အချိန်တွေဘာလို့ ဖြုန်းတီးနေမှာလဲ....
သင်ကော...သင့်ဘ၀အတွက်...
သင့်မိသားစု...သင့်ရပ်ရွာ...သင့်နိုင်အတွက်
ဘာတွေလုပ်ပေးခဲ့ပြီးပြီလဲ...
ကျွန်ေ်တ်ာတို့ မြန်မာတွေကသိပ်ခက်တယ်...
တစ်ယောက်ယောက်ကောင်းစားတာမြင်ရင်..
စပြောတဲ့စကားကိုက ....
"ဘာတွေလုပ်ပြီး( မဟုတ်တာ) ချမ်းသာလာတာ "
ဆိုပြီးစပြီးတော့ကိုပြောလေ့ရှိတယ်....
ဘာအလုပ်မှလည်းမယ်မယ်ရရမလုပ်ကြဘူး....
လက်ဖက်ရည်ဆိုင်တစ်နေကုန်ထိုင်လား...ထိုင်ကြရဲ့ 
Premier Leaguage,FA, Series A,Spain Laliga တစ်ပွဲမှမလွတ်အောင်
ကြည့်လားကြည့်ကြရဲ့ ......
အချိန်တန်ရင်ဘီယာလေးတစ်မြမြနဲ့ ....ဘာနဲ့ .......
တစ်ပဲခြောက်ပြားပဲရတဲ့အလုပ်ဆိုပြီးအလုပ်ကိုလည်း
ချေးများချင်သေးတယ်....
ကိုင်ချင်တော့...iphone အမြင့်ဆုံး...
စီးချင်တော့လည်း....နောက်ဆုံးပေါ် model အမြင့်ဆုံးကား.....
ဘာအလုပ်မှလည်းမလုပ်ချင်ကြဘူး...မလုပ်ကြဘူး....သူများတွေ
Bankok တို့ Sinagpore တို့ ကိုဈေးဝယ်သွားချင်လား..နှစ်ခါမေးစရာမလို
ဒီတော့ခင်ဗျားတို့ က ထွက်ပေါက်မရှိတဲ့ဝင်္ကပါထဲမှာ ကြွေးတွေ
ပတ်လည်ဝိုင်းနေတုန်း....ဒါတောင်ခင်ဗျားက
Pokemon ဆိုတာကိုဆော့ချင်နေတုန်း......
ခင်ဗျားတို့ သိဖို့ ကလွန်ခဲ့တဲ့ နှစ်ငါးဆယ်...ခြောက်ဆယ်တုန်းက စင်ကာပူဆိုတာ
ဘာသယံဇာတမှမရှိ......ဆင်းရဲငတ်ပြတ်..စုတ်ပြတ်တဲ့ကျွန်းနိုင်ငံပေါက်စလေးပေါ့...
အဲဒီနိုင်ငံသားလူကြီးတွေသူတို့ အလှည့်မှာစုတ်ပြတ်နေတာကို သူတို့ သားမြေးတွေ
အလှည့်မှာ မဖြစ်ရအောင်လို့ သူတို့ လူကြီးတွေကိုယ်တိုင်
ခင်ဗျားတို့ ခုပြောတဲ့ တစ်ပဲခြောက်ပြားအလုပ်တွေကိုကြိုးကြိုးစားစားလုပ်ခဲ့ကြလေရဲ့ 
အလုပ်တွေလုပ်ရင်း..လုပ်ရင်းနဲ့ သူတို့ တွေအကွက်မြင်တတ်သွားကြလေတော့...
အကောင်းတစ်ကာ့အကောင်းဆုံးဖြစ်အောင်လုပ်ရင်းနဲ့ ခင်ဗျားတို့ ခုမြင်နေရတဲ့
စင်ကာပူနိုင်ငံကြီး..ဖြစ်လာတာပေါ့.....
ဒါက နိုင်ငံသားတွေအားလုံး..လူမျိုးဘာသာမခွဲခြားပဲ တစ်စုတစ်စည်းတည်းတက်ညီ
လက်ညီ ၀ိုင်းလုပ်ရင်းနဲ့ 3rd Generation မှာလက်တွေ့ ဖြစ်လာခဲ့တဲ့အရာတွေပါ.....
ခုအဲဒီလူကြီးတွေမရှိကြတော့ပါဘူး.....လီကွမ်ယူလည်းသေသွားပြီ...ဒါပေမယ့်
လီကွမ်ယူတို့ လို့ ဆင်းရဲစုတ်ပြတ်မှုတွေခုခေတ်စင်ကာပူနိုင်ငံသားတွေမခံစားရတော့ဘူး။....
စင်ကာပူနိုင်ငံသားဟေ့လို့ ဆိုရင်ဘယ်သူကမှအထင်သေးတဲ့အမြင်နဲ့ မကြည့်ကြတော့ဘူး...
ဘာလို့ လဲ....
သူတို့ လူကြီးတွေကသူတို့ အတွက်မဟုတ်ပေမယ့်လည်း
လုပ်ခဲ့ကြတယ်......ဒါဆိုရင်ခင်ဗျားကတော့ ခုထိဘာမှမလုပ်ပဲ
အချိန်တွေဖြုန်း...ငွေတွေဖြုန်း...ပြီး အားလုံးပြုန်းတီးပျက်စီးတော့မှ
ဘယ်သူဘာမလုပ်ပေးသေးလို့ ...ဘာမှဖြစ်မလာသေးတာလဲ.....
ဆင်ခြေတွေပေးရင်းမွဲဆေးတွေဖော်သောက်နေတာကိုသတိပြုမိရဲ့ လား.....
သင့်နိုင်ငံတိုးတက်ဖို့ သင့်မှာလည်း သင့်တတ်စွမ်းသလောက်လုပ်ရမယ့်
တာဝန်တွေ...အလုပ်တွေ.....ရှိသေးတယ်....သင်လုပ်မှ နောင်ငါးနှစ်ဆယ်နှစ်မှာ
သင်ဖြစ်ချင်သလို စဖြစ်လာပါလိမ့်မယ်.....
Experiences are not that cheap. But I'd love to share my knowledge, experiences, skills and personal development.
ping script လေးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....
ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...
-
Public ကို access ပေးထားတဲ့ Web Site ရဲ ့ front end ဘက်အခြမ်းကိုလုံခြုံစိတ်ချရဖို့ဆိုတာ Web Developer တွေ...Web Security Admin တွေအတွက်အမြဲ...
-
[ Unicode] တခါတလေ server မှာကိုယ်က file တစ်ခုကိုဖျက်လိုက်တယ်...ဖျက်ပြီးတော့မှပြန်လိုချင်တယ်...ပြန်မရလို့ လည်းမဖြစ်နိုင်အောင်အ ရေးကြီးတယ်....
-
ကြုံခဲ့ရဖူးတဲ့Email Phishing အတွေ့အကြုံလေးတခုကိုရေးသားချင်ပါတယ်....ကိုယ်တိုင်တော့မဟုတ်ပေမယ့် ရုံးကအကိုတယောက်ကမသိပဲနဲ့လုပ်မိသွားတာပါ...Phish...
No comments:
Post a Comment