WiFi ကို Long-Range Point-to-Point ပစ်ပြီးသုံးလို့ရတဲ့ Vendor တွေထဲမှာ EnGenius ကလုံး၀ဆရာကျပါတယ်.....EnGenius ဆိုတာကလည်း ကမ္ဘာမှာ မသိတဲ့ Network Engineer မရှိသလောက်နည်း တာဆိုတော့ EnGenius ရဲ့ နည်းပညာတွေကိုလည်းကျွန်တော်တို့အနေနဲ့ အခြေခံပဲဖြစ် ဖြစ်...တီးမိခေါက်မိပဲဖြစ် ဖြစ်သိထားသင့်ပါတယ်
Engenius Website မှာ ( ကျွန်တော်တို့ Asia-Pacific Region) အတွက် Singapore Region ကနေ register လုပ်ရပါမယ်.... သင်ကြားနိုင်မယ့်နည်းလမ်းနှစ်မျိုးရှိပါတယ် ( online self-paced & instructor based)ပါ... ကျွန်တော်တို့သင်ယူမယ့် ENA ( EnGenius Network Associate) self-paced ပါ....
self-paced ြဖစ်တဲ့အတွက် stable Internet ရှိဖို့အပ်ပါတယ်...သင်ယူမယ့် module တွေကို video learning နဲ့ သင်ပေးတာမို့လို့ပါ....သင်ယူရမယ့် modules က အောက်ပါအတိုင်း ၇ ခုရှိပါမယ်
အဲဒီ Module တွေက Wireless Network Engineer တယောက်မသိမဖြစ်တဲ့ concept တွေကိုသင်ပေးမှာပါ ...Network နဲ့ Radio Frequency Fundamentals တွေ.....Wi-Fi ဟာ Protocol တစ်ခုအဖြစ်ဘယ်လိုအလုပ် လုပ်လဲ...Wi-Fi Design & Deploy ဘယ်လိုလုပ်ကြမလဲ..နောက်ပြီး Point-to-Point ကနေ Point-to-Multi Point - Wireless Distribution System အ ကြောင်းတွေ... Hands-on-Setup တွေ... EnGenius Distributed Network Management Solution အကြောင်းတွေ.... Hand on Configuration Switches & AP အကြောင်း တွေ..တော်တော်စုံစုံလင်လင်ပါ၀င်ပါတယ်.....( ** မှတ်ချက်...လိုအပ်ချက်အရ wireless concept တွေပြောင်းလာပါတယ်... ၂၀၁၉ နဲ့ ၂၀၂၀ မတူပါ ...၂၀၂၀ မှာ Wireless MIMO- Multi-Input Multi-Output အကြောင်းပါ upgrade လုပ်လာပါတယ်..)
အဲဒါတွေသင်ပြီးလို့ စာမေးပွဲဖြေလို့ ရပြီလို့ ကိုယ့်ကိုကိုယ်ယုံကြည်ရင် စာမေးပွဲ၀င်ဖြေလို့ရပါပြီ....စာမေးပွဲက ခက်ပါပြီ...၇၀% အမှတ်ရမှအောင်မှာပါ.....စာမေးပွဲအောင်ရင် Certificate ရဖို့စောင့်ရပါတယ်...ကျွန်တော့် တုန်းက ၂ ပတ်ကျော်အထိစောင့်ရပါတယ်...Singapore EnGenius ကနေ အောင်လက်မှတ်ကို Email ပို့ပေး ပါတယ်.....
ကဲ...ဒါဆိုရင် သင်ဟာ EnGenius - Singapore ကအသိအမှတ်ပြုတဲ့ EnGenius Network Associate ( Networking Fundamentals) လက်မှတ်ကိုရရှိပါပြီ... Expire Date ရှိပါတယ်...အောင်လက်မှတ်က ၂ နှစ်သက်တမ်း ရှိပါတယ်...ဒါကြောင့် Re-Certificate လုပ်ဖို့လိုပါတယ်
အခု EnGenius ENA က Self-Paced ပါ ...free တက်ပြီးဖြေလို့ရပါတယ်...ဒါပေမယ့်သင်က နောက်အဆင့် တွေတက်ချင်တယ်ဆိုရင်တော့
အဲဒီလိုတွေသွားနိုင်ပါတယ်....နောက်အဆင့်တွေကတော့ Instructor -Led ဖြစ်သလို fees တွေလည်းရှိပါတယ်.
အချိန်မပေးနိုင်သေးလို့အဆင့်မြင့်တွေထပ်မတက်နိုင်သေးပေမယ့် ENA Course လောက်နဲ့လည်းတချို့ကိစ္စ တွေကလုံလောက်နိုင်ပါသေးတယ်...ဘာပဲပြောပြောအခြေခံပိုင်တဲ့သူဟာ အဆင့်မြင့်ဆိုတာကိုသင်ဖို့ လုံး၀မသင်ထားတဲ့သူထက်တော့သာတယ်မဟုတ်ပါလား..ဗျာ
ကိုဗစ်ကာလမှာအိမ်ထဲမှာပဲနေပြီးအတတ်ပညာအသိပညာတစ်ခုခုတတ်မြောက်တာဟာ အချိန်ကိုအကျိုးရှိအောင် အသုံးချနည်းတစ်ခုပါပဲ...ကဲ..အားလုံးလည်းအချိန်ကိုအကျိုးရှိရှိအသုံးချပြီးအောင်မြင် ကြပါစေ
လေးစားစွာဖြင့်
Phyo Sithu Maung




No comments:
Post a Comment