Internet ဟာလူတွေရဲ့ daily life မှာမရှိမဖြစ်တစ်ခုဖြစ်လာတဲ့အခါမှာ ကိုယ်သုံးနေတဲ့ Windows နဲ့ ကိုယ့်မှာရှိတဲ့ Microsoft Account နှစ်ခုကိုချိတ်ဆက်သုံးမယ်ဆိုရင်အကျိုးရှိတာတွေကတော့အများကြီးပါ ... Apple Account ရှိရင် IOS devices တွေကို device manage & administration လုပ်လို့ရသလိုမျိုး functions တွေကို Microsoft Account သုံးထားတဲ့ Windows 10 တိုင်းမှာရပါပြီ...ကျွန်တော်က windows 10 21H1 version ( 2021 june update ထုတ် version ကိုသုံးထားပါတယ်)
Microsoft Account ဆိုတာ...?
hotmail account တို့ outlook account တို့ ရှိတယ်ဆိုရင် microsoft account တခုရှိတယ်လို့ပြောလို့ရပါတယ်...မရှိသေးရင်လည်း outlook.com မှာသွားလုပ်လို့ရပါတယ်....free account တစ်ခုလုပ်လို့ရပါတယ် ( ဟိုးအရင်တုန်းက hotmail တို့....AOL mail တို့...Yahoo mail တို့ဆိုတာ မြန်မာပြည်မှာလုပ်ရတာအတော်လေးခက်ပါတယ်)...အဲဒီ account တွေက email သုံးဖို့တခုတည်းမဟုတ်ပါဘူး...တခြား သုံးလို့ရတာတွေလည်းရှိပါတယ်...
Microsoft Account နဲ့ဘာတွေသုံးလို့ရလဲ?
Microsoft Account တစ်ခုရှိဆိုတာ Microsoft Services တွေဖြစ်တဲ့ Skype တို့ ...အခု Video conference လုပ်နေတဲ့ Microsoft Teams တို့ .... One Drive တို့.... Microsoft Websites တို့...နောက်ဆုံး Microsoft
account ကိုသင်သုံးနေတဲ့ windows 10 မှာထည့် ထားပြီးသုံးမယ်ဆိုရင် iphone ကို Apple Account သုံးသလိုမျိုး device administration and management လုပ်လို့ရနိုင်ပါတယ်...
အခု post မှာတော့ Device Administration & management ကိုပြောသွားမှာဖြစ်ပါတယ်.... ခုနကလိုမျိုးကျွန်တော် ကျွန်တော်ရဲ့ Microsoft account နဲ့ ကျွန်တော့် windows ကိုချိတ်ထားလိုက်ပါတယ်.....
အဲဒီတော့ windows ရဲ့ control panel ထဲမှာ ဒီလိုလေးမြင်နေရပါမယ်
အိုကေ..ဆိုတော့ ကျွန်တော်က ကျွန်တော့် Microsoft Account ကို ကျွန်တော်သုံးနေတဲ့ windows နဲ့ ချိတ်ထားလို့ဒီလိုမြင်ရတာပါ...ဆိုတော့ windows update ကိုလည်းအေးဆေးလုပ်လို့ရမယ်....အခြား service တွေကိုလည်းဘာတွေထူးထူးခြားခြားသုံးလို့ရမလဲ..ဆက်ကြည့်ကြမယ်
ဆိုတော့ taskbar က mail icon လေးထဲကို၀င်ကြည့်မယ်
ကျွန်တော့်ရဲ့ Microsoft Email ထဲက mail တွေကို ဘာမှလုပ်စရာမလိုပဲတန်းပြီးဖတ်နိုင်ပါပြီ... ကဲ..နောက်တခု
ကဲ... အခုနောက်ပိုင်း Work From home သမားတွေ မရှိမဖြစ်သုံးနေတဲ့ Microsoft Team ကိုလည်း ( Microsoft Account ကိုထည့်သုံးရုံပါပဲ) သုံးနိုင်ပြီလေ...ဒါမှမဟုတ်ဘူး...သင်က Skype မှ Skype ကိုပဲသုံးချင်တယ်ဆိုရင်လည်း ....windows ထဲမှာ default ပါတဲ့ Skype ထဲကို သင့် Microsoft Account လေးပဲ add လုပ်ပြီးသုံးရုံပဲ
ဒါလေးတွေပဲလား... Apple iphone တွေမှာ itunes account ရှိတယ်ဆိုရင် Apple App Store ကနေ Application တွေကို download ဆွဲလို့ရတယ်မဟုတ်လား....အဲလိုပဲ Microsoft Account ရှိတယ်ဆိုရင် Microsoft Store ကနေ ကိုယ့် windows မှာသုံးချင်တဲ့ windows app လေးတွေကိုဆွဲလို့ရတယ်
ကဲ..နမူနာလေးတခုဆိုရင် ..... Microsoft Store ကို ၀င်လိုက်ပါတယ်....ကဲတွေ့တယ်နော်...Tik Tok တို့လိုမျိုး Top download App တွေကော..အခြား App တွေ ရော..မြင်ရပါမယ်...
