Friday, January 18, 2019

Why Network & System Monitoring Needs ?

ကျွန်တော်တို့ တွေ Systems & Networking Monitoring လုပ်ဖို့ လိုအပ်တာလဲ...သင့် network ထဲမှာ အန္တရာယ်ရှိတဲ့ network traffic တွေ.....system ပိုင်းနဲ့ ပတ်သက်လို့ hardware resources နဲ့ ပတ်သက် တာတွေ...process တွေပတ်သက်တာတွေ....အဲဒါတွေနဲ့ပတ်သက်တဲ့ abnormal ဖြစ်တဲ့ accidental ကိစ္စရပ်တွေလား.... deployment နဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေကို real time သိဖို့ လိုအပ်တယ်..



Production Environment တစ်ခုအဆင်ပြေပြေလည်ပတ်နိုင်ဖို့အတွက် Network & System တွေကို real time monitoring လုပ်လို့ ရတဲ့ Monitoring solution တစ်ခုမဖြစ်မနေကိုလိုအပ်ပါတယ်...


monitoring solution တစ်ခုအနေနဲ့ကိုယ့် Network ပိုင်းဆိုင်ရာတွေရော....business ပိုင်းအရအခြား network နဲ့  ချိတ်ဆက်ထားတဲ့အချက်အလက်တွေရော( VPN connectivity တွေလိုရော...)...နောက် ကိုယ့် network နဲ့ချိတ်ဆက်ထားတဲ့ ISP ရဲ့ connectivity status တွေကိုရော...နောက် web monitoring တွေကိုရော..နောက် networked devices ( Cisco, Juniper, Fortigate,....) တွေရဲ့ status တွေကိုရော တစ်ချိန်တည်းတစ်ပြိုင်နက်တည်းကြည့်နိုင်ရပါမယ်.....



System ပိုင်းအနေနဲ့....ကိုယ့် network ထဲမှာရှိနေတဲ့ production systems တွေ...Linux Servers.. Microsoft serversတွေ... storage devices တွေ ( synology, openfiler NAS,...)...Virtualization Environment ဖြစ်တဲ့ VMware Devices တွေ....ရဲ့ hardware information status တွေ...process status တွေ....incidental alerts တွေ ( password တွေပြောင်းတာတို့...user delete လုပ်တာတို့...နောက် disk space တွေနည်းတာတို့ .....) ဒါတွေအကုန်လုံးကိုတစ်ပြိုင်နက်တည်းကြည့်နိုင်ရပါမယ်


ခုနကပြောခဲ့တာတွေက monitoring system မှာ default ပါတဲ့ features တွေပါပဲ...တကယ်လို့ ကိုယ့် ဘာသာ customized monitoring လုပ်ချင်တယ်....scripts တွေနဲ့ တစ်ချို့ သော event-driven alert တွေ ကိုလုပ်ချင်တယ်ဆိိုရင်လည်းလုပ်ခွင့်ပေးနိုင်ရပါမယ်....customization templates တွေ...items တွေ... trigger တွေကိုလည်းဖန်တီးနိုင်ရပါမယ်.....ဒါတွေနဲ့ လည်းပြည့်စုံရပါမယ်...

Web-Server တစ်လုံးကို agent connect လုပ်လို ့မရတဲ့ Problem report လုပ်နေပုံ


အပေါ်ကအချက်သုံးချက်စလုံးကို ကွျွန်တော်တို့က real time monitoring အနေနဲ့ သုံးတယ်...တကယ်လို့ ရုံးပိတ်ရက်တွေမှာ အဲဒီ monitoring system ကြီးကို run ထားပြီး error တက်ရင်...incident ဖြစ်ရင် email ပို့ ပါ ...ဖုန်းထဲကို SMS ပို့ပါ ဆိုပြီး passive monitoring လည်းလုပ်လို့ ရနိုင်ရပါမယ်.....


နောက်ပြီး monitoring system တွေပြီး screen တွေ...Graph တွေကိုကိုယ်လိုသလို manage လုပ်နိုင် တဲ့အပြင် အဲဒီ monitoring system ကို easy manage လည်းလုပ်နိုင်မယ်ဆိုရင်ပိုမကောင်းဘူးလား... 60% ကို Web UI ကနေ manage လုပ်နိုင်ပြီးကျန်တဲ့ 40% ကို Linux CLI ကနေလုပ်နိုင်တဲ့အတွက် ပို အဆင်မပြေဘူးလား( windows system admin တွေကိုလည်းအရေးအကြောင်းဆိုရင် 60% Web UI ကနေ manage လုပ်စေနိုင်တဲ့အတွက်ပိုမကောင်းဘူးလား....)


Backup & Restore ကိုမြန်မြန်ဆန်ဆန်လွယ်လွယ်ကူကူလုပ်နိုင်တဲ့ Monitoring solution ဆိုရင်ရော..ပိုမကောင်းဘူးလား....ဒါတွေအကုန်လုံးကို All-in-One ပြည့်စုံစေတဲ့ Open Source Monitoring Software ကတော့ Zabbix ပါပဲ


ကျွန်တော်...အပေါ်မှာရေးခဲ့တဲ့အချက်အလက်အတွအကုန်လုံးကို Monitoring လုပ်နိုင်ပါတယ်...ဘာဖြစ်လို့ ပြောနိုင်ရတာလဲဆိုတော့ကျွန်တော်ကိုယ်တိုင်သုံးခဲ့ဖူးတဲ့ monitoring solution တစ်ခုဖြစ်လို့ပါပဲ....


လေးစားစွာဖြင့်
       Phyo Sithu


No comments:

ping script ေလးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...