Monday, February 24, 2020

Local Mail System ဆိုတာ

ဟိုး‌‌တစ်ချိန်တစ်ခါက limited internet ကိုအသုံးပြုရတဲ့အချိန်မှာ domain တစ်ခုဟာရဖို့ခက်သလို email တစ်ခုဆိုတာရဖို့ခက်ပါတယ်...domain နဲ့ချိတ်ဆက်သုံးရတဲ့ domain mail တစ်ခုရဖို့ဆိုတာ‌‌မလွယ်ကူလှပါဘူး....‌‌charges လည်းများပါတယ်...အခု tutorial မှာ ကျွန်တော်တို့ဟာ Local Network တစ်ခုထဲမှာသုံးလို့ ရတဲ့ Intranet Mail System တစ်ခုကိုတည်ဆောက်အသုံးပြုမှာပါ


ကျွန်တော်တို့ Intranet Mail System တစ်ခုဆောက်ဖို့အတွက် Local Network တစ်ခုရှိရပါမယ်....ကျွန်တော်တို့ ရဲ့ Local Network က domain network တစ်ခုထဲမှာရှိရပါမယ်....domain name နဲ့ DNS service မရှိပဲ mail system တစ်ခုကိုတည်ဆောက်လို့မရပါ...ဒီတော့ကျွန်တော်တို့က domain အကြောင်းအကြမ်းဖျင်းလေ့လာကြမယ်....


 What is Domain?


domain ဆိုတာအ ကြမ်းအားဖြင့်တော့ သီးသန့်သတ်မှတ်ထားတဲ့အစုအ‌ဖွဲ့ တစ်ခုရယ်ပါ....logically အားဖြင့် သီးသန့်ရပ်တည်ပေမယ့်မတူညီတဲ့အ ခြား domain တွေနဲ့ချိတ်ဆက်လုပ်ဆောင်နိုင်ပါတယ်...Name Resolution လုပ်တာ( IP ကနေ hostname ကိုသိနိုင်တာ....hostname ကနေ IP ကိုသိနိုင်တာ) ဆိုတဲ့ DNS service ရှိမှ domain ကအလုပ်လုပ်ပါတယ်....DNS မရှိရင် domain  ကအလုပ်မလုပ်ပါ....

Domain တစ်ခုအတွက် DNS  လိုသလို default site-name တို့ NTFRS  တို့.... Domain အမျိုးအစားအနေနဲ့ Global Catalog Server မျိုးဖြစ်ရတာတို့...Operation Master Role တွေအ ပြည့်အစုံပါရတာမျိုးတို့...SMB တို့ လို service တွေ...နောက်ပြီးတော့ Zone Tranfer Services တွေ ဖြစ်တဲ့ AXFR တို့ လို services တွေပါ၀င်မှ domain တစ်ခုဖြစ်တာပါ.....

ကဲ...ဒီအပိုင်းမှာသိသင့်တဲ့ logical grouping လုပ်ထားတာလေးကိုလေ့လာကြမယ်...
aa@microsoft.com

ဆိုတဲ့ email တစ်ခုကိုလေ့လာမယ်ဆိုရင် @microsoft.com ဆိုတဲ့ domain name နဲ့ mail system ထဲမှာ aa ဆိုတဲ့ user ရှိပါမယ်...အဲဒီ user ဟာ microsoft.com ဆိုတဲ့ domain ထဲမှာရှိလို့ microsoft.com ထဲမှာရှိတဲ့ ကျန်တဲ့ bb တို့...cc တို့...dd တို့ကို locally email ပို့လို့ရပါတယ်....locally domain service ကိုသုံးပြီးတော့ ကိုယ့်အဖွဲ့ထဲကကိုယ့်လူအချင်းချင်း.ကိုပို့လို့ရပါတယ်....

သို့သော် aa@microsoft.com ကနေ gg@gmail.com ကို mail ပို့ချင်တဲ့အခါကျတော့ သင့်ရဲ့ microsoft.com ဆိုတဲ့ domain ကြီးက IANA ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ authorized domain အသိအမှတ်ပြုအဖွဲ့ရဲ့ ထောက်ခံချက်အသိအမှတ်ပြုမှုလိုပါတယ်....ဆိုလိုတာက သင့် domain က online domain တစ်ခုအနေနဲ့ register လုပ်ထားမှသာ gmail.com တို့...yahoo တို့....လိုမျိုးအပြင်က domain mail တွေကို mail ပို့လို့ရမှာ ဖြစ်ပါတယ်...

