Friday, August 17, 2012

ကျွန်တော်....blogger



မြန်မာနိုင်ငံမှာအင်တာနက်စပေါ်ကတည်းကခေတ်စားခဲ့တဲ့ဝန်ဆောင်မှုတွေကတော့ chatting, gmail ,vzo chat , MIRC , youtube တွေနဲ့ အတူ blog တွေလည်းတစ်ခုအပါအ၀င်ဖြစ်ပါတယ်။ နောက်ပိုင်း
social network တွေ( facebook, hi5,twitter, myspace, ...) အစရှိတာတွေခေတ်စားလာပေမယ့်လည်း
blog တွေကခေတ်မတိမ်ကောပါ။ယနေ့ ထက်တိုင် Blog တွေဟာ ခေတ်စားနေဆဲပါပဲ။

Blog ဆိုတာကတော့ website အသေးစားလေးဖြစ်ပါတယ်။ Blog ဆိုတာကတော့ Web + log ကိုအတို
ကောက်ခေါ်ရာကနေ Blog ဆိုတာဖြစ်ပေါ်လာတယ်လို့ အဆိုရှိပါတယ်။အခေါ်အဝေါ်တွေဘယ်လိုပဲပြောင်း
ပြောင်း blog တစ်ခုရဲ့ လုပ်ဆောင်ချက်တွေကအံ့သြဖွယ်ရာတွေပါပဲ။ ပြီးတော့ကိုယ့် Blog ကိုကိုယ့်စိတ်
ကြိုက်ပြုပြင်မွမ်းမံခွင့်လည်းရှိပါတယ်။ လူမှုရေး Blog, စီးပွားရေး Blog ,နိုင်ငံရေး Blog ,နည်းပညာ Blog
နဲ့ သုတရသဆိုင်ရာ Blog များ အပြင်အခြားသောအမျိုးအစားဝင် Blog ပေါင်းများစွာရှိပါတယ်။




Blog တစ်ခုကနေပြီးတော့ email forwards တွေ google + တို့ လိုမျိုးတွေမှာပါ share လို့ ရတဲ့အတွက်
သတင်းအချက်အလက်နဲ့ ကိုယ်ရေးထားတာကိုအလျှင်အမြန်ဖြန့် ဝေလို့ ရပါတယ်။ Google က Blogger ကိုဝယ်ထားတဲ့အတွက် Blogger တိုင်းဟာ ကိုယ့် gmail ကနေပဲ blog ကို access လုပ်လို့ ရပါတယ်။ ဆိုလိုတာက gmail ကတစ်ခု ...blog ကတစ်ခုမဟုတ်ပဲနဲ့ gmail login ၀င်ထားရင် blog ကိုပါ access လုပ်လို့ ရပါတယ်။



ဝါသနာတူရာတွေစုပြီး ကိုယ့် blog ကို လူကြည့်များအောင်လုပ်နိုင်ပါတယ်။ ဒီနေရာမှာ social web တွေနဲ့ ကွာခြားချက်ကတော့ social web တွေက privacy level နဲ့ security setting တွေကို full control လုပ်နိုင်ဖို့ နည်းပါးပါတယ်။ခုချိန်ထိ facebook နဲ့ အခြားသော social web တွေဟာ အခြားသော လူတွေဆီကို ကိုယ့်ရဲ့ information တွေကို ကိုယ်မသိအောင် share နေလေ့ရှိပါတယ်။ blog မှာကတော့ visitor တွေကို သတ်မှတ်ပြီး access level ကိုပါ သတ်မှတ်လို့ ရပါတယ်။

နောက်တစ်ခုကတော့ ကိုယ်က ကိုယ့်နာမည်နဲ့ Domain တစ်ခုဝယ်ထားတယ်ဆိုပါတော့၊အဲဒီ domain ကို blog နဲ့ ချိတ်ဆက်ပြီးတော့ website အသွင်ဖန်တီးနိုင်ပါတယ်။(ဥပမာ...ကိုနေဘုန်းလတ် blog,ကိုညီနေမင်း blog, သစ်ထူးလွင် blog နဲ့ မနိုင်းနိုင်းစနေ blog တို့ လိုမျိုးပေါ့)။ blog တွေကနေတစ်ဆင့်သတင်းအချက်အလက်တွေရရှိနိုင်သလို blog ရဲ့ subscribe တွေ
ကနေတစ်ဆင့် ကိုယ့် blog ကနေ အသစ်တင်သမျှကို user တွေဖတ်နိုင်
စေတဲ့အကျိုးကျေးဇူးကိုလည်းရရှိစေပါတယ်။




