Tuesday, January 15, 2019

Backup your PC..... BackupPC

သင်ကသင့် network ထဲမှာရှိတဲ့ production server တွေကို backup လုပ်ချင်တယ်ဆိုရင် low cost အဖြစ်ဆုံး...နောက်သင်လိုချင်တာတွေကို backup လုပ်လို့ ရမယ့် solution လေးတစ်ခုအကြောင်းပြော ချင်ပါတယ်...အဲဒါကတော့ BackupPC ပါပဲ...

ကျွန်တော့်ရဲ့ network ထဲမှာ 192.168.58.137 ဆိုတဲ့ backupPC server တစ်လုံးရှိတယ်...အဲဒီ server ကနေအခြားသော Linux server တစ်လုံးဖြစ်တဲ့ 192.168.58.138 ( အဲဒီ server မှာ wordpress တင် ထားပါတယ်)ကို လှမ်းပြီးတော့ backup လုပ်ပါမယ်....
BackupPC ဘယ်လိုအလုပ်လုပ် ?


BackupPC ကိုသုံးဖို ့ဆိုရင် backuppc server နဲ့ wordpress server သည် SSH encrypted tunnel connectivity ရှိရပါမယ်.. SSH encrypted tunnel သည်လုံခြုံစိတ်အချရဆုံး...secure အဖြစ်ဆုံးပါ...အဲဒီ SSH tunnel ကိုသုံးပြီး rsync protocol နဲ့ backup traffic တွေကို backup လုပ်ပါတယ်...


backup လုပ်တဲ့အခါ backup schedule ကိုဘယ်လိုသတ်မှတ်မလဲ...ဘယ် file တွေကို backup လုပ် မလဲ...backup mechanism ကိုဘယ်သူတွေက manage လုပ်မလဲ( ကျွန်တော်က default account ဖြစ်တဲ့ backuppc account ကိုပဲသုံးပါတယ်)...နောက်တစ်ခုက backup monitoring အတွက် user role တွေ ..right တွေခွဲထားပြီးသုံးနိုင်ပါသေးတယ်...


အကောင်းဆုံးကတော့ web ကနေ manage လုပ်နိုင်တာပါပဲ

ပြီးရင်ကျွန်တော်တို့ က console ထဲကိုရောက်ပါပြီ

ကျွန်တော်က wordpress server ကိုထည့်ပြီးသားဆိုတော့ wordpress server ကိုသွားကြည့်ပါမယ်


ဒါက backup run နေတဲ့ပုံစံပါ....ကဲ...backup တွေကိုကြည့်ကြရအောင်

ကဲ...ကျွန်တော်ကတော့...ကျွန်တော်လိုချင်တဲ့ mysql တို့.. wordpress တို့ ...system configuration directory ဖြစ်တဲ့ /etc တို့ကို backup သိမ်းထားပါတယ်...

ကဲ...backup log လေးကြည့်မယ်ဗျာ...
 ကဲ..Backup process အောင်မြင်ပြီး နောက်တစ်ခေါက် backup မစခင်တော့ဒီလိုလေးမြင်ရပါမယ်..



ကဲ...အားလုံးပညာဗဟုသုတကြွယ်ဝတိုးတက်ကြပါစေဗျာ...


လေးစားစွာဖြင့်

Phyo Sithu


No comments:

ping script ေလးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...