နာမည်ကျော် Hacker အဖွဲ့ ကြီးဖြစ်တဲ့ Annonymous နဲ့ စပ်နွယ်နေတဲ့ Hacker တွေက 12 millions လောက်ရှိတဲ့ Apple devices identifiers တွေကို သိမ်းဆည်းထားတဲ့ FBI computer ကနေဖယ်ရှား
ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
AntiSec banner ကိုအသုံးပြုထားပြီး Annonymous နဲ့ ၁၄လတာလက်တွဲခဲ့တဲ့ AntiSec hacker အဖွဲ့ က
တနင်္ဂလာနေ့ က a document တစ်ခုကို pastebin မှာတင်ပြီးတော့ FBI က Apple user
သန်းပေါင်းများစွာရဲ့ Apple Unique Device Identifier( UDIDs ) တွေကို tracking လုပ်နေတာ
ကိုဖော်ပြခဲ့တာဖြစ်ပါတယ်။
" Apple ရဲ့ UDID အသုံးပြုတာကိုကျွန်တော်တို့ အစကတည်းကဘ၀င်မကျပါဘူး။ ခုလည်း UDID ဟာ
Apple ရဲ့ အမှားတစ်ခုဖြစ်တယ်ဆိုတာကိုဒီဖြစ်ရပ်ကသက်သေပြနေခဲ့ပြီလေ" လို AntiSec hacker အဖွဲ့ 
ကပြောဆိုပါတယ်။
IOS အသုံးပြုထားတဲ့ Devices ( ipad,iphone,...) တွေမှာ UDID တွေပါလေ့ရှိပါတယ်။ Devices တွေ
ထဲမှာရှိတဲ့ UDID ဟာ Developers တွေနဲ့ mobile advertising network တွေဟာ user တွေကို track
လုပ်နိုင်ပါတယ်။ဒါကြောင့်ပြီးခဲ့တဲ့နှစ်အတွင်းက Apple ဟာ UDID ကနေပြီးတော့ user တွေရဲ့ သဘော
တူခွင့်ပြုချက်မရပဲ third-parties အဖွဲ့ အစည်း တွေ ဆီကို user အချက်အလက်တွေ ဖြန့် ချိခဲ့တဲ့အတွက်
ကွိုင်တက်ခဲ့ဖူးပါတယ်။
Annonymous အဖွဲ့ ရဲ့ twitter မှာဖော်ပြထားတာကတော့သူတို့ ဟာ FBI Agent ဖြစ်သူ Christopher Stangl ရဲ့ Dell Laptop ထဲကိုဝင်နိုင်ခဲ့ကြပါတယ်။ အဲဒီကနေမှတစ်ဆင့်ဒီကိစ္စ
တွေပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
AntiSec ကတော့" သူတို့ hacking လုပ်နိုင်တာက java vulnerability ကနေတစ်ဆင့် CSV file
အနေနဲ့ သူတို့ ဟာ user တွေရဲ့ UDID တွေရယ်၊ user name၊ type of device, APN , cell
phone number , zip codes နဲ့ လိပ်စာတွေပါအကုန်ရခဲ့တာဖြစ်ပါတယ်" လို့ ပြောပါတယ်။
ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
![]()  | 
| AntiSec အဖွဲ့ ကနေ FBI က Apple user တွေရဲ့ အချက်အလက်တွေကိုခိုးယူကြောင်း ထုတ်ဖော်ခဲ့ | 

No comments:
Post a Comment