Friday, July 27, 2012
Video Conferencing နဲ့  voice over internet ဆိုတာ…………..
Video Conferencing ဆိုတာကတော့ရုပ်မြင်သံကြား chatting လုပ်ခြင်းဖြစ်ပါတယ်။ ရုပ်လည်းမြင်ရတယ် ။အသံလည်းကြားရတယ်။ text message နဲ့ လည်း chatting လုပ်လို့ ရပါတယ်။ တစ်နည်းအားဖြင့်ပြောရရင်
Video Conferencing = Voice + Data + Text Chat
ဖြစ်ပါတယ်။ ရိုးရိုးသာမန် chat program တွေကတော့ text နဲ့ voice လောက်သာအသုံးပြုလို့ ရနိုင်ပေမယ့် Video Conferencing program ကတော့ webcam ကနေသင့်လှုပ်ရှားမှု Data တွေကိုပါ ဟိုဘက်သည်ဘက် ချိတ်ဆက်ပြီးအသုံးပြုနိုင်စေပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၃ -၂၀၀၄ လောက်တုန်းက ဒီ video conferencing တွေခေတ်စားလာပါတယ်။ Mission impossible လိုမျိုး ရုပ်ရှင်တွေကနေတစ်ဆင့် ခေတ်စားလာပါတယ်။ နည်းပညာသုံးdevice တွေနဲ့ ချိတ်ဆက်ပြီးသတင်းအချက်အလက်တွေရယူကြတဲစွန့် စားခန်းတွေကိုကျွန်တော် တို့ လည်းကြိုက်ခဲ့ကြပါတယ်။ 
Video Conferencing အတွက် VZO chat
နောက်ပိုင်းတော့ iphone နဲ့ Android နွယ်ဝင်ဖုန်းတွေထွက်ရှိလာပြီးတော့ ခုဆိုရင် VZO chat ကနေစတင်ခဲ့တဲ့ Video Conferencing Software တွေဟာခုဆိုရင် viber တို့ tango တို့ အထိဖြစ်လာခဲ့ပါပြီ။ နောက်ပိုင်းပေါ်တဲ့ softwares တွေကျတော့ function တွေပိုမြင့်လာပြီးတော့ free voice call, free sms call တွေပါ ရလာပြီဖြစ်  ပါတယ်။
Tangon လည်း video conferencing software တစ်မျိုးဖြစ်ပါတယ်
အင်တာနက်ပေါ်မှာ ကျွန်တော်တို့ အသုံးပြုနေတဲ့ datas တွေဟာ packets တွေအနေနဲ့ လှည့်လည်သွားလာ   နေပါတယ်။ အဲဒီ packets တွေကို TCP/IP v4 ( Trasmission Control Protocol/Internet Protocol) လို့   ခေါ်ပါတယ်။ Operating System တိုင်း ( Windows, Mac OSX, Linux, Android , iphone ios …..) ဟာ TCP/IP နဲ့ အလုပ်လုပ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဟာ TCP/IP protocol ကို စံအဖြစ်အသုံးပြုပြီး  မတူညီတဲ့ devices တွေနဲ့ အင်တာနက်ကိုအသုံးပြုနိုင်ခြင်းဖြစ်ပါတယ်။ အခုကျွန်တော်တို့ ပြောတဲ့ Videos Conferencing ကျတော့ UDP ( User Datagram Protocol ) ကိုအသုံးပြုပါတယ်။ ဆိုလိုတာက TCP/IP ပေါ်  မှာ ပဲ Port နံပါတ်တစ်ခုသီးခြားယူပြီးတော့ connection established လုပ်ပါတယ်။
UDP ကတော့ file sharing ပိုင်းတွေမှာကျွန်တော်တို့ အဓိကအသုံးပြုကြပါတယ်။ပြီးတော့ခု Video Conferencing မှာသုံးပါတယ်။ ဒီတော့ သူ့ package  ကြီးဟာနဂိုပုံမှန် TCP/IP ထက်ကိုပိုပြီးလေးလံကြီးမားတဲ့ အတွက် connection မကောင်းရင် အသုံးပြုရတာအဆင်မပြေပါ။ ဟိုဘက်ကပုံရိပ်ကိုဒီဘက်မှာ ထစ်ထစ်နဲ့ ပေါ် ပြီးတော့ streaming တွေကြာလေ့ရှိပါတယ်။ voice call တွေမှာအသံမကြည်တာတို့ …ကိုယ်ခေါ်သူမကြား  သူခေါ်ကိုယ်မကြားတို့ ဟာ အဲဒီ package တွေအပိုင်းအပိုင်းအပြတ်ပြတ်နဲ့ ဟိုဘက်သည်ဘက် ကိုဆက်သွယ်  မိနေလို့ ပါ။ ဒီတော့ ကျွန်တော်တို့ ဟာ video conferencing အသုံးပြုမယ်ဆိုရင် connection ကောင်းဖို့ လိုသ  လို၊သုံးနေစဉ်လိုင်းပြတ်တောက်မသွားဖို့ လိုပါတယ်။ နောက် Yatanarpon teleport ကထုတ်တဲ့ Ytalk တို့ Pfingo တို့ ကျပြန်တော့ paid plan နဲ့ local port , external port တွေကိုဖွင့်ပေးထားတဲ့အတွက်အသုံးပြုနိုင် ကြတာဖြစ်ပါတယ်။
ဖက်အသုံးပြုနိုင်တဲ့ video conferencing ကိုလုပ်ဆောင်နေပြီဖြစ်ပါတယ်။
 ဘယ်လိုပဲ software တွေကောင်းကောင်း အင်တာနက်လိုင်းအပေါ်မှာမှီခိုနေရတဲ့အတွက် အင်တာနက်လိုင်းကောင်းဖို့ အဓိကဖြစ်ပါကြောင်းရေးသားလိုက်ရပါတယ်။
No comments:
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...