ကိုယ့် blog ကိုကိုယ်ကိုတိုင်စိတ်ကြိုက်မွမ်းမံနိုင်ခွင့်မှာလည်း website တွေထက်သာပါတယ်။ website
တွေဟာ domain name(www.abc.com)+ web hosting တို့ နှစ်ခုတွဲဖက်ပြီးတော့ user တွေက browser ကနေ www.abc.com ဆိုပြီးရိုက်လိုက်တာနဲ့  web hosting ထဲမှာ website ရေးသူထည့်ထား
တဲ့ website datas နဲ့ web pages တွေကို loading လုပ်ပြီးဖွင့်စေတာပါ။ ဒီနေရာမှာ network security ပိုင်းအရ domain name နဲ့ web hosting တို့ ကိုလုံလုံခြုံခြုံဖြစ်အောင် kept လုပ်ဖို့ ကအေ၇းကြီးပါတယ်။
ခုတစ်လော *.gov.mm မှာ ကုလားစာတွေနဲ့ Hack အလုပ်ခံရတာတွေရှိပါတယ်။ အဲဒါတွေက domain
သော်လည်းကောင်း၊ web hosting မှာသော်လည်းကောင်း hacking အလုပ်ခံရတာမျိုးတွေဖြစ်ပါတယ်။

cbox တို့ လိုမျိုး chat bot တို့ လိုမျိုးနဲ့ download link တွေကိုလည်းထည့်သွင်းမွမ်းမံနိုင်သလို နာရီတို့ 
calander တို့ လိုမျိုး apps တွေကိုလည်းထည့်သွင်းနိုင်ပါတယ်။ Link တွေနဲ့ ချိတ်ဆက်ပြီးအခြားသော website များနဲ့ blog တွေဆီကိုလည်းသွားနိုင်ပါတယ်။ တစ်ချို့ blog တွေဆိုရင် flash တွေနဲ့ ပါ ရေးသား
နိုင်တဲ့အတွက်တော်တော့်ကိုအဆင့်မြင့်တယ်လို့ ပြောလို့ ရပါတယ်။



Blog ရဲ့ templates တွေကိုလည်း online မှာ free ရရှိနိုင်ပြီးမိမိစိတ်ကြိုက်ပြုပြင်မွမ်းမံနိုင်ပါတယ်။ နောက် တစ်ခုအားသာချက်တွေကကိုယ်တင်ထားတဲ့ post တွေကို facebook တို့ twitter တို့ မှာပါ share လုပ်နိုင်
ခွင့်ရှိတာပါပဲ။ real website ကြီးတွေထက် blog တွေဟာ loading ပိုများပြီးတော့ blog နဲ့ ပတ်သက်ပြီး အခက်အခဲတစ်စုံတစ်ရာရှိရင်ဖြေရှင်းပေးမယ့်ပညာရှင်တွေ၊အဖွဲ့ အစည်းတွေဟာလည်း online မှာအများ
ကြီးပါ။ ဒီတော့အခက်အခဲနဲ့ ပတ်သက်လို့ အခမဲ့ဆွေးနွေးနိုင်ပါတယ်။

