Cisco သမားတွေလုပ်ငန်းခွင်ထဲရောက်တဲ့အခါ... Brand မျိုးစုံနဲ့ ရင်ဆိုင်ရတတ်ပါတယ်....brand တစ်ခုနဲ့  တစ်ခုမတူညီတဲ့အခါ သုံးရတဲ့ configuration တွေနည်းနည်းကွဲပြားတဲ့ feeling ကို network သမားတိုင်း ခံစားဖူးမှာပါ...ကိုယ်လေ့လာသင်ယူတတ်မြောက်ထားတာက Cisco ...တကယ့်လက်တွေ့ လုပ်ငန်းခွင်ထဲ မှာက MikroTik လည်းဖြစ်နိုင်တယ်...Fortigate လည်းဖြစ်နိုင်တယ်....CheckPoint လည်းဖြစ်နိုင်တယ်.. F5 လည်းဖြစ်နိုင်တယ်...တစ်ခါတလေ genuine Linux လည်းဖြစ်နိုင်တယ်.....ဘယ်လိုပဲ brand တွေဖြစ် ပါစေ .......ဘာလာလာဒေါင်းနိုင်ဖို့ အတွက်.....
configuration logic ကိုပဲအဓိကထားပါ...ဆိုလိုတာက ကိုယ့် Router ကို ဘာအတွက် configure လုပ်ထားတာလဲ (SoHo လို့ ခေါ်တဲ့ Small Office Home Office Network လား... Enterprise လို့ ခေါ်တဲ့ ဌာနဆိုင်ရာလုပ်ငန်းတွေ...company ကြီးတွေ...ဘဏ်ကြီးတွေလား...)...နောက် Scale-up ဖြစ်လား (ဆိုလိုတာက...လုပ်ငန်းလိုအပ်ချက်အရ ကိုယ့် network ကိုလိုအပ်ရင်လိုအပ်သလို ချုံ့ နိုင်ချဲ့ နိုင်ရဲ့ လား..) ...Additional support ရှိလား...(ဆိုလိုတာက နောက်ပိုင်း VPN တွေလာချိတ်မယ် ...Remote Access လုပ်မယ်ဆိုရင် အဆင်ပြေလား....Vendor Support ပေးနိုင်လား..) ...နောက်ဆုံးက easy manage ဖြစ်သလား ( အဲဒီ configuration သည် windows သမားကော....linux သမားကော.. ဘယ်သူတွေဖြစ်ဖြစ် easy manage လုပ်နိုင်ဖို့ လိုပါတယ်)
အဲဒီ configuration logic ကို နားလည်ပြီဆိုရင် ဘာလာလာ..ဒေါင်းပါပြီ...fortigate ပဲလာလာ... MikroTiK ပဲလာလာ....Checkpoint ပဲလာလာ....Zyxel ပဲလာလာ....ဘယ်လို vendor ကထုတ်တာပဲ ဖြစ်ဖြစ်...ဘာလာလာဒေါင်းနိုင်ပါပြီ....
![]()  | |||||
| Web Admin Console | 
ဒါက Web Console ကနေ Access လုပ်မယ်ပေါ့....နောက်တစ်နည်းရှိသေးတယ်.....ဒါကတော့ Linux သမားတွေပိုကြိုက်တဲ့နည်းလမ်းပေါ့ဗျာ....
ကဲ.... CLI terminal နဲ့ ဝင်လိုက်ပြီဆိုတော့ အရင်ဆုံး log တွေကိုကြည့်မယ်....
ဒီ log တွေအရ interface တွေ up ဖြစ်နေတယ်... Web နဲ့ ကော... SSH နဲ့ ကော...phyosithu ဆိုတဲ့ user က access လုပ်နေပါတယ်....ကဲ...route တွေကိုကြည့်မယ်
လောလောဆယ်တော့ Gateway ဆီထွက်တဲ့ static route တစ်ခုရှိပါတယ်...ကျန်တာတွေကတော့ connected ပဲပေါ့...network ပိုင်းဆိုင်ရာနည်းနည်း ထပ်ပြီး config လုပ်လိုက်မယ်ဆိုရင်ကျွန်တော်ရဲ့  Local Network ဖြစ်တဲ့ 192.168.74.0/24 ကို internet ပေးနိုင်ပါပြီ....လောလောဆယ်တော့ MikroTik Router ရဲ့ securtiy ကိုကြည့်ပါမယ်....
ကျွန်တော်တို့ MikroTik Router ဟာ telnet တွေရော....FTP တွေရော...API port တွေရာ...မလိုအပ်တဲ့ port တွေပွင့်နေတယ်...ကျွန်တော်တို့ ကမလိုအပ်တဲ့ port တွေကိုပိတ်ပစ်ရအောင်
ကဲ...MikroTiK Network Manage အတွက်လိုအပ်တဲ့ port တွေလောက်ပဲဖွင့်ထားတယ်....ကဲ..နောက် တစ်ခုက NAT on မယ်ဗျာ
ဒီလိုနည်းနဲ့ ပဲ...DNS ...DHCP service တွေကိုလည်း configure လုပ်ပါတယ်..ဒါကကျွန်တော်တို့ က CLI နဲ့  လုပ်နေတာပါ...Web ဘက်တစ်ချက်သွားကြည့်မယ်ဗျာ....default web နဲ့  access လုပ်လို့ ရသလို winbox ဆိုတဲ့ software နဲ့ access လုပ်ကြပါမယ်...
ကဲ.....လောလောဆယ်တော့ ကျွန်တော့် MikroTik ကို 192.168.74.100 ဆိုတဲ့ငတိက access လုပ်နေပါ တယ်...ကျွန်တော်က client တွေကို proxy ထားလိုက်ပါတယ်...
proxy မပါတဲ့ အပေါ်က traffic တွေက host ကနေ အပြင် web traffic တွေဆီကိုသွားတာကိုပြတယ်... proxy ခံတဲ့အခါအခါကျတော့ client ရဲ့  traffic တွေကို server ရဲ့ traffic အဖြစ်နဲ့ အပြင် network ကို ထွက်သွားတာကိုတွေ့ ရပါလိမ့်မယ်...
ဒါကတော့ MikroTik နဲ့ Hotspot လုပ်မယ်ဆိုရင် configure လုပ်လိုက်တာနဲ့ hotspot သုံးနိုင်ပါပြီ... Web UI ကတော့ vendor တွေတစ်ခုနဲ့ တစ်ခုသိပ်မကွာတဲ့အတွက်လုပ်တတ်ကြမှာပါ ...ကိုယ့် business လိုအပ်ချက်နဲ့ ကိုက်ညီအောင် configure ချသွားမယ်ဆိုရင်တော့ ပြီးပြီပေါ့....
MikroTik က အသိအမှတ်ပြု certification exam တွေလည်းရှိတဲ့အတွက်အကျွမ်းတ၀င်ဖြစ်အောင် လေ့လာထားသင့်တဲ့နည်းပညာတစ်ခုဖြစ်ပါတယ်.....အားလုံးပဲပညာဗဟုသုတကြွယ်ဝတိုးတက်ကြပါစေ...
လေးစားစွာဖြင့်
Phyo Sithu
B.Sc (Physics) 
Cisco CCNA (Routing & Switching)
Zyxel Certified Network Professional 
Engenius Network Associate 











No comments:
Post a Comment