Friday, November 27, 2020

Windows 10 Install with SD Memory Card

ဖုန်းထဲမှာထည့် တဲ့ SD Memory Card နဲ့ Windows တင်လို့ရသလား....ကဲ..စမ်းကြည့်ကြတာ‌ပေါ့....ဘာတွေလိုမလဲဆိုတော့... 8 GB (အနည်းဆုံး) ဆန့်မယ့်  SD Memory Card ရယ်....USB Card Reader ရယ်.... USB 2.0 & 3.0 ကို bootable support လုပ်ပေးနိုင်မယ့် Laptop လိုပါမယ် ( Laptop က USB Bootable support ဖြစ်ရပါမယ်)

လိုအပ်တာတွေကိုရပြီဆိုတော့.....


ကျွန်တော်တို့ဟာ SD Card ကို USB Card Reader မှာထည့်ပြီး Bootable လုပ်လိုက်ပါတယ််....


ဒါကတော့ ကျွန်တော့် SD Card က bootable မဟုတ်သေးလို့ SD Card ကို Bootable Device ဖြစ်အောင် လုပ် ရတာပါ.... ဒီ bootable ကို GPT ( GUID Partition Table) နဲ့ပဲလုပ်ထားပါတယ်...MBR ( Master Boot Recorder) နဲ့ GPT ဘာကွာလဲဆိုတာကို ဒီ blog မှာ အရင်က ကျွန်တော််််ရေးခဲ့တဲ့ GPT အ ကြောင်းကိုရှာဖတ်နိုင်ပါတယ်..

ကဲ...Bootable Device SD-Card ကို ဖန်တီးပြီးပြီဆိုတော့ ကျွန်တော်တို့က windows တင်မယ့် Laptop ( အဲ ဒီ Laptop ထဲက Windows တင်မယ့် HDD က MBR Partition Style နဲ့ပါ) မှာ SD Card ထည့်ထားတဲ့ USB Card Reader နဲ့ အောက်ကပုံအတိုင်းထိုးပြီး USB Boot တက်လိုက်ပါတယ်

ကဲ...USB Boot တက်လိုက်ပြီဆိုတော့ Windows Logo တွေဘာတွေမြင်လာရပြီပေါ့.....ခုနကပြောခဲ့ပါတယ် Hard Disk က MBR Partition ဖြစ်ပြီး  Bootable က  GPT ဖြစ်ပြီး ကျွန်တော်တို့သုံးမယ့် OS ကလည််း  GPT style HDD ဖြစ်မှကိုရမှာဖြစ်တဲ့အတွက် MBR to GPT ပြောင်းရမှာပါ ( တကယ်လို့ သင့် HDD ထဲမှာ data တွေရှိနေခဲ့ပြီး MBR to GPT ကို data မ ပျက်စေပဲ GPT Partition လိုချင်တယ်ဆိုရင် ကျွန်တော်တို့ ကိုသတိရလိုက်ပါ)....ဒီတော့ GPT Partition အဖြစ် HDD ကို ေအာက်က ပုံအတိုင်း ပြောင်းလိုက်ပါတယ်....

ကဲ... ပြောင်းပြီးပြီ ဆိုတော့ Windows Installation က ပုံ မှန်အတိုင်းပါပဲ 


Reboot  လုပ််််််လို့ windows ပြန်တက်တဲ့အခါ ဒီလိုမြင်ရပါမယ် 

နောက်ပိုင်းအဆင့်ဆင့် ကတော့ ပုံမှန် windows install လုပ်တဲ့အတိုင်းပေါ့.....GPT နဲ့ တင်ထားတဲ့ Windows တိုင်းဟာ windows logo နဲ့မဟုတ််ပဲ..အခုလိုမျိုး OEM ( dell မှာ dell logo နဲ့ မြင်ရသလို...lenovo ဆိုလည််း lenovo logo နဲ့) မြင်ရပါမယ်....

ဘာပဲ ဖြစ် ဖြစ် SD-Card နဲ့ windows တင်လို့ရတယ်ဆိုတဲ့ အကြောင်း ဗဟုသုတရစေရန်‌ရေးသားလိုက်ရပါတယ်...

လေးစားစွာဖြင့်
Phyo Sithu Maung




No comments:

ping script ေလးနဲ့ အထာကျကျကိုယ့် server ေလးတွေအခြေအနေကိုစစ်ကြမယ်....

ပုံမှန်အားဖြင့်ကျွန်တော်တို့ဟာ ping command ကိုအသုံးပြုပြီးတော့ ကိုယ့်စက်ရယ်...ကိုယ့် network ထဲမှာ internet connection ရမရစစ်ဆေးလေ့ရှိကြပါတ...