Windows Vista နဲ့ Windows 7 ခေတ်မှာအသုံး၀င်တဲ့ features လေးတစ်ခုကိုထပ်ထည့်လာခဲ့ပါတော့တယ်... အဲဒီ features ကတော့ခုနကလိုမျိုး storage devices တွေကို securely store လုပ်နိုင်မယ့် mechanism တစ်ခု ကိုထပ်ထည့်လာပါတော့တယ်....အဲဒါကတော့ Bit Locker ပါပဲ....
Technical အရ Bit Locker ဆိုတာ TPM ဆိုတဲ့ Trust Platform Module ဆိုတဲ့ hardware base mechanism service တစ်ခုကိုအသုံးပြုပြီး AES encryption နဲ့ ကိုယ့်ရဲ့ storage devices တွေကိုလုံ ခြုံအောင်လုပ်နိုင်စေ ပါတယ်.... AES Encryption 128 ကိုရော...256 bit Cipher Block Chain mode နဲ့ encrypt/decrypt လုပ်ပါတယ်....
တကယ်လို့ကျွန်တော်တို့က memory stick လေးတစ်ခုကို bit locker ဖွင့်မယ်ဆိုရင် အရင်ဆုံး recovery key လေးတစ်ခုကို computer မှာသိမ်းထားရပါမယ် (မပျောက်ဖို့တော့သတိပြုပါ)....တကယ်လို့ သင့် computer ရဲ့ C Drive တို့ ... D Drive တို့ကိုလုပ်မယ်ဆိုရင်တော့... memory stick တစ်ခုခုထဲမှာ recovery တကိုသိမ်း ထားပါ....ဒါကအလွန်အရေးကြီးပါတယ်.....
ဘာလို့ recovery key ကိုသိမ်းထားရတာလဲ?
တကယ်လို့ bit locker password မေ့သွားတာတို့....ပထမတစ်ယောက်က bit locker on သွားတယ်...သူက အလုပ်ထွက်သွားတယ်...အဲဒီ drive ကိုဖွင့်ဖို့သူ့ကိုမေးတော့ သူလည်း password မသိတော့ဘူး...ဒါဆိုရင် အခု recovery key လေးကိုသုံးပြီးပြန်ဖွင့်နိုင်ပါတယ်.....ဒီတော့ recovery key ကို တိတိကျကျသေသေချာချာ သိမ်းထားဖို့လိုပါတယ်....
Windows ကို bit locker ခံထားသင့်သလား ?
လုပ်ထားသင့်ပါတယ်...... C Drive ( windows OS ရှိတဲ့ Drive) ကို bitlocker လုပ်ထားတဲ့အခါ... BIOS က boot တက်ပြီးနောက်မှာ OS loading လုပ်ဖို့ bit locker password သိမှ....ဖွင့်မှ Windows တက်မှာပါ....
Bit Locker ကိုမသိလို့ကတော့ Windows ကိုရောက်မှာမဟုတ်ပါ
ဒါ့အ ပြင်ကျွန်တော်တို့က stick တွေကိုလည်း bit locker လုပ်ထားမယ်ဆိုရင် bit locker password မသိပဲ stick ကိုဖွင့်လို့မရပါ..... Bit locker enable drive တွေကို Bit Locker လုပ်ထားတဲ့စက်တွေသာမက အ ခြား သော windows စက်တွေမှာ( windows 7 ကနေစပြီးနောက်ပိုင်း....) အကုန်ဖွင့်လို့ရပါတယ်....( bit locker password ကိုတော့ရိုက်မှပွင့်မှာနော်...)
ကိုယ့်ရဲ့ bit locker enabled drive ကိုရတဲ့သူက သူ့မှာ recovery key မရှိရင်လုံး၀ဖွင့်လို့မရပါ....နောက်ဆုံး drive ကို format ရိုက်ပစ်မှသာ အဲဒီ drive ကိုဖွင့်လို့ရမှာပါ....ဒီတော့ကိုယ့် data တွေကို encryption မရှိပဲ ဘယ်လိုမှ access လုပ်လို့မရနိင်ပါဘူး...ဒီတော့ဖြစ်နိုင်ရင် Bit Locker လေးကို enable လုပ်ပြီး ကိုယ့် ရဲ့ data လေးတွေကိုကာကွယ်ထားသင့်ပါကြောင်းအသိပေးရေးသားလိုက်ရပါတယ်.
လေးစားစွာဖြင့်
Ko Phyo Sithu


No comments:
Post a Comment