ဒီ update ကပိတ်နိုင်ပါပြီ။ အဲဒီ updateနဲ့ ပတ်သက်ပြီးမူရင်း အာဘော်ကိုဖတ်ချင်ရင်တော့ ဒီမှာ ပါ။
Francis Provencher ဆိုတဲ့ Network Security သုတေသီက Adobe Photoshop 6 ရဲ့ ဒီလုံခြုံရေးယို
ပေါက်ကိုတွေ့ ခဲ့တာဖြစ်ပြီး အဝေးတစ်နေရာကနေ အသုံးပြုနေတဲ့ user တွေရဲ့ စက်ထဲကို exploit လုပ်
နိုင်ကြောင်းကိုပါတွေ့ ခဲ့တာပါ။
Secunia advisory အရ "Standard MultiPlugin.8BF" ဆိုတဲ့ boundry module error ကြောင့် PNG
(Portable Network Group) ဓာတ်ပုံတွေကို processing လုပ်နေချိန်မှာဒီ Vulnerability ပွင့် လာပါ
တယ်။ အဲလိုဖြစ်လို့ ရှိရင် "tRNS" chunk size လို့ ခေါ်တဲ့ heap-based buffer overflow တစ်မျိုးကိုဖြစ်
စေပါတယ်။
လိုရင်ကတော့ဗျာ...အဲဒီဟာပွင့်သွားရင် သူနဲ့ စပ်ဆက်နေတဲ့ arbitrary code တွေ run ပြီး malicious
image တွေ ကိုဖွင့်မိအောင်လှည့်စားပြီးပွင့်စေတော့တာပါပဲ။
အဲဒီ Vulnerabilty ကို Windows နဲ့ Macintosh တွေမှာသုံးတဲ့ Adobe Photoshop CS6 ရဲ့ version 13.x.xx တွေမှာတွေ့ ရတာဖြစ်ပါတယ်။ (အတိအကျကတော့ windows နဲ့ အသုံးပြုတဲ့  version 13.0 20120315.r.428 ဖြစ်ပါတယ်။ )
User တွေအနေနဲ့ Adobe Photoshop CS6 ကို update လုပ်ဖို့ Adobe ကအကြံပြုထားပါတယ်။ Adobe
Photoshop CS6 ထဲက help menu ထဲကနေ " updates" ဆိုတာလေးကိုနှိပ်လိုက်ပါ။ အဲဒါဆိုရင် Adobe Application manager ပေါ်လာပြီး update ပြုလုပ်နိုင်ကြောင်း ရေးသားလိုက်ရပါတယ်။
No comments:
Post a Comment