google က google chrome တို့ ၊အခြား Sea Monkey Browser တို့ ၊ Flocks browser တို့ အများကြီးရှိပါတယ်။ဘယ်လောက်ပဲများပါစေ..သူတို့ အားလုံးရဲ့ လုပ်ဆောင်ချက်တွေကယေဘုယျအားဖြင့်တူညီကြပါတယ်။အသုံးပြုရတဲ့ functions လေးတွေနည်းနည်းကွာခြားသွားတာပဲရှိတာပါ။ ဟိုးအရင်တုန်းကတော့ web browser လောကမှာ netscape navigator ကဆရာကြီးပါ၊သုံးရတာလည်းမြန်တယ်ဆိုတော့ အဲဒီခေတ်တုန်းက Netscape တစ်ခေတ်ဖြစ်လိုက်ပါသေးတယ်။
နောက်တော့ Microsoft ကနေ Internet Explorer(IE) ကို သူ့ ရဲ့ windows os products တွေတိုင်းမှာထည့်သွင်းလာတော့ IE ကိုလည်းလူတွေတော်တော်သုံးလာကြပြန်ပါတယ်။သူ့ ရဲ့ logo ကတော့ e ကို circle လေးပတ်ထားတဲ့ပုံပါ.အစပိုင်းမှာတော့ IE က multi-tab ကို Support မလုပ်ခြင်း။browser ထဲမှ cache ကို search loadတာကြောင့်အနည်းငယ်နှေးကွေးခြင်းတို့ ကြောင့်လူကြိုက်နည်းခဲ့ပေမယ့်လည်းနောက်ပိုင်း version တွေမှာတော့ cache loading ကိုမြန်စေခြင်း၊ Smart Screen Filter လုပ်ခြင်းတို့ ကြောင့် နည်းပညာသစ်ကိုစိတ်ဝင်စားမှုတစ်ခေတ်ဆန်းစေခဲ့ပါတယ်။
နောက်တော့ Mozilla Firefox ပေါ်လာပါတယ်။ IE ထက်ကို Browser တစ်ခုတွင်း tab များစွာဖွင့်နိုင်ခြင်း၊loading မြန်ဆန်ခြင်း၊Free download ရသော Open Source Software ဖြစ်သောကြောင့် OS မရွေးသုံးနိုင်ခြင်း တို့ ကြောင့်လူကြိုက်များလာခဲ့ပါတယ်။
Search Engine ဘုရင်ကြီး Google ကလည်း သူ့ ရဲ့ chrome browser နဲ့ ဒီလောကထဲဝင်လာတဲ့အခါပြိုင်ဆိုင်မှုတွေကပိုပြီးပြင်းထန်လာခဲ့ပါပြီ။အကြံတူနောက်လူသာစမြဲဆိုသလို chrome က loading မြန်ဆန်ခြင်း၊ gmail login ၀င်ရာမှာမြန်ဆန်ခြင်း၊ browser base game များနှင့် အခြားသော browser ဆိုင်ရာ add-ons တွေနဲ့ google cloud Printing တို့ ကြောင့်သူရဲ့ နည်းပညာတွေနဲ့ ပြိုင်ဆိုင်မှုကပိုပြီးသိသာထင်ရှားလာခဲ့ပါပြီ။
နောက် Opera ကထုတ်တဲ့  browser ကလည်းတော်တော်များများသုံးကြပြန်ပါသေးတယ်။ဒါပေမဲ့သူ့ ရဲ့ အားနည်းချက်တွေမဖာထေးနိုင်ပဲ loading ကြာတာ၊fonts error တို့ ကြောင့်သုံးတဲ့သူနည်းသွားပြန်ကော။ ခုနောက်ပိုင်းခုနှစ်တွေမှ နာမည်ပြန်ကြီးလာတဲ့တစ်ကျော့ပြန် Apple ကလည်း သူ့ ရဲ့ Mac OS တွေနဲ့ i-devices(ipad,iphone)သုံး IOS တွေမှာသုံးတဲ့ Safari browser ဆိုတာလည်းရှိသေးတယ်။သူကတော့ Apple Products တွေနဲ့ ပဲသုံးလို့ အဆင်ပြေပါတယ်…အခြား OS တွေမှာတော့သိပ်အဆင်မပြေပါ Apple Safari browser pic Web Browser တိုင်းမှာအားသာချက်။အားနည်းချက်တွေရှိကြသလိုသုံးတဲ့သူရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီဖို့ ဆိုတာကလည်းအရေးကြီးပါတယ်။ဆိုလိုတာကကိုယ်သုံးမှာက web application ပိုင်းကိုအဓိကအားထားပြီးသုံးမယ်(office ,pagemaker တို့ ကိုသုံးတာနည်းမယ်။)ဆိုရင်တော့ Mozilla Firefox နဲ့ chrome ကိုသုံးသင့်ပါတယ်။ဘာလို့ လဲဆိုရင် Mozilla Firefox ကသူ့ ကိုစဖွင့်တဲ့အချိန်နဲ့ သုံးနေတဲ့အချိန်မှာ tab 7 ခုထက်ပိုသွားရင်နည်းနည်းလေးတတ်ပါတယ်၊ chrome ကတော့ Computer ရဲ့ hardware resource တွေကို ဖွင့်တဲ့ tab များလေလေယူသုံးတာများလေလေ..ပိုပြီးလေးလေပါပဲ။ဒါကြောင့်ကိုယ်သုံးမယ့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့browser မျိုးကိုရွေးချယ်သင့်ပါတယ်။တစ်ချို့ တစ်လေက computer ထဲကိုလိုတဲ့ software တွေရောမလိုတဲ့ software တွေကောအစုလိုက်အပြုံလိုက်ထည့်ထားတတ်ကြပါတယ်။ Web Browser Software တွေဆိုရင်လည်းလေးငါးခုလောက်နဲ့ အင်တာနက်ရရင်တစ်ခုပြီးတစ်ခုဖွင့်တတ်ကြပါတယ်၊ပြီးရင်တော့သူတို့ ကပြောတတ်သေးတယ်.စက်ကလေးတယ်ဆိုပဲ။ ၀န်နဲ့ အားမမျှတော့စက်ကသူမနိုင်တာတွေကို process မလုပ်တော့ စက် hang တာပေါ့။

No comments:

ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...