Blogger ဟာအများစုဟာ ပိုက်ဆံမရကြပါ။ဝါသနာအရင်းခံပြီးတင်ကြတဲ့သူတွေများပါတယ်။ နောက်ပြီး Blogger တွေဟာ IT နည်းပညာရှင်တစ်မျိုးဖြစ်ကြတဲ့အတွက်သူတို့ ရေးတဲ့ Blog တွေနဲ့ ပတ်သက်ပြီး အနည်းနဲ့ အများ အန္တရာယ်ရှိကြပါတယ်။ (ကိုနေဘုန်းလတ်ဆိုရင် ထောင်ကျခဲ့ဖူးပါတယ်။အခြားသော blogger တွေမှာလည်းအဲလိုမျိုးတွေရှိပါလိမ့်မယ်။) ဒါပေမဲ့ဒီ IT နည်းပညာထဲကတစ်ခုဖြစ်တဲ့ blog ကို
မြတ်နိုးကြလို့ သာ ဆက်လက်ပြီးရေးသားနေကြတာဖြစ်ပါတယ်။




ထင်ရှားကျော်ကြားတဲ့မြန်မာလူမျိုး Blogger များ

ကိုနေဘုန်းလတ်
ကိုညီနေမင်း
မနိုင်းနိုင်းစနေ
သက်တန့် ချို  
နဲ့ အခြားသော blogger များ (ကျွန်တော်အမည်တွေမသိလို့ ဒီလိုကိုယ်စားပြုရေးလိုက်ပါတယ်)


ထင်ရှားတဲ့မြန်မာ Blog များ 

သစ်ထူးလွင် 
ညီနေမင်း...နည်းပညာ
နေဘုန်းလတ်...ကျွန်တော်လွတ်ကျခဲ့တဲ့မြို့ တော်...
မနိုင်းနိုင်စနေ Blog 
ကိုသက်တန့် ချို Blog 
 ဒေါက်တာလွမ်းဆွေ Blog 
ညမင်းသား Blog 
မြန်မာဘီယာဆိုင် Blog 
Myanmar Celebrity Blog 
ကိုဇော် Blog 
နဲ့ အခြားသော မြန်မာ Blog ပေါင်းများစွာ ရှိပါတယ်။

ကျွန်တော်တို့ တွေဟာကိုယ်တတ်သိနားလည်တဲ့ အကြောင်းအရာ၊ကိုယ်ကြုံတွေခံစားရတဲ့အကြောင်းအရာ
တွေကိုလွတ်လပ်စွာရေးဖွဲ့ နိုင်ပြီးကိုယ်တင်ပြတဲ့အကြောင်းအရာကိုလူတွေသိစေတဲ့အတွက် Blog တွေရဲ့ 
စွမ်းပကားကအံ့သြစရာပါပဲ။ Blog တွေရဲ့ စွမ်းအားကို ကြောက်ရွံတဲ့တစ်ချို့ သောနိုင်ငံတွေမှာတော့ Blog
တွေကိုပိတ်ပင်ထားလေ့ရှိပြီးကျွန်တော်တို့ ဆီမှာလည်း blog တွေကိုခွင့်ပြုလာတာမကြာသေးပါဖူး။
ကျွန်တော့် Blog ကို ၂၀၀၇ ခုနှစ်မှာစတင်ရေးခဲ့ပြီးအကြောင်းကြောင်းကြောင့်ရေးလို့ မရပဲခုမှသာပြန်လည်
ရေးသားခွင့်ရတာဖြစ်ပါတယ်။



Blog တွေဟာ online diary တစ်ခုအနေနဲ့ သော်လည်းကောင်း၊ကိုးကားချက်အနေနဲ့ သော်လည်းကောင်း၊ online စာကြည့်တိုက်တစ်ခုအနေနဲ့ သော်လည်းကောင်း အမျိုးမျိုးအဖုံဖုံအသုံးဝင်တဲ့အတွက် Blog တွေဟာအကျိုးပြု IT နည်းပညာတစ်ခုဖြစ်ကြောင်း၊ကမ္ဘာပေါ်မှာအကြောင်းအရာမျိုးစုံကိုဖော်ပြတဲ့ Blog ပေါင်းများစွာရှိပြီးဖတ်ရှုသူတွေအတွက် လွတ်လပ်တဲ့စိတ်ကူးအတွေးအခေါ်၊သုတရသ၊နည်းပညာ၊
ဗဟုသုတပေါင်းများကိုဖြန့် ဝေပေးလျက်ရှိကြောင်းရေးသားလိုက်ရပါတယ်။


No comments:

ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...