Monday, June 15, 2020

CloudFlare DNS Vs Quad9 DNS

ကျွန်တော်တို့ဟာ Router တွေ...Firewall တွေမှာ DNS ကို setup လုပ် ကြတဲ့အခါ Google ရဲ့ dns IP တွေဖြစ်တဲ့ 8.8.8.8 တို့.... 8.8.4.4 တို့ကို forwarder DNS အဖြစ် setup လုပ်ပြီးသုံးကြလေ့ရှိပါတယ်...အားလုံးသိကြတဲ့အ တိုင်း Google DNS ကြီးကအကြောင်းတစ်ခုခုကြောင့် ( ကြားထဲက ISP issue ကြောင့်သော်လည်းကောင်း... network latency issue ကြောင့်သော်လည်းကောင်း) DNS query တွေကို forward မလုပ်နိုင်တော့တဲ့အခါ ..သင့် user တွေက internet မရတော့ဘူးဆိုပြီးသင့်ကို ကွိုင်ရှာကြပါလိမ့်မယ်...
..DNS ဆိုတာဘာလဲ....
DNS ဆိုတာက Domain Name Service ဆိုတဲ့ Networking Service တစ်ခုပါ ...ကျွန်တော်တို့သုံးနေသမျှ network & internet application တွေမှာ ကိုယ်ပိုင် IP number တွေရှိကြပါတယ်....ကျွန်တော်တို့က chrome တို့ firefox တို့ မှာ www.google.com လို့ ရိုက်ပြီး enter လုပ်လိုက်တဲ့အခါ ကွန်ပျူတာဟာ သူ့စက်ထဲမှာအဲဒီ web  address ကို IP အဖြစ်‌ပြောင်းပြီးသူနဲ့ချိတ်ဆက်ထားတဲ့ Switch တို့...Wireless APတို့ ထဲမှာရှိမရှိ ( cache ကျန်မကျန်စစ်ပြီးကျန်ရင် cache ထဲကပြန်ထုတ်ပေး ပါတယ်)...အရင်ဆုံးစစ်ဆေးပါတယ် 

မရှိဘူးဆိုရင် ကွန်ပျူတာဟာ သူနဲ့ ချိတ်ဆက်ထားတဲ့ Network ထဲက Router (သို့)...firewall (သို့) AD Server (  DNS Server ရှိမှ AD server ဖြစ်တာပါ) ကိုလှမ်းမေးပါတယ်........အဲဒီ device ကသူ့ဆီမှာ cache ကျန်မကျန်အရင် စစ်ပေးပါတယ်...cache ထဲမှာရှိနေရင် request  လုပ်တဲ့ client ( website ကြည့်တဲ့ user ဆီကို) ဆီကို cache ထဲကနေပြန်ထုတ်ပေးပါတယ်....

local web server တွေဟာဒီအတိုင်းအလုပ်လုပ်ပါတယ်....အဲဒီတော့ DNS ဆိုတာ အကြမ်းအားဖြင့် Forward Lookup ( Web Address URL တွေကို IP အဖြစ်ပြောင်းပြီးရှာမယ်) ဆိုတဲ့ function ရယ်...Reverse Lookup (  IP တွေကို Web Address URL အဖြစ်ပြောင်းပြီးရှာမယ်) ဆိုတဲ့ function နှစ်ခုလုံးကိုလုပ်နိုင်ရမယ်....

Forward Lookup အတွက် ကျွန်တော် တို့တွေက firefox တို့....google chrome တို့မှာ www.google.com ဆိုပြီးရိုက်ရှာတဲ့အခါ google webpage ကြီးကျလာတယ်လေ....ဒါဆို Reverse lookup ဘယ်လိုအလုပ်လုပ်သလဲ......ဟဲ..ဟဲ...

သင်က network troubleshooting လုပ်တဲ့အခါ windows command prompt ကြီးဖွင့်ပြီး tracert 8.8.8.8 ဆို ပြီး Google DNS ကြီးကို trace လုပ်တယ်လေ...အဲဒီမှာ hop router တွေကနေ DNS query,resolve & forward လုပ် ပြီး အဆင့်ဆင့် google dns ဆီကို သွားတယ်...တကယ်လို့ အဲဒီ DNS query,resolve & forward အဆင့်မပါဘဲ IP to IP trace လုပ်ချင်တဲ့အခါ tracert -d 8.8.8.8 ဆိုပြီးရိုက်တယ်မဟုတ်လား...အဲဒါ Reverse Lookup ပါပဲ 

Forward Lookup, Reverse Lookup လောက်အကြမ်းဖျင်းနားလည်ထားရင် လုံလောက်ပါပြီ...DNS server ရဲ ့အ သေးစိတ် Mechanism ကိုရှင်းပြနေရင် လိုရင်းကိုမရောက်မှာစိုးလို့  DNS ကိုဒီလောက်နားလည်ထားရင် အဆင်ပြေပါတယ်....

Quad9 DNS 

Quad9 ကရှင်းတယ်.....DNS IP ကလည်းလွယ်တယ်....9.9.9.9 ပဲ...အဲဒီ 9  လေးလုံးကို ကိုယ့် DNS ထဲမှာထည့် လိုက်ရင် သင်သုံးသမျှ network traffic တွေက 9.9.9.9 DNS ကနေတဆင့် online ကိုသွားမှာပါ....

Add caption

Quad 9 DNS server ကိုဖြတ်ပြီးကိုယ်သုံးသမျှ traffic တွေကို browsing လုပ်ပေးပါတယ်.....ဒါက  Quad 9 DNS အလုပ်လုပ်တဲ့ပုံစံပါ....




ဒါက Quad 9 က ပေးနေတဲ့ service တွေပါ......security ပိုင်းအရ thread ြဖစ်တဲ့အရာတွေကို blockတယ်.....detect လုပ်တဲ့ threads အရေအတွက်တွေရယ်....active သုံးနေကြတဲ့ country အရေအတွက် ကိုပါသိနိုင်ပါတယ်....


CloudFlare & APANIC DNS

သူကတော့ အမြန်ဆုံး DNS service တစ်ခုထဲမှာပါသလို setup လုပ်ရမယ့် DNS IP တွေကလည်း လွယ်ကူလွန်းပါတယ်....1.1.1.1 ရယ်....1.0.0.1 ရယ်....ဒါပဲ...web browsing ြမန်တာကတော့ ‌အောက်က comparison ကိုသာကြည့်လိုက်ပါတော့


security ဟုတ်လား...cloudflare ဆိုတာ Web Application Firewall ပိုင်းမှာ security အရနာမည်ကြီးသလို နာမည်ကြီး  website တော်တော်များများကလည်း cloudflare ခံပြီးသုံးကြတယ်ဆိုတော့ သူ့ security ပိုင်းကို စိတ်ချလို့ရပါတယ်.....

ကျွန်တော်ကိုယ်တိုင်လည်း 1.1.1.1 နဲ့အလုပ် ဖြစ်နေတဲ့အတွက် ကျွန်တော်ကတော့ 1.1.1.1 ကိုပဲကိုယ့်စိတ်ကြိုက် အဖြစ်ရွေးချယ်လိုက်ရပါတယ်.....


လေးစားစွာဖြင့်
Phyo Sithu Maung


No comments:

ping script ေလးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...