ကျွန်တော်က python ဆိုပြီးရှာလိုက်တဲ့အခါ windows store ထဲမှာရှိတဲ့ python app တွေ တွေ့ရပါပြီ.
ကဲ..လိုချင်တာကို Get လုပ်လိုက်ရုံပဲ... အဆင်ပြေတယ်ဟုတ်.... ဒါတင်မကသေးပဲ iphone တွေမှာပါတဲ့ Find my iphone လို function မျိုးလည်း Microsoft Account+ Windows မှာသုံးလို့ရသေးတယ်ဗျ
အဲတာဆိုရင် ကျွန်တော့် PC လေးကို ဘယ်နားရောက်နေလဲဆိုတာကိုတန်းသိနိုင်ပါပြီ....
နောက်ထပ်အရေးအကြီးဆုံးတစ်ခု ... ဟိုးအရင်တုန်းက ကျွန်တော်တို့ဟာ windows တင်မယ်ဆိုရင် user တွေရဲ့ profile တွေဖြစ်တဲ့ desktop တို့..document တို့ download တို့ထဲက data တွေကို Drive D:( windows ကို C: - system ပိုင်းနဲ့ Drive D ဆိုပြီးများသောအားဖြင့်နှစ်ပိုင်းပိုင်းလေ့ရှိကြပါတယ်) ..ဒါမှမဟုတ်ရင် External Storage ထဲမှာသွားထည့်လေ့ရှိတယ်...ပြီးတော့ မှ windows ပြန်တင်ပေါ့....
အဲလိုလုပ်ဖို့အချိန်လည်းကြာတယ်.....တခါတလေ user က profile data တွေအများကြီးဆိုရင် ထိုင်သာစောင့်ပေတော့...ဒါပေမယ့်သင်က သင့် windows မှာ Microsoft Account ထည့်ထားမယ်ဆိုရင် ဒီကိစ္စကအဆင်ပြေသွားပါလိမ့်မယ်
ကျွန်တော့် desktop မှာ post ဆိုတဲ့ folder ရှိတယ် (အလုပ်နဲ့ပတ်သက့် folder လို့ပဲထားပါ) .... folder အောက်စွယ်မှာအမှန် ခြစ်လေးကိုတွေ့ရပါမယ်...အဲတာက Microsoft Cloud ( One Drive လို့ သိကြပါတယ်) ထဲကို sync လုပ်ထားတာပါ...ကိုယ်လုပ်သမျှပြင်သမျှ ကို online ရှိရင် one drive ထဲမှာ တခါတည်းသိမ်းသွားပါတယ်
ကျွန်တော်ရဲ့ desktop က data တွေကို one drive ထဲမှာရောက်နေတာကိုတွေ့ရပါပြီ...ဒီတော့ ကွှန်တော်က windows တင်ခါနီးမှ data back ဆိုပြီးအချိန်သပ်သပ်ယူပြီးလုပ်စရာမလိုတော့ဘူး... online ရှိနေရင် သူ့ဘာသာ one drive ထဲကိုသိမ်းသွားပါမယ်...windows တင်လည်း တင်လိုက်...ပြီးတော့ windows ကို account ပြန်ချိန်လိုက်ရင် တခါတည်း ကိစ္စပြီးရောဗျ....
** ဒီနေရာမှာ subscription တွေ၀ယ်ထားရင် storage ပမာဏတွေကိုပိုများများရမှာပါ...ကျွန်တော်က 5GB လောက်ပဲရတာက subscription မတိုးရသေးလို့ပါ ***
ကဲ..နောက်ဆုံးက office 365 ကို subscription fee ပေးပြီးသုံးလို့ရမယ်ဗျာ...အဲဒီအပိုင်းကတော့ နောက်တော့ မှပဲသပ်သပ်ထပ်ရေးပါတော့မယ်....အားလုံးပဲပညာဗဟုသုတကြွယ်၀တိုးတက်ကြပါစေ...
လေးစားစွာဖြင့်
Phyo Sithu
No comments:
Post a Comment