Sony ရဲ့ official website ဖြစ်တဲ့ www.sonymobile.com ရဲ့ database ကိုဖောက်ပြီး user name တွေ
password တွေ၊ email တွေနဲ့ user data တွေအားလုံးကို ဖော်ထုတ်ပြသခဲ့ပါတယ်။ pastebin မှာသွားကြည့်နိုင်ပါတယ်။ သူတို့Hack လုပ်ထားတဲ့ user အချက်အလက်တွေကိုပါ။
(md5) encrypted algorithm ကိုအသုံးပြုထားတဲ့ user password တွေကိုဖောက်ရတာအချိန်သိပ်မကြာ
ပဲဖောက်ထွင်းနိုင်ခဲ့တယ်လို့ လည်းဆိုပါတယ်။
" Sony ရဲ့ security ဟာစိတ်ပျက်စရာပါပဲ။ ကျွန်တော်တို့ ဟာ sony server ၈ လုံးကိုထိန်းချုပ်နိုင်ခဲ့ပါပြီ။
ip address တွေလည်းပါသေးတယ်ဗျာ" ဆိုပြီး hacker တွေက pastebin မှာရေးထားပါတယ်။
" Customer တွေဟာလုံခြုံစိတ်ချရမှုမရှိတဲ့ technology ကိုမသုံးမချင်းတော့သင့်အပေါ်မှာ trust ရှိမှာ
မဟုတ်ဘူး"
NullCrew အဖွဲ့ ဟာ Database attack လုပ်တာနဲ့ ပတ်သက်ပြီးအလုပ်တွေအတော်အတန်ရှုပ်နေခဲ့ပါ
တယ်။သိပ်မကြာခင်က ကမ္ဘောဒီးယား အစိုးရပိုင်းဆိုင်ရာ website တွေကိုတိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်
မှုကို "OpTPB" လို့ အမည်ပေးခဲ့ပါတယ်။ NullCrew အဖွဲ့ ဟာ Canada New Site နဲ့ Australia Institue
of Brokers Website နဲ့ Yale University Website တို့ ကိုလည်းတိုက်ခိုက်ခဲ့ပါသေးတယ်။
No comments:
Post a Comment