CIA လို့ ခေါ်တဲ့ Confidentiality , Integrity and Availability နဲ့ ပတ်သက်တဲ့ concept တွေကို အကျဉ်းကနေအကျယ်ချဲ့ ထွင်သွားတယ်....နောက်တော့ အဲဒီ 3-tiers စလုံးမှာရှိတဲ့ process flow တွေ... regulatory formation တွေ...ဒါတွေနဲ့ ပတ်သက်ပြီးစိစိစစ်စစ်မေးတဲ့ စာမေးပွဲပါ.....
ကိုယ့်ကြိုးစားမှုနဲ့ ဖြေဆိုအောင်မြင်သွားတဲ့အရသာက ဘာနဲ့ မှကိုမတူတာပါ.....
နောက်တစ်ခုကအချိန်ပေါ့...ကျွန်ေတာ်တို့ အားလုံးဟာကိုယ့်အချိန်ကိုဘယ်လိုအသုံးချလဲဆိုတဲ့အပေါ်မှာမူတည်ပြီးကျွန်တော်တို့ ရဲ့ ဘ၀အခြေအနေတွေဟာရွေ့ လျားပြောင်းလဲနေပါတယ....
ဟိုးအရင်က အင်တာနက်ဆိုင်မှာဖုန်သုတ်..ကြမ်းတိုက်ပြီး Network Administrator တွေ...Server Administrators တွေကိုအားကျစိတ်နဲ့ အံ့သြငေးမောကြည့်ခဲ့ရတဲ့ကျွန်တော်က အခုအချိန်မှာ သူတို့ ခြေရာ နောက်ကိုလိုက်နိုင်ခဲ့ပါပြီ....ဒီအတွက်လည်း ကျွန်တော့်ကို IT လောကထဲမှာရပ်တည်လို့ ရအောင် သင်ကြားပေးခဲ့ကြတဲ့ senior ဆရာသမားအပေါင်းကိုအမြဲကျေးဇူးတင်လျက်ပါ....
ကဲ...အချိန်တွေကရပ်မနေဘူး...သွားနေတယ်...သွားနေတဲ့အချိန်ကိုတန်ဖိုးရှိအောင်သုံးကြပါစို့ ဗျာ...
လေးစားစွာဖြင့်
Phyo Sithu 

No comments:
Post a Comment