Thursday, August 30, 2012
Android ဖုန်းတွေမှာ free space ပိုထွက်အောင်
ကျွန်တော်လည်းဖုန်းနဲ့ ပတ်သက်တာတွေမတင်ဖြစ်တာတော်တော်ကြာပြီဆိုတော့ဖုန်းနဲ့ ပတ်သက်တာလေး
တစ်ခုကိုရေးလိုက်ပါတယ်။ကျွန်တော်တို့ ရန်ကုန်မြို့ နဲ့ မြန်မာပြည်မှာ Android ဖုန်းတွေနဲ့ Android tablet
တွေအသုံးပြုကြတာများပါတယ်။
ဘာလို့ လဲဆိုတော့ iphone ထက်ဈေးသက်သာပြီး touch function တွေအသုံးပြုနိုင်ခြင်း၊ iphone apps များနဲ့ အတူ android version များထွက်ခြင်း၊ application များကို internet မှလွယ်ကူစွာ download ရယူနိုင်ခြင်း နဲ့ မြန်မာပြည်က phone network တွေနဲ့ အဆင်ပြေစွာတွဲဖက်အသုံးပြုနိုင်ခြင်းတို့ ကြောင့်
တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြတဲ့ ဖုန်းတွေဖြစ်ပါတယ်။
ဖုန်းတွေနဲ့ tablet တွေမှာပါဝင်တဲ့ internal memory ဟာတကယ်တော့မနည်းပါဘူး။ဒါပေမဲ့ကျွန်တော်တို့ 
application တွေနဲ့ data တွေထည့်ထားများသွားရင် free space မရှိတော့ဘူးဆိုပြီးပြလေ့ရှိပါတယ်။ခုနည်း
လမ်းကတော့ free space တွေနည်းနည်းပိုထွက်လာအောင် trick လုပ်တဲ့နည်းလေးတွေဖြစ်ပါတယ်။
ကျွန်တော်တို့ ခုလုပ်မယ့်နည်းလမ်းကတော့ apps တွေကိုသာ system ပေါ်မှာထားပြီး data တွေကိုတော့
Memory Card ပေါ်မှာထားမှာဖြစ်တဲ့အတွက်အထိုက်အလျောက်တော့ free space ရရှိစေမှာဖြစ်ပါတယ်။
ကြပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ က SD card (သို့ ) USB Storage ဆီကို ရွှေ့ ထားမယ်ဆိုရင်တော့ဖုန်း
memory မှာ free space ပိုများလာစေပါလိမ့်မယ်။ တကယ်လို့ SD Card (သို့ ) USB Storage မပါတဲ့
Galaxy Nexus မှာဆိုရင်တောင် Apps အတွက် partition တစ်ခု၊ USB Storage အတွက်သီးသန့်  
pertition တစ်ခုသပ်သပ်စီခွဲထားပေးတဲ့အတွက်ဒီနည်းလမ်းက Android Device တော်တော်များများ
အတွက်အသုံးတည့်မှာပါ။ 
အဲဒီလိုရွှေ့ ထားလိုက်ခြင်းအားဖြင့် Apps တွေဟာ ကောင်းမွန်စွာ operate လုပ်နိုင်ပါတယ်။ဘာလို့ လဲဆို
တော့ Cache ( Apps တွေအသုံးပြုမယ့်ယာယီ Datas တွေပေါ့) မှာတော့သက်ရောက်မှုနှစ်မျိုးဖြစ်နိုင်ပါ
တယ်။ 
ပထမတစ်ခုကတော့ကျွန်တော်တို့ ဟာ Apps တွေကို memory card ထဲကိုရွှေ့ နိုင်ပေမယ့် အဲဒီ apps 
အတွက် update တွေကိုတော့ apps တွေမရနိုင်တော့ပါဘူး။(ဆိုလိုတာက ဖုန်းထဲမှာဆိုရင်တော့ update 
ကိုလွယ်လွယ်ကူကူလုပ်နိုင်ပေမယ့် memory card ထဲမှာဆိုရင်တော့ မလွယ်တော့ပါဘူး။)
ဒုတိယတစ်ခုက computer နဲ့ ချိတ်ထားရင် memory card က disconnected ဖြစ်ပြီးအဲဒီ apps ကိုအသုံး
ပြုနိုင်မှာမဟုတ်ပါဘူး။ တစ်ချို့ သော apps တွေဟာ phone memory မှာ cache ကျန်တဲ့အတွက်တော့
သုံးနိုင်မှာဖြစ်ပါတယ်။ Live wallpapers, widgets, and launchers တို့ ကိုတော့အသုံးပြုနိုင်ပါတယ်။ 
ကဲ..စလိုက်ကြစို့ ဗျာ။....ဖုန်းထဲက setting ထဲကနေ application ကိုသွားလိုက်ကြစို့ 
ရောက်သွားရင် application ကိုနှိပ်လိုက်တယ်ဆိုရင် 
အဲဒါဆိုရင် application ထဲရောက်သွားမယ်။ အဲဒီမှာ Manage applications ဆိုတာလေးကိုနှိပ်လိုက်ပါ။ 
ပုံစံချင်းကခပ်ဆင်ဆင်ပါပဲ...အဲဒီမှာ application တစ်ခုခုကို နှိပ်လိုက်ရင် 
နောက်တစ်ခုကတော့ ဘေးနားက clear cache လုပ်လိုက်ပါ။ အဲဒါဆိုရင်နည်းနည်း free ဖြစ်သွားမှာပါ။
နောက်တစ်ခုကတော့ 
မလိုအပ်တဲ့ apps တစ်ချို့ ကို uninstalled လုပ်ပစ်ပါ။ ကျွန်တော်တို့ android ဖုန်းတွေမှာပုံမှန်အားဖြင့် 
free space ကြည့်တာမပါပါဘူး။ အဲဒါလေးကိုကြည့်ချင်ရင်တော့ 
လိုင်းကောင်းရင်တော့ကိုယ့်ဖုန်းထဲက Gallery ထဲကပုံတွေကို အပေါ်ကပြထားတဲ့ပုံလေးအတိုင်း 
google sky drive တို့ gmail တို့ မှာ သွားသိမ်းထားလိုက်ပါ။ မဟုတ်ရင်တော့ကိုယ့် computer (သို့ )
ကိုယ့် USB Device တစ်ခုခုမှာသိမ်းထားလိုက်ပါ။ 
ဒီလိုလုပ်မယ်ဆိုရင်အများကြီးမဟုတ်တောင်မှပဲကျွန်တော်တို့ Android device တွေဟာအထိုက်
အလျောက်တော့ free space တွေရရှိနိုင်မှာဖြစ်ကြောင်းအကြံပြုရေးသားလိုက်ရပါတယ်။
No comments:
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...