အိုကေ...ကျွန်တော်တို့က အခုကကိုယ့် local domain ကို test.local ဆိုတဲ့ local domain တစ်ခုကိုတည်ဆောက်လိုက်ပါတယ်...အောက်ကပုံလေးအတိုင်းပေါ့



ကဲ...အိုကေ....ကျွန်တော်တို့က စက်နှစ်ခုမှာ local email နှစ်ခုသုံးပါတယ်...user1@test.local နဲ့သုံးတာ စက်ကတစ်လုံးရှိပါတယ်...နောက် user2@test.local ဆိုတဲ့ email ကိုသုံးတဲ့စက်ကတစ်လုံးရှိပါမယ်...


အခုမြင်ရတဲ့ပုံမှာကျွန်တော်တို့ဟာ user2 mail box ထဲကို user1 ကပို့ထားတဲ့ email ကိုဖတ်နေရတာပါ....

ဒါဆိုရင် user1 ဘက်မှာရော...user2 ကပို့လို့ရသလားစစ်ကြည့်ပါမယ်
user2 ကပို့ထားတဲ့ email ကို user1 mail box ထဲမှာဖတ်နိုင် ..ကြည့်နိုင်ပါတယ်.....ဒါဆိုရင် user1 နဲ့ user2 ဟာ test.local ဆိုတဲ့ domain တစ်ခုအတွင်းမှာရှိနေတာ‌ကြောင့်  communicate လုပ်နိုင်တာပါ

 local mail ကိုဘာကြောင့်သုံးသင့်လဲ...

အရင်ဆုံး‌ပြောရရင် save network traffic ဖြစ်ပါတယ်..ဆိုလိုတာက ကိုယ့် local domain network အတွင်းမှာ အမြန်ဆုံး mail/send received လုပ်နိုင်တာပါ.....

နောက်တစ်ခုကကျွန်တော်တို့ ဟာ local ထဲက user အချင်းချင်းဆက်သွယ်ဖို့အတွက် email charges ကိုနည်းနိုင်သမျှနည်းစေနိုင်ပါတယ်...

ဟိုးအရင်တုန်းက email account တစ်ခုကို‌ charges မနည်းမနောပေးခဲ့ရတုန်းက mail routing လုပ်ပြီးသုံးခဲ့ ကြဖူးပါတယ်....Vpop3 ဆိုတာ mail routing & pilot mail system အတွက်ကိုနာမည်အ ကြီးဆုံးနဲ့လူသုံးအများဆုံးဖြစ်ခဲ့ပါတယ်....external ကိုပို့သမျှဟာ pilot mail ကနေပဲထွက်တဲ့အတွက် charges သက်သာစေပါတယ်....

mail user တွေ...mail box quota တွေကို domain & mail system ကနေ manage လုပ်နိုင်ပါတယ်....ဆိုလိုတာက domain server မှာပဲ mail system ‌administration ကိုသုံးထားတာဖြစ်လို့ တစ်နေရာတည်းကနေ အကုန်လုံးကို manage  လုပ်နိုင်ပါတယ်....

ဒါပေမယ့်လည်းခေတ်ကာလလိုအပ်ချက်တွေအရ local mail system တွေဟာ စာသင်ခန်းထဲမှာ lab ထဲမှာ ပဲကျန်ခဲ့ပါပြီ...ခုခေတ်မှာ အင်တာနက်ကော...email တွေကိုရော စျေးသက်သက်သာသာနဲ့ အခမဲ့တွေရော အခပေးတွေရောရနေပြီ ဖြစ်တဲ့အတွက် အမှတ်ရစရာသင်ခန်းစာလေးတစ်ခုအနေနဲ့ ဒါလေးကိုရေးသားလိုက်ရပါတယ်....

အားလုံးပဲပညာဗဟုသုတ ကြွယ်၀တိုးတက် ကြပါစေ

လေးစားစွာဖြင့်
Phyo Sithu


No comments:

ping script ေလးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...