User တွေက သူတို့သိချင်တဲ့ google တို့ facebook တို့ကို ရှာတဲ့အခါ local DNS & AD ကိုအရင်ရောက်ပါတယ်....AD ကသူ့ဆီမှာ cache ရှိရင် user ဆီကို reply ပြန်ပေးပါတယ်...တကယ်လို့ သူ့ဆီမှာမရှိရင် Router (သို့) firewall ကိုလှမ်းမေးပြီးတော့ cache ထုတ်ပေးပါတယ်....တစ်ခါတလေ Router (သို့) Firewall မှာပါမရှိရင် ISP Gateway ကို ဖြတ်ပြီး Internet ဆီမှာတက်ရှာပါတယ်....
ကဲ...အဲဒီသဘောတရားကိုမြင်လွယ်အောင်အောက်ကပုံလေးနဲ့ ကြည့်ကြမယ်
ကျွန်တော် က google ဆီကို trace လုပ်တဲ့အခါမှာ ကျွန်တော့် ရဲ့ စက် PC --> firewall ကနေတဆင့် -->ISP Network ( Frontiir) ကနေတဆင့် external IP တွေကနေတဆင့် google IP ကိုရှာနေတာကိုတွေ့ မြင်နိုင်ပါတယ်....
Network Diagram (1) ကအတိုင်း တစ်ချို့သော network တွေမှာ AD နဲ့ local DNS ရယ်လို့သီးသန့် server တွေနဲ့ရှိသလိုမရှိပဲနဲ့ Firewall ထဲတစ်ခုထဲမှာ DNS တို့ DHCP တို့ကိုပါ All-in-one ပေါင်းထားတဲ့ Network တွေလည်းရှိပါတယ်....ဘယ်လိုပဲဖြစ် ဖြစ် DNS ကိုဒီလောက် သိထားရင်တော့ ရှေ့ဆက် DNS Errorတွေကို နားလည်နိုင်မှာပါ
အခုတစ်ခါကျွန်တော်က network ထဲကစက်တစ်လုံးအနေနဲ့ ( user စက်တစ်လုံးအနေနဲ့) သုံးတဲ့အခါ Computer မှာ IP လည်းရတယ် ( DHCP IP လည်းရတယ်).google ကိုလည်း ping လို့ရတယ်......ဒါပေမယ့်ကျွန်တော်က web browsing လုပ်တဲ့အခါ ဒီလို ကြုံရပါတယ်
error ကတော့ "Err_EMPTY_RESPONSE" ဆိုပြီးပြပါတယ် ..... ဒီ error အတွက်ကို ဖြေရှင်းဖို့ နည်းလမ်းနှစ်ခု ရှိပါတယ်....ပထမတစ်ခုကတော့ ကျွန်တော်တို့ စက်ကနေ ( user side solution) ဖြေရှင်းတဲ့နည်းပါ.....
user side ဘက်က ဖြေရှင်းတဲ့နည်း
ကျွန်တ်ောတို့ဟာ ကျွန်တော်တို့သုံးနေတဲ့စက်မှာ DNS service error တက်ရင်လည်းဒီလိုဖြစ်တတ်ပါတယ်...ဒီလိုဆိုရင်တော့ DNS service ကို restart လုပ်ပါ.....နောက်စ်ခုက Network Interface ကနေ winsock service ကို restart ချပါ
.... ipconfig /flushdns တို့ ipconfig /registerdns တို့ကို admin right နဲ့ run ပေးပါ .... antivirus ကို ခဏပိတ်ထားပေးပါ....
Firewall ဘက်ဖြေရှင်းနည်း
တစ်ခါတလေ..ကျွန်တော်တို့ရဲ့ firewall ကနေ Internet ဘက်ကိုသွားတဲ့ Public IP နဲ့ DNS မှာ DNS service အလုပ်မလုပ်ရင်လည်း ဒီလိုမျိုးဖြစ်တတ်ပါတယ်....အဲဒီအခါမျိုးမှာဆိုရင်တော့ public IP ကို ကိုယ့်စက်နဲ့ တိုက်ရိုက်ထိုးပြီးစမ်းပါ.... DNS တွေကို တစ်ခုချင်းပြောင်းပြီးစမ်းပါ....အောက်က DNS တစ်ခုချင်းစီကိုထည့်စမ်းပါ
Google Public DNS
8.8.8.8
8.8.4.4
Cloudflare DNS
1.1.1.1
1.0.0.1
Quad 9 DNS
9.9.9.9
တစ်ခါတလေကျရင် .... ISP ဘက်က error တက်တဲ့အခါသူတို့ DNS ကို point လုပ်ထားတဲ့ ကျွန် တော်တို့ firewall ကနေ DNS query & response မလုပ်နိုင်တော့ပါ....ဒါဆိုရင် ကျွန်တော်တို့ဟာ WAN Line IP ကို ကိုယ့်စက်နဲ့အရင်ဆုံးစမ်းကြည့်ပါ....DNS တွေကိုပြောင်းပြီးစမ်းကြည့်ပါ....
*** ပြီးခဲ့တဲ့ရက်ပိုင်းက ISP ရဲ့ DNS အလုပ်မလုပ်လို့ cloudflare DNS နဲ့ point လုပ်ပြီး internet ကို Business Continuity Plan အနေနဲ့ သုံးခဲ့ရတာမျိုး ကိုယ်တွေ့ ရှိခဲ့ဖူးပါတယ်...***
အဲဒီလိုမျိုးဆိုရင် firewall ဘက်ကနေ cache management တို့ ....session management တို့ ....DNS management တို့ကိုပြန်လုပ်ပေးမှာသာ ကိုယ့် network ထဲက client တွေက internet ကိုပုံမှန်အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်....
ကိုယ်တွေ့ အတွေ့အကြုံလေးကို ဗဟုသုတရစေဖို့ sharing လုပ်လိုက်ပါတယ်
လေးစားစွာဖြင့်Phyo Sithu




No comments:
Post a Comment